တစ်ပတ်တာတွေးမိသော ဒသာနများ

Words
98
Reading
1 min
Listen
Play
8y

image
image source
လမ်းဆိုတာ လျှောက်ဖို့အတွက်ပါ။ရပ်လို့ရတယ်။
နားလို့ရတယ်။ခေတ္တပေါ့။ဒါပေမဲ့ ဆက်မလျှောက်ဘဲ ရပ်တန့်နေလို့တော့မရဘူး။ဘဝဆိုတာ ပြိုင်ပွဲတစ်ခုပဲ့။
သွားနေတဲ့လူ ၊ပြေးနေတဲ့လူက သာမှာပဲ့။ရပ်တန့်နေရင်ဘိတ်ဆုံးမှာ ကျန်ခဲ့လိမ့်မယ်။ဒါကြောင့် ဘဝလမ်းမကြီးမှာ လျှောက်နေဖို့လိုတယ်၊ပြေးသင့်လျှင်ပြေးရမယ်။တာထွက်ကတည်းက တရွှတ်ထိုးပြေးခဲ့မယ်ဆို အဆုံးထိ ဆက်ပြေးနိုင်ဖို့တော့ လိုလိမ့်မယ်၊လမ်းတစ်ဝက်မှာ အမောဆို့ပြီး ဆက်မပြေးနိုင်လို့ ရပ်တန့်လိုက်ရတာမျိုးဖြစ်လို့မရဘူး။ဒါကြောင့် ပြေးသင့်ရင်ပြေး၊နှေးသင့်ရင်နှေး၊အခြေအနေ အချိန်အခါကို မလွတ်တမ်းစောင့်ကြည့် အကဲခတ်
ရင်း ပန်းတိုင်ဆီသို့ လှမ်းနိုင်ကြရမည်။
လူဆိုတာ မျှော်လင့်ချက်နဲ့မျော်မှန်းချက် ရှိရမည်။မျှော်လင့်ချက်ရှိတာဟာ ကောင်းတယ်။မျှော်လင့်ချက်ဟာ သေအံ့ဆဲဆဲလူတစ်ယောက်ကိုတောင် အသက်ဆက်ရှင်စေနိုင်တယ်။မျှော်လင့်ချက် ရှိနေသမျှ ပန်းတိုင်ဆိုတာရှိတယ်။ဆက်လျှောက်ဖို့ ခွန်အားတွေရှိတယ်။မျှော်လင့်ချက်၊မျှော်မှန်းချက် မရှိတဲ့လူကတော့ ရှိရင်းစွဲ ဘဝမှာ ရပ်တန့်နေမှာပဲ့၊နဂိုထက်တောင် ကျချင်သွားနိုင်တယ်။ဒါကြောင့် မျှော်လင့်ချက်ရှိရမည်။မျှော်
မှန်းချက်ရှိရမယ်။တိကျတဲ့ ပန်းတိုင်တစ်ခုရှိရမယ်။ဇွဲ၊လုံ့လ၊လည်း ရှိရမယ်။ဒါတွေ ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့နေ့ အောင်မြင်မယ်ဆိုတာ မလွဲဧကန်ပါပဲ့။မှန်ကန်တဲ့လမ်းကြောင်းကနေ လျှောက်ဖို့လည်း လိုအပ်တာပေါ့။
ကျွန်ုပ်တို့ဟာ YES OR NO ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ လိုအပ်တယ်။စီမံခန့်ခွဲနိုင်ရမည်။အမြဲတမ်း NO
ကို လက်ကိုင်ထားလို့ မရသလို YESကိုလည်း အမြဲသုံး
နေလို့မရဘူး။ငြင်းဆန်သင့်တဲ့နေရာ ငြင်းဆန်ကြပြီး
ခေါင်းညိတ်သင့်တဲ့အခါ ခေါင်းညိတ်ရမည်။မလိုအပ်တဲ့အရာတွေကို NO နဲ့ ပိတ်ပင်ပစ်ရမယ်။လိုအပ်တဲ့နေရာ
မှာတော့ YES ကို ဖောဖောသီသီသုံးပစ်တတ်ရမည်။
အောင်မြင်တဲ့လူတွေဟာ NO ကို များများသုံးကြတယ်။
ဘာမဟုတ်တဲ့ အချိန်ကုန်တဲ့နေရာတွေမှာပေါ့။ကျွန်ုပ်တို့
ဟာ YES နဲ့NO ကိုမှန်ကန်စွာ စီမံမခန့်ခွဲနိုင်သရွေ့ ရှေ့ဆက်လျှောက်ဖို့ လမ်းမှာ ကြန့်ကြာနေကြဦးမှာပါပဲ့။
image
image source
*လေးစားစွာဖြင့်
*နွေဦးသစ်
**kyawthuyein@kyawthuyein
*MSC-252

တစ်ပတ်တာတွေးမိသော ဒသာနများ | Ecency