လှမ်းလာခဲ့ပါမိတ်ဆွေ

Words
97
Reading
1 min
Listen
Play
9y

အညာကျေးလက် ဒေသလေးများက အများအဖြင့် သာသာယာယာရှိကြပေသည်။ အေးချမ်းမှုအပေါင်း ခညောင်းပြည့်စုံလေ့ရှိကြသည် ။ ကျနော်တို့ရွာအဝင်လမ်းတွင် ကျွန်းပင်းများ လမ်း၏တစ်ဖက်တစ်ချက်မှာ ဝေဝေဆာဆာပေါက်ရောက်နေကြသည်။ အေကရစ်ပန်းပင်များမှာလည်း ပန်းပွင့်ချိန်ဆို ကြည့်လို့မဝအောင် လှပတင့်တယ်နေသည်။ ရွာရဲ့အဝင်တွင် ကျေးလက်ကျန်းမာရေးဌာနကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုကျေးလက်ကျန်မာရေးဆေးခန်းသည် ရွာသူရွာသားအားလုံး၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေခြင်းဖြစ်ပါသည်။ ထိုဆေးခန်းအလွန်တွင် ရွာ
သူရွာသားအားလုံးကိုးကွယ်သော ဘုရားတစ်ဆူနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို မြင်တွေ့ရမည်ဖြစ်သည်။ ဘုန်းကြီးကျောင်းဝိုင်းအတွင်း သနပ်ခါးပင်များ တမာပင်များ ခရေပင်များ နဲ့ သစ်ရိပ်အာဝသကောင်းလှပေသည်။ ကျနော်တို့သည် နွေရာသီရောက်တိုင်းသစ်ရိပ်များအောက်တွင် လင့်ထိုးကာ အေးအေးလူလူနေထိုင်ကြလေ့ရှိသည်။
အပူအပင်ကင်းမဲ့ကာ အလိမ်အညာကင်းသော တောသားတစ်ယောက်ဖြစ်ရတာ အလွန်ပင်ဂုဏ်ယူမိသည် ။ ကျေးလက်တောရွာတို့၏သဘာဝအရ နံနက်စောစောအချိန် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံကို ကျက်သရေရှိရှိကြားရပါသည်။ ထိုအုန်းမောင်းခေါက်သံကြားသော် ရွာသာရွာသားတို့ နံနက်အိပ်ရာထ မျက်နှာသစ်ကာ နွားကျွေးတဲ့လူကကျွေး ထမင်းဟင်းချက်တဲ့သူကချက်ကာ တစ်ရွာလုံးဆူညံနေတော့သည်။ နံနက်စာစားသောက်ပြီးတဲ့အခါ ယာတောထဲသို့ကိုယ်စီထွက်ခွာကြရသည် ။ရွာသူရွာသားတို့၏ တောသဘာဝ လုပ်ဆောင်ပုံတွေကိုလည်း မြင်တွေ့နိုင်ပါသည်။ ဘုရားကိုးဆူ ထုံးဖြူဖြူနဲ့ ရေကန်ကိုးကန် စမ်းကိုးစမ်း မန်ကျီးကိုးပင် တောင်ကိုးလုံး နဲ့ ရှေးဟောင်းသမိုင်းဝင်တောရကျောင်းကြီးကိုလည်း ဝင်ရောက်လေ့လာ ဖူးမျှော်နိုင်ပါသည်။ ယခုအချိန် နွေပေါက်ခါနီးချိန်ဆိုရင် ပင်လက်ပံပေါ်မှ လက်ပံပွင့်နီနီရဲရဲတို့ကျဆင်းနေတာကိုလည်း မြင်တွေ့နိုင်သည်။ ညနေဆည်းဆာအချိန် နေလုံးကွယ်ပျောက်ပုံကိုလည်း မြင်တွေ့နိုင်ပါသေးသည်။ ထို့သို့အေးချမ်းပျော်ရွှင်ဖွယ်ရာကောင်းသော ကျနော်တို့ရွာကလေးကို တစ်ခေါက်တစ်ခါ အလည်လာဖို့ ဖိတ်ခေါ်အပ်ပါတယ် ။ ။ image
kyawwintun@kyawwintun
crd:photo by facebook
fb:Nay Min Kha
msc လျှောက်ထားဆဲ

လှမ်းလာခဲ့ပါမိတ်ဆွေ | Ecency