ဂေါ်ရန်ဂျီကျွန်းကိုဘယ်လိုသွားမလည်း

Words
47
Reading
1 min
Listen
Play
8y

ယခုရာသီသည် မိုးသားကင်းစင်ပြီး သာယာသော နွေဦးတပေါင်း ရာသီရောက်နေပြီ ဖြစ်ပါသည်။ယနေ့ဆိုလျှင် သာယာသောတပေါင်းလပြည့်နေပင် တိုင်ခဲ့ပြီဖြစ်သည်။ မကြာမှီမြန်မာရိုးရာပွဲတော်ဖြစ်သော သြင်္ကန်ပွဲတော်
ကျင်းပစဉ်နွဲရန်အချိန်တစ်လခန့်သာလိုပါတော့သည်။

ယခုရာသီတွင်မိတ်ဆွေတို့အပျော်ခရီးထွက်ရန်အကောင်းဆုံးကာလဖြစ်ပါသည်။ကျွန်တော့်မိတ်ဆွေသူငယ်ချင်များအပန်းဖြေခရီး ထွက်ရန်ရွေးချယ်စရာနေရာ များစွာရှိပါသည် ။ ထိုနေရာများစွာထဲမှာကျွန်တော်ပြောပြချင်တဲ့နေရာလေးကတော့ ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်မှာတည်ရှိတဲ့ ဂေါ်ရန်ဂျီ ကျွန်းဘဲဖြစ်ပါတယ်။ ဂေါ်ရန်ဂျီ ကျွန်းဟာဆိုရင် ၂၀၁၄ - ၂၀၁၅ ခုနှစ်လောက်မှာစတင်လူသိများခဲ့ပြီး အရင်ခေတ်တွေကသွားလာရအလွန်ခက်ခဲသောနေရာတစ်ခုဖြစ်ခဲ့ပါသည်
IMG_20190210_175403.jpg
ယခုဆိုလျှင်တော့ သွားလာရအတော်လွယ်ကူခဲ့ပါပြီ။ ရေလမ်းခရီးလုံးဝမသွားချင်သော မိတ်ဆွေများအတွက်လည်းအဆင်ပြေသော ကားသွားလမ်း ရှိနေပါပြီ။ ရန်ကုန်မြို့မှတိုက်ရိုက်ကားများရှိပြီ ထိုတိုက်ရိုက်ကားများသည် ညဘက်သွားသောကားများဖြစ်၍
ပုသိမ် ငရုတ်ကောင်းလမ်းသည် တောင်ပေါ်လမ်းဖြစ်၍ အန္တရာယ်အနည်းငယ်ရှိပါသည် ။ထိုကြောင့် ပုသိမ်မြို့မှနေ့လည်ဘက်သွားသော ကားများစီးရန် စာရေးသူအကြံပြုလိုပါသည်

IMG_20190210_175937.jpg

kyawthuhein@kyawthuhein
MSC 260

ဂေါ်ရန်ဂျီကျွန်းကိုဘယ်လိုသွားမလည်း | Ecency