Author of this content has low reputation.

လူ့ မနော

Words
259
Reading
2 min
Listen
Play
9y

image
မမြင်ရတဲ့စိတ်ဟာ လူတစ်ယောက်က လူတစ်ယောက်ကို ကြိမ်ဖန်များစွာ ကျရှုံးစေနိုင်သလို ကြိမ်ဖန်များစွာလဲ အောင်မြင်နိုင် စေပါတယ်။ အောင်မြင်မှု့ ဟုသတ်မှတ်ကြသည် မှာ လူ့စိတ် အတွေး အသိ အမြင်ကနေပေါင်းစပ်ပီး ထွက်လာတဲ့ သတ်မှတ်ချက်တစ်ခုမျှသာ လူတစ်ယောက် အောင်မြင်သည် မအောင်မြင်သည် ကို ပြင်ပ ဘဝ ကိုကြည့်ရုံဖြင့်တော့မသိနိုင်ပေ။ သူ၏ စိတ် ကိုကျွမ်းကျင်ပိုင်နိုင်စွာ ထိမ်းချုပ်နိုင်မှု အပေါ်မှာသာသတ်မှတ်သင့်ပေသည်။
image
လူ တွေ၏ သဘော မှာ အမြဲ တစေ တွေမြင်နေရသောဘဝ အခြေနေ အချိန်ခါပေါ်မူတည် အမြဲပြောင်းလဲ နေတတ်သဖြင့် စိတ်ကို အမြဲ တစေသတိထားထိန်းချုပ်အပ်ပေသည်။ အိပ်ယာမှ နိုးလာပီ ဆိုကတည်းက အတွေးပေါင်းစုံ တစ်ခုမဟုတ်တစ်ခု ဖြင့် စိတ်စေ ရာလုပ်ဆောင်နေကြရပီး နေ ထွက်မှ နေဝင် အမြဲ စဉ်ဆက်မပြတ် အလုပ်လုပ်နေသည် မှာ စိတ် ပင်ဖြစ်ပါသော်လည်းမမော မပန်းနိုင် အလုပ်လုပ်နေနိုင်သည်မှာလဲ စိတ်ပင် ဖြစ်လေသည်။ ထို စိတ်မှ မိမိဘဝ ကောင်းခြင်း ဆိုးခြင်း ကိုလည်း သတ်မှတ်နိုင်ပြန်သည် အကြိမ်ကြိမ် တွေးခေါ် ပြောဆို နေကြရသော်လည်း အကျိုး အပြစ်ကိုမူ လူတိုင်း သတိမထားနိုင်ကြပေ။
image
အကောင်း နှင့် အဆိုး ကိုလူတိုင်းသိကြသော်လည်း လုပ်သင့်မလုပ်သင့်ကို စိတ်ကအမြဲတစေ မဆုံးဖြတ်နိုင်ခြင်းမှာ စိတ်၏ အားနည်းချက်တစ်ခုပင်ဖြစ်လေသည်။
မိမိတို့စိတ်ကို မိမိပိုင် သည်ဟု ပြောဆိုနေကြသော်လည်း မည်သူ မှ ကောင်းသောအရာ များကိုရွေးချယ် မလုပ်နိုင်ကြ သေးသည်မှာ ဝေးဝေးလံလံ လိုက်ကြည့်စရာမလိုဘဲ ယနေ့မျက်မောက် ခေတ်ကာလမှာပင် အမျိုးမျိုး မြင်တွေနေရပါသည်။မိမိ စိတ်ကို ပိုင်သည် ဆိုလျှင် နိုင်နင်းစွာ ထိန်းချုပ်နိုင်ဖို့ကြိုးစားသင်ပါသည်။ လူကောင်းတွေ တတ်နိုင်သလောက်အလှူ ဒါန ပြူလုပ်နေကြပါသော်လည်း လူဆိုးများကလည်း ခိုး ဆိုး လုယက် နေကြတုန်းပင်။
သူတို့၏ စိတ် အခြေခံမှာ လွန်စွာ အားနည်းကြောင်းတွေ့မြင်ရနိုင်ပါသည်။ မကောင်းမှုလုပ်လျှင်မကောင်းကျိုးခံစားရမည်သိသော်လည်း အမှုမဲ့အမှတ်မဲ့ဖြင့်သာ နေထိုင်သွားလာပီး ပေါ့ပေါ့နေပေါ့ပေါ့စား များအဖြစ်မှ လူဆိုးလူမိုက်များ အဖြစ်သို့ရောက်ရှိသွားအောင် ပညတ်ယူခဲ့သည်မှာလဲ သူတို့ကိုယ်တိုင်ပင်ဖြစ်ပီး စိတ် ကသာဦးဆောင် ၍ ဖန်တီးသွားပါသည်။
မိမိ စိတ်ကို ပြုပြင်ရန် မှာ အချိန် လိုသည် ဟု တချို့ ကပြောကြသည် အခြေနေအရပ်ရပ်ကို ဆင်ခြေအမျိုးမျိုး ပေးပီး ဘာကြောင့် ညာကြောင့် ဆိုသူများသည် မိမိ စိတ်ကို မထိန်းချုပ်နိုင်သူများသာဖြစ်သည်။ အခြေခံအားဖြင့် မကောင်းသောအရက်သေစာကို သောက်ဖို့ကြံရွယ်ပီး လျင် ထပ်တွေးကြမည် ဘာလို့လဲ စိတ်ညစ်လို့ဟူ၍သာ ဘယ်သူဖန်တီးပါသနည်း မိမိ ကိုယ်တိုင် မိမိ စိတ်ဖြင့်မိမိသာ အကောင်းဆိုးသိပါလျှက် တစ်ဖက်သက်အလိုလိုက် ပီး မကောင်းမှု အမှု ဖက်ကိုသာ ဆွဲခေါ်သွားသည်။ ထိုနေရာတွင် တစ်ချက်ပြန်စဉ်းစားပီး ချင်ချိန် ပီး သောက်လျှင်မကောင်း ငါမသောက်ဟု ဆုံးဖြတ်ချက်ချ ပီး မလုပ်ဖြစ်တော့လျှင် ပထမ အခြေ ခံအဆင့်လေးကို လုပ်နိုင်ပီဟု မှတ်ယူနိုင်သည်။
image
အကောင်း အဆိုးကို သိသော်လည်း ခွဲခြားနိုင်သော်လည်း စိတ်အလိုလိုက်နေခြင်းဖြင့် မိမိ ကိုယ်ကို သာဖျက်ဆီးရာ ရောက်နေသည်ကို လူတိုင်း သတိကပ် ဆင်ခြင်နေသင့်ပေသည်။ လူမနော ဆိုသည်မှာ အင်မတန် ခန့်မှန်းရခက်ပေသည်။ ကိုယ့်စိတ်ကို မပိုင် ဟုလည်း တချို့ ကပြောကြပြန်သေးတော့ တခါတရံ လိုက်တွေးမိလျှင်ကိုယ်တိုင် ရူးချင်သွားလောက်အောင် လည်း လူတော်တော်များများဖြစ်ဖူးကြပေလိမ့်မည်။ အကောင်းဆုံး ဟုထင်မြင်မိသော အရာတိုင်းကို နှစ်ဖက်မျှ တွေးနိုင်မှ သာလျှင် ကောင်းခြင်း ဆိုးခြင်းကိုအဖြေထုတ်နိုင်ပေလိမ့်မည်။ သို့ အထပ်ထပ် တွေးလျှက် အမှန်မမြင် မှားနေခြင်းကိုမူ ကား ကျွှန်ုပ်သတ်မှတ်လို့မရသလို သင်တို့လဲ သတ်မှတ်လို့မရနိုင်ပေ။
စိတ်၏ သဘောမှာ အမြဲ တစေ တွေးတော နေရသဖြင့် ခုအကောင်းမြင်သော်လည်း ခဏနေအဆိုးမြင် တတ်သဖြင့် မည်သို့သောအရာ လုပ်ဖို့တွေးနေပါစေ သတိလေး ကပ်ပီး အကာင်းဆိုးကို ခွဲ ခြား ဆုံးဖြတ်သင့်ပေသည်။
မိမိ စိတ်ကို ထိန်း နိုင်သူများကို လူတော်များဟုလည်းသတ်မှတ် ကြသည်။ ထိသို့သောလူမျိုးများမှာလဲ အင်မတန် ရှားပါးနေတုန်းပင်ဖြစ်သည်။

Author kyawkohtet@kyawkohtet
MSC-227

လူ့ မနော | Ecency