စာဖတ်ကြပါစို့

Words
127
Reading
1 min
9y
Listen to this post
~1 min
  • ကျွန်တော်တို့အားလုံး စာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့ဘဝ တိုးတက်အောင်စာဖတ်ကြဖို့လိုပါပြီ။

  • ကျွန်တော်တို့ အားလုံးစာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့ ကျွန်တော်တို့စာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့ အနာဂတ်မှာ အောင်မြင်ဖို့ စာဖတ်ဖို့ လိုပါပြီ။

20-35-26-ငါ့ညီပြောင်ဝင်း+၁.jpg

  • ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးနည်းပညာထွန်းကားတဲ့နိုင်ငံတွေတောင် အားလပ်တဲ့အချိန်မှာ စာဖတ်ကြပါတယ် ( ဥပမာ - Bus ကားစီးတဲ့အချိန်တွေကို အကျိုးရှိအောင်လုပ်ဆောင်ကြပါတယ် )။

20-32-02-Reading.jpg

  • စာမတတ်သူပပျောက်ရေးလုပ်သကဲ့သို့ စာမဖတ်သူပပျောက်ရေးကိုလည်းလုပ်ဖို့ အချိန်တန်ပြီလို့ ထင်ပါသည်။

  • စာတတ်သူတိုင်း စာဖတ်စေချင်ပါသည်။

  • အောင်မြင်မူရရှိသူတိုင်းက စာဖတ်ကြပါတယ်။

  • စာမဖတ်တဲ့သူတိုင်းက အောင်မြင်မှုရမည်မဟုတ်ပါ။

20-32-49-reading.jpg

  • အခုဆိုရင် မြန်မာစာပေတိုးတက်ရေးအတွက် လူပ်ရှားနေတဲ့ Steemit ကြီးမှာ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားများမှာ မြန်မာစာပေတိုးတက်ရေးကို ရှေးရှုပြီးလုပ်ဆောင်နေကြပါပြီ။

  • Steemit ကြီးကိုလဲ အရမ်းကျေးဇူးတင်ပါတယ် ဒီလို Steemit ပေါ်ပေါက်လာခဲ့တဲ့အတွက် ကျွန်တော်တို့တွေ စာပေနဲ့ မစိမ်းကြတော့ပါဘူး တစ်ချို့ဆိုရင် စာရေးဆရာလို့ခေါ်ရလောက်အောင် အရေးအသားတွေ ပြောင်မြောက်နေကြပါပြီ။

  • Steem ကြီးက ငွေရတယ်ဆိုတော့အခုဆိုရင် လူငယ်တွေတောင် စာဖတ်ချင်စိတ် စာရေးချင်စိတ်တွေ ဖြစ်ပေါ်နေကြ
    ပါပြီ။Steem ကြီးက စာရေးမှ ငွေရတာမဟုတ် စီးပွားရေးဆန်ဆန် အသုံးချတဲ့သူတွေလဲရှိပါတယ်။" သုံးတက်ရင် ဆေး မသုံးတက်ရင် ဘေး" ဆိုသလို အခုလို မြန်မာစာပေကို တိုးတက်အောင်လုပ်ဆောင်
    ကြတဲ့အတွက် အားဆေးတစ်ခွက်ပါ။

20-33-03-baby.png

  • လူငယ်​တို့၏ဘဝတွေကို ပညာနှင့်​ ကိုယ်​ကျင့်​တရား​ကောင်းမွန်​​စေရန် စိတ်​အားထက်​သန်​​လေ့ရှိ​သော ဆရာကြီးဦး​အောင်​သင်း၏ အမှာစကားက " ဘယ်​သူ​တွေ ဘာ​ပြော​နေ​နေ မင်းကိုမင်းချစ်​ရင်​ ပညာသင်​ပါ၊စာဖတ်​ပါ။မိဘကိုချစ်​ရင်​ ပညာသင်​ပါ ၊ စာဖတ်​ပါ။တိုင်းပြည်​နဲ့လူမျိုးကိုချစ်​ရင်​ ပညာသင်​ပါ ၊ စာဖတ်​ပါ" လို့ ပြောခဲ့ပါတယ်။

  • စာမဖတ်သောသူသည် တွင်းတူးသူနှင့်တူ၍ စာပေ၌မွေ့လျော်သူသည် တံတိုင်းစီသူနှင့်တူသည်။အစပိုင်းတွင် မြေပြင်တစ်ညီတည်းတွင်ပင် ရှိနေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စာမဖတ်သူမှာ ပို၍အောက်ခြေသို့နိမ့်ကျလာပြီး စာဖတ်သူမှာအထက်သို့ တဖြည်းဖြည်း တက်သွားကြမည်။

20-34-25-images.jpg

  • ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
  • အောက်ခြေရောက်အောင် နိမ့်ကျခံမလား။
  • အထက်သို့ တက်သွားချင်သလား။ ( မိမိတို့ကိုယ်တိုင်စဉ်းစားကြပါကုန်)။
  • အထက်သို့တက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့စာဖတ်ကြရပါမယ်။
  • ကျွန်တော်တို့အားလုံး စာဖတ်ကြပါစို့။

Writing by kyawmyoaung@kyawmyoaung

Photo by Google

DQmRKgYYp1TzWmvqtnfbMSLZQSgUXinUxqyHyd39HZ8j7gx.gif

MSU - 039
IMG_20180424_144257.jpg

စာဖတ်ကြပါစို့ | Ecency