Author of this content has low reputation.

နှစ် ဘဝ စံ

Words
253
Reading
2 min
Listen
Play
9y

image

ခင်ဗျားတို့ တစ်တွေသိကြလား လူတွေတော်တော်များများပြောကြတယ် လူတိုင်းစိတ်ညစ်စရာတစ်ခုမဟုတ်တစ်ခုတော့ရှိ ကြတာပါဘဲတဲ့ ဟုတ်တယ်ဗျ ကျွန်တော်လဲရှိတာပေါ့ ခင်ဗျားတို့လဲ ရှိကိုရှိလိမ့်မယ် ကျွန်တော်မသိဘူး။

ဟုတ်ပီ ခင်ဗျား စိတ်ညစ်ရင်ဘာလုပ်လဲ တစ်ချက်လောက်ပြောပြပေးပါ့လား ကျွန်တော်ကတော့ နှစ်ဘဝ စံမို့ ခင်ဗျားစိတ်တော့မသိဘူးဗျ တကယ်မသိတာပါဗျာ ခင်ဗျားပြောပြတောင် ကျွန်တော် သေချာသိချင်မှ သိမှာ ဘာလို့လဲ ခင်ဗျားသိလား ကျွန်တော်ဗျာ နှစ်ဘဝစံလို့ပြောတယ် ခင်ဗျား ကျွန်တော့်ကိုအရူး လို့ထင်ချင်ထင်မယ်
ဒါကခင်ဗျားမမှားပါဘူး ခင်ဗျားလုပ်ပိုင်ခွင့်လေ။ ခင်ဗျားတစ်ခုတော့မှားတယ် ဘာမှန်းမသိဘဲ အဲ့လိုပြောခဲ့လို့ဘဲ ။ ခင်ဗျားရောကျွန်တော် ရော ကို့ဘဝနဲ့ကိုဘဲ မှန်တယ် ကျွန်တော်မငြင်းဘူး အဲ့ဒါက ခင်ဗျားပျော်ရင် ကျွန်တော်ငိုချင်ငိုနေရမယ်
ခင်ဗျားငိုရင်ကျွန်တော် ရယ်ချင်ရယ်နေရမယ်။ဒါကသာမန်အတွေးကိုးဗျ။

ဆက်လာပီ နှစ်ဘဝစံ တစ်ကယ်တော့ ထူးခြားတဲ့စကားလုံးတစ်ခုပါ လူတစ်ယောက်က နှစ်ဘဝစံ စရာရှိမလား မရှိဘူးလား ရှိကိုရှိတယ်ဗျ အသေချာကိုရှိနေတာ ဥပမာလေးက ကျွန်တော့်အကြောင်းနဲ့စမယ်။

ကျွန်တော်ဟာ သာမန်လူတစ်ယောက်ပါဘဲ နှစ်ဘဝစံ ဆိုလို့လျှောက်မတွေူနဲ့ အထက်လမ်း ပညာလဲ မတတ်သလို အောက်လမ်းပညာလဲမတတ်ပါဘူး ။သို့သော် နှစ်ဘဝ စံနေရတယ်အဲ့ဒီအရာက. . . . . . . . . . . . . . . .

ကျွန်တော် လဲ လူဘဲ ပျော်တတ်တယ် ဝမ်းနည်းတတ်တယ် အဲ့နှစ်ခုနဲ့ဘဲစမယ် ကျွန်တော့်စိတ်ရင်းခံဘဲ အားနည်း ခဲ့သလားမသိဘူး သိမ်ငယ်စိတ်ကတော့ မွေးမြူစရာမလိုဘဲ အမြဲကြီးထွားနေနတယ် ရေလဲမလောင်းရ ပေါင်းလဲမသင်ရ မြက်လဲမနှုတ်ရပေါ့ဗျာ ဆိုးတယ်ဗျ တော်တော် ကို့ဆိုးတာ ကျွန်တော် အင်တာနက် ဆိုတဲ့အရာကြီးကိုစသိစ ကကျွန်တော်ဟာအထီးကျန်ဆန်တဲ့
ကောင်လေးတစ်ယောက်ဗျ ကျွန်တော်အင်တာနက်ကိုစသိစက chatting ထိုင်လို့ရတယ် လို့ဘဲသိခဲ့တာ mdy မှာ တစ်နာရီ 500 ကျပ်နဲ့ စုတ်ပြတ်သတ်နေတဲ့ အင်တာနက်လိုင်းကို စသုံးချိန်ပေါ့ဗျာ ကျွန်တော် နဲ့computer ဆိုတာ လားလားမှ မသက်ဆိုင်ဘူး ကျွန်တော့်ဘဝက တစ်ခုတည်းဖြစ်နေစဉ်ကပေါ့ ကျွန်တော် Computer Basice လဲမတက်ဖူးတော့စာတောင် မရိုက်တတ်ဘူး တွေးကြည့် အတော်ကိုဆိုးဆိုး ဝါးဝါးပါဘဲ ဆိုင်ကကောင်လေးအကူညီတောင်းပီး gtalk မှာ chatting ထိုင်ရတာပေါ့ဗျာ acc ကိုသူငယ်ချင်းဆီက 3000ks နဲ့ဝယ်သုံးရတာ အဲ့မှာစ ပီ ဒုတိယဘဝ။

ကျွန်တော်အပြင်မှာ မမြင် မတွေ့ရတဲ့သူတေနဲ့ စကားစပြောရပီလေ မမြင်မတွေ့ဖူးပေမဲ့စကားပြောလို့တော့ကောင်းသားဗျ သူ့စိတ်ကိုမသိ ကို့စိတ်သူမသိကိုး အဆိုးတွေလဲရှိသလိုအကောင်း တွေလဲရှိတာပေါ့ အဲ့မှာကျွန်တော်နဲ့ထင်သွားတာ အမတစ်ယောက်ဗျ အပြင်မှာလဲလူချင်းတွေ့ဖြစ်တယ်ပေါ့ဗျာ သူကျ သူ့ဘဝနဲ့သူ နော် ကျွန်တော့်ကို online မှာ ဆက်ဆံပုံ ကသူ့အပြင်ကဘဝနဲ့ တစ်ထေ့ရာထဲဘဲ အတော်ရှားပါးတယ်လို့မြင်မိတယ် ခုမှပါ။ ဆိုတော့ သူတို့နဲ့ သွားသွားလာလာတေရှိလာတယ် သူ့သူငယ်ချင်းတေနဲ့မိတ်ဆက်ပေးပီးခင်ကုန်ပီလေ
အတော့်ကို ခင်ဖို့ကောင်းတာပါသူဘဝ လေးကိုက နှစ်လိုဖွယ်ကောင်းတာမျိုး သူပိုင်တာ ဘဝတစ်ခုထဲပါ။

ကျွန်တော်ဖောက်ပီ ကျွန်တော့်ပြင်ပဘဝကကြမ်းတမ်းတယ် ဗျ ကျွန်တော် အင်တာနက်သုံးတယ် လို့ကျွန်တော့်ပြင်ပ ဘဝကလူတေကိုပြောပြရင်မယုံကြဘူးကျွန်တော့်နေထိုင်ပုံပညာအရည်ချင်းကြည့်ပီးဆုံးဖြတ်ကြတယ် ယခင်ကပေါ့အခုတော့အဲ့လိုမရှိသလောက်ပျောက်သွားပါပီ ကျွန်တော် နစ်ဘဝစံရ ပီလေ။

ကျွန်တော်ဟာ ကာယညာဏ အသုံးပြုပီးလုပ်ဆောင်ရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ် ဒါ့ကြောင့်လဲ အဆင်မပြေမှုကပိုများနေတတ်တယ် ပြင်ပဘဝမှာပျော်ပျော်နော်သော်လဲကျွန်တော်မပျော်ဘူး။အမြဲတမ်းနီးနီးပေါ့
တစ်ရက် 1000 ဘဲရချိန် အင်တာနက် တစ်နာရီ 500 နေ့တိုင်းမသုံးနိုင်ပေမဲ့ တစ်ပါတ်နှစ်ရက်တော့ရောက်တယ်ဒါက ဒုတိယဘဝ ကိုအစပျိုးနေခဲ့မိတာ ကျွန်တော်မသိဘူး။
ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတော့ကျွန်တော်သတိထားမိလာတယ် ကျွန်တော် စိတ်ညစ်တိုင်းရောက်တဲ့ နေရာဟာ internet shop တကယ်ဗျ ဘာလို့လဲဆိုတော့ ကျွန်တော် အပြင်မှာ စိတ်ညစ်သမျှ online ကသူငယ်ချင်းတွေပြောပြ အားပေးကြလူချင်းမမြင်ဖူးတာဘဲရှိတယ် မိသားစုထက်ပိုနွေးထွေးခဲ့တာတွေပေါ့
ကျွန်တော် အဲ့မှာ ဘဝနှစ်ခုကြားကိုရောက်ခဲ့တာဘဲ ပြင်ပလက်တွေ့ ဘဝမှာ စိတ်ညစ် နေရသော်လည်း online က အရိပ်ယောင်ဘဝမှာတော့ပျော်ရွှင်ခဲ့ရတယ် မမြင်ရပေမယ့် ချစ်တယ် သူငယ်ချင်းတွေကို ကျွန်တော်က နှစ်ဘဝစံပါ တကယ့်နစ်ဘဝစံပါ . . . . . . . . .

Author- Kyaw Ko Htet
MSC-227

နှစ် ဘဝ စံ | Ecency