ကျနော်တို့ မြန်မာလူမျိုး အများစုမှာ စည်းစနစ်ကျမှု ရိုသေလေးစားမှု လိုက်နာကျင့်သုံးမှုတွေ အလွန်ကို အားနည်းလျက်ရှိကြတယ် အထူးသဖြင့် စည်းကမ်းလိုက်နာမှုမရှိ ကြသည်ကို တွေ့မြင်ကြရပေမည်
ဥပမာအနေဖြင့်- လမ်းပြင်ဖို့အတွက် ဘေးဘီဝဲယာနှစ်ဖက်မှာ ကျောက်ခဲကြမ်းကြီးတွေကို ချထားကြတယ်
အဲလမ်းရဲ့ ထိပ်နှစ်ဖက်ကို ကြိုးနဲ့တားထားပြီး ရှေ့မှာလည်း 'သတိ လမ်းပြင်နေသည် လမ်းလွှဲမောင်းပါ'ဟုရေးထားသည့် ဆိုင်းပုဒ်ကိုလည်း ထောင်ထားကြသေးတယ် အဲတာကို တချို့လူတွေက ကြိုးကိုအပေါ်တင်ပြီး ကြိုးအောက်ကနေသွားတဲ့လူတွေက သွားကြ တချို့ဆို ကြိုးကိုဖြုတ်ပြီး ပြန်ချည်မသွားကြတာကို စိတ်မကောင်းစွာ မြင်တွေ့ရတယ် စည်းကမ်းမရှိ လိုက်နာကျင့်သုံးမှုတွေ အားနည်းတာတွေကို မြင့်တွေ့ရတယ် ထို့ကြောင့် myanmar steemit မိသားစု အဖွဲ့ဝင်များအနေဖြင့်လည် စနစ်တကျ စည်းစနစ် စည်းကမ်းရှိစွာ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် နောင်လာနောက်သားအပေါင်းတို့ အတုယူစေကြရန် တိုက်တွန်း နိုးဆော်အပ်ပါသည် ခင်ဗျား