Author of this content has low reputation.

ကြိုးစားအားထုတ်ခြင်း

Words
500
Reading
3 min
Listen
Play
8y

ကျွန်တော်က ကျွန်တော့်အိမ်မှာတော့ အကြီးဆုံး သားတစ်ယောက်ပေါ့ မိသားစု ငါးယောက် အဖေ ရယ် အမေ
ရယ် ကျွန်တော် ပီး ရင် ညီမလေး နှစ်ယောက်ရယ် ၅ ယောက် ခုတော့အဖေ ဆုံးသွားတော့ သားမိ ၄ ယောက်
ပေါ့ ကျွန်တ်ာက အကြီးလား အလတ်လား ကို့ဖာသာ မခွဲ တတ်ပါဘူး ဘာလို့ဆို ကျွန်တော့် အကို တစ်
ယောက်ရှိပါတယ် မွေးပီး မကြာခင် မှာဘဲ ဆုံးသွား ခဲ့တယ် လို့အမေကပြောဖူးပါတယ်။ ခုတော့အကြီးဆုံး
ပေါ့ ဒါပေမယ့် အကို မရှိဘူးဆိုတော့ ရှိပါတယ် သွေးမတော် သားမစပ်ပေမယ့် ညီအရင်း လို ချစ်ခင် ဂရုစိုက်
ပေးတဲ့ အကို တစ်ယောက် ကျွန်တော့်မှာ ရှိတယ် အကြီးဆုံး တွေ အတော်များ များများ တခါတ ရံ တောင်း တ
တတ့်လေ့ ရှိတာလေး တစ်ခု ရှိ တယ် အကို ဒါမှ မဟုတ် အမ ကျွန်တော်အကို မရှိလို့သိမ်ငယ်ဖူးတယ် ငယ်
ငယ်က ကစား ရင်း ရန်ဖြစ်တာ တို့ အနိုင် ကျင့်ခံရ တဲ့ ချိန် တို့ ဆိုရင် အကို ရှိရင် သိပ့်ကောင်းမှာဘဲ အနိုင်ကျင့်
ခံရရင် ငါ့ဖက်က ကာကွယ် ရပ်တည် ပေးမှာ လို့ ကလေး အတွေးနဲ့ တွေးဖူးတာပေါ့ ကျွန်တော်ကံကောင်း
ခဲ့ပါတယ်။ကျွန်တော် အကိုတစ်ယောက် ရခဲ့ တယ် သူ က ရန်ဖြစ်ရင် လိုက်ရိုက်ပေး မဲ့သူ တော့ မဟုတ်ဘူး
ကျွန်တော့်ကို ငြိမ်းချမ်း ရေးတရားဟော ပီး ကို့အနာဂါတ် လမ်း ကဆူးညှောင့် တွေ ကို ရှောင် ရှားဖို့ လမ်းညွှန်ပြ
သပေးသူတစ်ယောက်ဘဲ ဖြစ်ပါတယ်။
image
(ရှည်တာ ကျယ်နော် တိုတာ အကို အဲလေ ပုတာအကို)

အကို ရဲ့ အမည်က သော်ဆွေဦး ဖြစ်ပါတယ်။ ကျွန်တော် တို့စသိစက သူဟာ နေပြည်တော်က ပြန်ကြားရေး
နှင့် ပြည်သူဆက်ဆံရေး ရုံး မှာ သာမန် အစိုးရဝန်ထမ်းတစ်ယောက်ဘဲဖြစ်ပါတယ်။လွန်ခဲ့သော 10 နှစ်ဝန်း
ကျင်ခန့်ကပေါ့။ အဲ့ ဒီချိန် တွေတုန်းက myanmar blog , website များခေတ်စားနေချိန် မှာ site တစ်ခုက နေ
စတင် ခင်မင်ခဲ့ပီး နောက်ပိုင်း သူရှိတဲ့ နေရာ တိုင်းကျွန်တော် ရောက်သလို ကျွန်တော် ရှိတဲ့နေရာ တိုင်း
ပါသူရောက်ရောက်လာ တတ်ပါတယ် online မှာ ပရဟိတ လုပ်တာ ပထမဆုံး ကျွန်တော် တွေ့ဖူးတဲ့ အာဂ
အစိုက်သမား တစ်ဦးလဲ ဖြစ်ပါတယ်။ (အစိုက်သမားဆို သည်မှာ Glaxy donation မှာ သူက admin အပိုင်း
ကနေပါဝင်လှုပ်ရှား ခဲ့သူ တစ်ဦးပါ အဖွဲ့ ဝင်တွေ ထဲက လှူ ဒါန်းလိုသူများ စာရင်းပေးထားသူများကို နေပြည်
တော်ရုံးက အလှူ ငွေ များ ကို သူကကောက်ခံပီး ပို့ပေးရသူပါ မပေးနိုင်သူများ ရှိလျှင် လစာလေး မလောက်
မငှပင် ဖြစ်သော်လည်း စိုက်ပေး တတ်သူဖြစ်သဖြင့် အာဂ အစိုက်သမားဟု သုံးနှုန်းခြင်းဖြစ်ပါတယ်။)
online ကခင်သောသူများ ထဲမှာ သက်တမ်း အရှည်ဆုံး သူဆို လျှင် အကို့ကို ဘဲ ပြစရာ ရှိပါတယ်။ လူတွေ
ကလည်း အမျိုး မျိုး သောစိတ်အထွေအထွေ နဲ့ကိုးဗျ ။ စိတ်ရင်း ကို ဖွင့်ပီး ပေါင်းသူက အရှား သား အကျိုး
လိုလားသူများသာ များသည်လေ ဒါတော့ ကျွန်တော့်ကံ လို့သာ ဆိုရပေမည်. ကိုယ်ကံမကောင်း လို့
လူဆိုး လူညစ်တွေနဲ့သာ တွေ့ခဲ့သည်လေ။

အကို့ အကြောင်းကပြောမယ် ဆိုမကုန်နိုင်သော်လည်း လေးစားအားကျချင်စရာ ကောင်းသော အချက်များကို
တင်ပြပါဦးမည်။ သူသည် တစ်ဦးတည်းသော သားတစ်ဦး ဖြစ်သည် ဇာတိ ပုဂံ ဖြစ်သော်လည်း လက်သုံးစ
ကားတစ်ခု (ပညာလို အိုသည် မရှိ) ဟုဆိုကာ နယ်လှည့် အလုပ်လုပ် ရင်း ပညာ ဆည်းပူးသင်ကြား လေ
သည်။ (တစ်နေ့ တစ်လံ ပုဂံ မရွေ့ ) ဆိုသည့်အတိုင်းတစ်လံ ခြင်းသွားရင်း ခု သူဟာ နေရာ ကောင်းတစ်ခုရ
ခဲ့လေပီ သို့သော် သူကား မရပ်သေး ဘဲ ဆက်သွားနေဆဲပင် ။ ယခုသူ သည် ကျွန်တော် တို့ leader အကိုဟင်
ခေါ် ကိုကချင်ကြီး လာစဉ်က တည်း သွားသော victoria palace hotel တွင် chief accountant ရာထူးဖြင့်
သက်သောင့်သက်သာစွာ အလုပ်လုပ် နိုင်နေပီလေ။သူကားရပ်ပီလားမရပ်သေးပါ ဆက်သွားနေဆဲပင် သင်
တန်းတွေ တတ်ဦးမည် ငွေရှာဦးမည် ဒီထက် ကြီးတဲ့ မျှော်လင့် ချက်များ သူ့မှာ ရှိသည်လေ။သူဖြတ်ငန်းခဲ့
သောနေ့ရက်တိုင်း မှာ သူဟာ ပျော်ပျော် ဘဲ နေသည် သူ့ရည်ရွယ်ချက်အတိုင်း တစ်လှမ်းခြင်း လျှောက်နေဆဲ
ပင်။ အားကျအတူယူစရာ ကောင်းသည့်အရာများ မှာ သူ တက်သည့်သင်တန်း ကြေး တိုင်းကို အိမ်က မပူ
ဆာဘဲ သူကိုယ်တိုင် အလုပ်လုပ်ပီး ရှာသည် သူတက်ခဲ့ဖူးသော သင်တန်း တချို့ မှာ အောက်ပါအတိုင်း
ဖြစ်ပါသည် အလုံးစုံ မဟုတ်သော်လည်း အနည်းကျည်း ဖော်ပြပါမည်
computer Basic မှစလို့
Myanmar accounting
MYOB(LCCI level3)
Management training
JICA Hotel Mangement
ACCA (park 2)
စသဖြင့် များစွာသောသင်တန်းများ ကိုတက်ခဲ့သည် သူတတ်သည့်ပညာ များကိုလဲ မျှဝေပေးသည်။ကျွန်တော့်
ကိုဆိုလျှင် အားငယ်တိုင်း အားပေးသူ မှာ သူတစ်ယောက်သာရှိသည် (မှတ်ချက်) မိန်းမ မရခင်ထိ ဟိဟိ
သူဟောပြောပွဲ တွေ လိုက်သည် ပီးလျှင်ကျွန်တော့်ကို ပြန်ပြောပြသည် လူတွေ အကြောင်း စီးပွားရေး စနစ်
ဘယ်လိုလည် ပါတ် အလုပ်လုပ် ပုံ စီမံ ခန့်ခွဲ မှု ပုံစံ အမျိုး မျိုး အကုန် ဆရာစား မချန် သင်ပြ ပြောပြပေးသည်။
အနှစ်ချုပ် ဆို သော် အောင်မြင်မှု တစ်ခုကို ရဖို့ ရန်မှာ တစ်ခဏ ခြင်း ဖန်တီး ၍ မရဟု သိထားရမည် ကိုသော်
ကိုကြည့်မည် ဆိုလျှင် မလျှော့ သောဇွဲ လုံ့လ ဖြင့် ကျွန်တော့်အမြင် ကြိုးစားခဲ့ သည့် အချိန်မှာပင် ၁၀ နှစ်ကျော်
နေပီ ယခုလဲ ကြိုးစားနေဆဲပင် ကျွန်တော် မြင်သည် ကသူ အောင်မြင်နေပီ သူသိထားသည်က ကြိုးစားရဦး
မည် အောင်မြင်မှု တစ်ခုကို အရယူ လိုလျှင် အချိန် လူအား ညာဏ်စွမ်း တို့ကို ပူးပေါင်းပီး အထိုက်လျှောက်
အသုံးချတတ်မှသာ လျှင်ရသည် ဟု ကျွန်တော် အကိုအား ပုံပမာပြ ကာ တင်ပြအပ်ပါသည်။
ကြိုးစားသူ တိုင်း အောင်မြင်ကြပါစေ ဟု ဆန္တပြုရင်း ကျွန်တော်. . . . . . . . . . . . . . . .
image
Author-kyawkohtet@kyawkohtet
MSC-227

ကြိုးစားအားထုတ်ခြင်း | Ecency