တနေ့သ၌ ကျွန်တော်ကိုယ် တိုင် ထိုင်ပီးတွေးခေါ်နေစဉ် အတွေး တစ်ချို့ က အတိတ်က အဖြစ်တစ်ခုဆီသို့ရောက်
ရှိသွားလေသည်။အလုပ်ခွင် တစ်ခုတွင်ဖြစ်သည် ပညာသင်
ရင်း အလုပ်ခွင် သို့ရောက်ရှိနေချိန် လုပ်သက် 3 နှစ်ကျော်ခန့်
မှာ လူတစ်ဦးပြောဆိုသွားသော စကား တစ်ခွန်းပင် ဖြစ်သော်
လဲ ယနေ့တိုင် ရံဖန်ရံခါ အတွေးထဲရောက်လာတတ်ပီး ထိုစ
ကားလုံးကိုပင် ကျွန်ုပ်မှမသုံး မိအောင် မသုံးဖြစ်အောင်ဆင်ခြင်
နိုင်ခဲ့လေသည်။ ဖြစ်စဉ်မှာ. . . . . . . . . . . .
အချိန်ကား မမှတ်မိ ညနေပိုင်းတွင်ဖြစ်လိမ့်မည် အလုပ်ခွင်မှ
သူငယ်ချင်းများအပါဝင် ကျွန်တော်တို့ ကိုတာဝန်ကျ သည့်အ
ပိုင်းကို အမှားယွင်းမရှိ စေရန် သေချာစစ်ဆေး လုပ်ကိုင်နေ
ကြသည်။နှစ်ယောက် တတွဲ ဖြစ်စေ တစ်ဦးခြင်း လုပ်ကိုင်နေ
တော့ ကို့ဘေး ဘယ်သူက ဘာလုပ်နေသည် ကို အမှုမဲ့ အမှတ်မဲ့ပင် ထိုစဉ် များစွာသော စကားပြော သံ ထဲမှ အသံ
ကျယ်လောင်စွာထွက်ပေါ်လာသော စကားတစ်ခွန်း ကြောင့်
လှည်ကြည့်မိသည် ။ ထိုသူကား ကျွန်ုပ်တို့ ပညာစ သင်စဉ်က
ပင် ဆရာ တပိုင်းမှ ယခုချိန်ထိ ဆရာ တပိုင်းဖြစ်နေသောသူ
တစ်ဦး လူတကာ နှင့်မတည့်သော်လည်း လုပ်ငန်းခွင် တွင်တော့အဆင်ပြေအောင် ပေါင်းရသည့် လူ သူပြောသောစ
ကားမှာ "" ငါဒီနေရာ ရောက်ဖို့ 10 နှစ်လောက် ကျွန်ခံလာတာကွ မင်းလဲ ငါ့လို ထိုင်ချင်ရင် ငါ့လို လုပ်ရှင်းလား "" ဟုပင် တွေးကြည့်စရာပါ သူဒီနေရာဘယ်လိုပင်ရောက်ခဲ့ပါ
စေ သူဖြတ်သန်းခဲ့တဲ့ဘဝ မှာ ဆိုးသည် ကောင်းသည် များရှိ
ပါလိမ့်မည် ဆင်ခြင် ဖို့မတွေးတောခဲ့ဘဲ သူ့လုပ်ရပ်က လူမုန်းစ
ရာတစ်ခုအဖြစ်ရှိနေခဲ့တယ် လို့ကျွန်တော်ကတော့မြင်ပါတယ်။
တကယ်ဆို ကိုယ်ချင်းစာ တတ်ဖို့ လိုတာပါ အဲ့အချိန် ဖြစ်ခဲ့
တာက အလုပ်အတူ တွဲလုပ်နေတဲ့ ကောင်လေးမှ ပင်ပန်း လွန်းသဖြင့် ခဏ လူလဲရအောင်ပြောခဲ့သည်ဟု သိခဲ့ရပါတယ်
ကိုရောက်နေတဲ့ နေရာမှာ ကိုယ်ဘာကောင်လဲ ဆိုတာ ကိုယ်
တိုင်ဆုံးဖြတ် လို့မရပါဘူး ကျွန်တော်တို့ပါတ်ဝန်း ကျင်ကသာ ဆုံး ဖြတ်ပေးပါ လိမ့်မယ် ကိုယ်ချင်းစာ စိတ်လေး သာ ရှိခဲ့မယ်
ဆိုရင် ခုဏ ကအပြောမျိုး ပြောထွက်ခဲ့မှာ မဟုတ်ပါဘူး ကိုယ်
တိုင်မဟုတ်သော ကျွန်တော်ပင် ဘေးမှ အမြင်ဆိုးလွန်း သဖြင့်
ထိုလူအား မုန်းတီး မိသည် မှာယနေ့တိုင် ပင် လူတစ်ယောက်
ရဲ့ စရိုက် ဟာ ပြင်လို့မရဘူး ဆိုသော စကားများ ဖြင့် နှစ်သိမ့်မှု များစွာကြားခဲ့ပါတယ် ကျွန်တော်က တော့မပါတ်သတ် နိုင်
အောင် တတ်နိုင်သမျှ ရှောင်ခဲ့ပါတယ်။ ခုချိန်မှာ အဲ့ဒီစကား တစ်ခွန်းက ကိုယ့်အတွက်တော့ စဉ်းစားဆင်ခြင်စရာတစ်ခု ရခဲ့
သည်ပေါ့ ကိုယ့် ထက် အငယ်များ နှင့်တွဲလုပ်ရသည် အခါများ
မှာ ကိုယ်ခြင်းစာ စိတ်လေးမွေးပီး မျှမျှတတ လုပ်ခဲ့တဲ့ အကျိုး
ကြောင့် အောက်လက် ငယ်သား များ ရဲ့ လေးစားခြင်းကို ခံရသည် ကလဲ ပိတိ တစ်မျိုး ပါဘဲ ငယ်သူ သနား ဆိုသည် ထက် ကိုယ်ဘယ်လိုဖြတ် သန်းခဲ့သလဲ တွေးပီး ကိုယ်ခြင်းစာ
စိတ်လေး ထားသင့်ပါတယ်။ ကြီးငယ်ရွယ်လတ် လူတိုင်းသာ
ကိုယ်ခြင်းစာ စိတ်လေး ထားမယ် ဆိုလောကကြီးက ထင်သည် ထက် ပိုလှပနေဦးမည် ဟု သာတွေး ရင်း ပြုံးပီး အဝေး တနေ ရာကို မျှော် ကြည့်နေမိပါတော့တယ်။
@kyawkohtet
အတွေး အက်စ်ဘီဒီ