Author of this content has low reputation.

from mandalay to yangon

Words
427
Reading
2 min
Listen
Play
9y

image
စိတ်ဝယ်ပျော်နေမိတယ် ခရီးမထွက်ဖူးတာမျိုး မဟုတ်ပေမဲ့ ခုခရီး က ချစ်
ရသူနဲ့ တွေ့ ရမည်လေ မြစ်ကြီးနား မှ mdy မရောက်သေးခင်ပင် အတွေး
တွေနဲ့ ပျော်နေခဲ့တယ် ခုမြစ်ကြီး ကနေ ထွက်ခွာလာတဲ့ ရထားကြီးပေါ်မှာ
လမ်းခရီးက တောတောင် ချိုင့်ဝှမ်းတွေ ပေါများ လှသမို့ ရထား ထိန်း
စက်ခေါင်း မှုး တို့မှာလဲ ရထားကို နှေးတစ်ခါ မြန်တလှည့် ခရီးသည် တို့
အရေး မြန်မြန်ရောက်ဖို့ထက် အစစ အရာရာ လုံခြုံ ဖို့ ဂရုစိုက်နေရသည်
လေ။ စိတ်မှာ နှေးနေသယောင် ပင် ရှိသော်လဲ ချစ်သူ ဖုန်းဝင်လာချိန်
ကြည်နူး မိသေး လိုင်းက ရ တစ်ချက် မရ တစ်ချက် ဖြစ်နေသော်လည်း သူ
ခဗျာ ညနက် ထိမအိပ် နိုင်ရှာ သေးဘဲ ဖုန်းဆက်ရှာသေးတယ် ကို့မလဲ
ဘယ်နေရာ လိုင်းမိ လဲ ဖုန်းထုတ်ကြည့်ရတာအမော ကိုရွှေ mpt ကလဲ မရ
ရှေ့သို့လှမ်းချီ သာလုပ်နေတာ လိုင်းမမိ တာက များနေရော ည လုံးပေါက်
ရထားစီး ရသည် မှာ ပင်ပန်း လှသည် ထက် ချစ်သူ ၏ စိတ်ပူပင်ပင် မှု လေး
ကပျော်သလို ဝမ်းလည်း နည်းမိတယ် စိတ်ပူမနေပါနဲ့ မောင် အဆင်ပြေ
ပါတယ်ဆိုသော်လည်း ပူမြဲ တစ်ဖုံ အချစ်၏ အစွမ်းပေတည်း။ လိုင်းမရတဲ့
အဆုံး ကြိုးစားကြိတ်မှိတ်အိပ်လိုက်ရင်း အိမ်မက် ထဲမှာ ချစ်သူ နဲ့ ဆုံတော့
မည် ဟု တွေးသော်လည်း ခရီး လမ်းက မဖြောင့်ဖြူး တော့ ရထား စီးရ
သည် မှာ မြင်း စီးရ သည်ထက်ပင် ပိုခက်နေသေးသည်။ မြစ်ကြီးနား
မန္တလေး သံလမ်းပေါ်တွင် ပြေးဆွဲ နေသော မန္တလာမြစ်ဆုံ ရထားပေါ်
တွင် ဖြစ်လေ သည်။
image

အချိန်ကား မနက် 6:00 ဝန်းကျင် ဘယ်လောက်ထိအိပ် ပျော်သွား
သည် မသိ မန္တလေးဘူတာကြီးရော မှ နိုးတော့သည်။ ကို့အထုပ်ကိုပြင် ပီး
ဆင်းလာခဲ့ ကြသည်။ taxi သမားများ စိတ်ပျက် ဖွယ် အလုယက် ခေါ်ဆို
ကြသေးသည်။ အထာက နပ်နေပီ လေ တစ်ခေါက်မှ မကတော့တာ
ဟုတ်ဟုတ် မဟုတ်ဟုတ် လိမ်လိုက်သည် "အိမ်က ကား လာကြို မှာ "
ဟုသာ။ တကယ်တော့ အပြင်ရောက်မှ အဆင်ပြေ မယ့် taxi သမား
တစ်ဦးကို ရွေး ငှား ခဲ့ရပါတယ်။ အလုပ်ဆိုင် ကိုအရင်ပြေးရသည် ပေါ့
အိမ်ကိုပင် တန်းမပြန်နိုင်သေး အိမ်တွက် ဟု ဝယ်လာသော ဆီတိုဟူးး
ကောက်ညှင်း ကျည်တောက် အဖေ ဆေးလိမ်းဖို့ ကချင်မီးတောက် အရက်
အလုပ်ဆိုင်ရောက်သည် နှင့် ဆိုင်မှ ကာလနာ များက ဝိုင်းဝန်း ခွဲ တန်း ချနေ
တော့သည် သေချာပီ အိမ်တွက် တော့ လု ဖယ်ထားရမည် ဆီတိုးဟူး လေး
နှစ်ဗူး နှင့် အဖေ့တွက် ကချင်မီးတောက် 250ml ရေသန့်ဗူး တစ်ဗူး သာကျန်
တော့သည် မတတ်နိုင် ပါတာ ယူရမှာဘဲလေ။
image
ငွေကြေး ကိစ္စ များရှင်းလင်း
ပီး နား မနေနိုင်ပါ အိမ်တန်းပြေးသည် ygn မှာ ချစ်သူကစောင့်နေပီလေ
အချိန် ဆိုသည်မှာ လုပ်စရာ မရှိ ရင်သာ ကြာနေတတ်ပေ မယ့် အလုပ်များ
သူများ မဖို့က အချိန် ဆိုသည် မှာ အင်မတန် နည်း လှသည်မဟုတ်ပါလား။
အိမ်ရောက်တော့ လက်ဆောင်များ ကြည့်ပီး အဖေက တော့ပျော်နေရော
သူ့သားဝယ် လာတာ ကိုမျော်တတ်သည်လေ နဲသည် များသည် ကိုကြည့်
သည်မဟုတ် ပါလာရင်ကိုပျော်နေတတ် တဲ့ အဖေပါတဲ့လေ။
အချိန်က ရသည် မဟုတ် ညီတစ်ယောက်ကို လှမ်းခေါ်ပီး ဘူတာကြီး ပြေးရ
သေးသည် ချစ်သူ ရှိသည့် ရန်ကုန် မြေကို ပြေးရပေဦးမည်လေ။ သူမလဲ
စောင့်နေရ ပင် ပန်းလှရော့မယ်လေ ရရာလတ်မှတ်ယူလိုက်မည်ဆိုသော်လည်း အဆင်မပြေပါချေ နောက်နေ့
3:00 pm လက်မှတ်သာ ရသည်။
image

မတတ်နိုင် ဘူး ရတာနဲ့သွားမယ်
ဟုဝယ်လာသည်။ ခရီး သွားမစိမ်း ပေမဲ့ ခုခရီး ကတော့ ရင်ခုန် ဖို့
အကောင်းဆုံး ခရီး တစ်ခု ပင်ဖြစ်နေသည်။ ပျော်နေလိုက်တာ များ အရူး
ကြီး တစ်ယောက်လိုပင် ညီကပင်ပြောသေး သည် "ငါ့ကိုကြီး တော်တော်
တက်ကြွ နေတယ် "တဲ့။"မင်း မကြုံ ဖူးသေးလို့ပါ ဟုသာ ပြန်ပြောနိုင်သည်။
ကျွန်တော်ကိုယ်တိုင်လဲ ဒီလောက် ပျော်ဖူးသည် ရှိခဲ့မယ် တောင် မထင်
မိပါဘူး။ ဒီခရီးလေး က ဘဝ တွက် ထာဝရ အတွက် ပြောစရာ စကား
တောင် များများ စားစား မရှိ ပါဘူး။ မြစ်ကြီးနား နှင့် မန္တလေးကိုအကြိမ်
ပေါင်းများစွာ သွား ဖူးပါသည်။ ဒီလိုမျိုးတော့ မခံစားဖူးပါ ။ မနက်ဖြန် တွက် စ
ဆင်ပြင်ဆင်ဖို့ အိမ် တန်းပြေး အဝတ်စားများ လျှော် ဖွတ်ပီး အနားယူလိုက်
တော့သည် မနက်ဖြန် အတွက် အားပြည့်နေဖို့ လိုသည်လေ။
image

ချစ်သူမျက်နှာ လဝန်းပမာ

မျော် တလင့် လင့် စိတ်တ ထင့်ထင့် နဲ့

မောင်လာ မယ့်အရပ်သို့ မျော်ရည်

သူ ပျော်နေပါလိမ့် စိတ် ဝယ်စိုးထိတ်

ပီတိ တစ်ဖြာ ငါဟူသည် ကား

ယောက်ျားပေ တည်း ရှေ့ သို့လှမ်းချီ

တက်မည် ချစ်သူ ရှိ သော ရန်ကုန် မြေအရပ်ဆီသို့

မျှော် သူ မမော စေချင် အပြုံး တို့ နှင့်

ကြို လင့်ပါလော့ မောင့် ချစ်သခင်. . . . . .

(ဆက်ရန်. . . . . . . . . . .)

from mandalay to yangon

MSC-227
Author-kyawkohtet@kyawkohtet

from mandalay to yangon | Ecency