Author of this content has low reputation.

For Me

Words
89
Reading
1 min
Listen
Play
9y

image
ကျွန်တော့် အတွက်ဆိုပီးသူ photo လေးတွေ ရိုက်ပို့ဖူးတယ်

ကျွန်တော့် တွက်ဆိုပီး သူ အနမ်းတွေ သိမ်းခဲ့ဖူးတယ်

ကျွန်တော် တွက်ဆိုပီး သူ အချစ်တွေပေးခဲ့ဖူးတယ်

ကျွန်တော့် တွက်ဆိုပီး သူ အရာရာ ပုံအောခဲ့ဖူးတယ်

ကျွန်တော့် တွက်ဆိုပီး လူတိုင်းကို သူ ရန်လုပ်ခဲ့ဖူးတယ်

ကျွန်တော့် တွက်ဆိုပီး အားလုံးကို သူ ဥပေက္ခာပြုခဲ့ဖူးတယ်

ကျွန်တော့်တွက်ဆိုပီး သူ ချက်ပြုတ်ပေးခဲ့ဖူးတယ်

ကျွန်တော့် တွက်ဆိုပီး အနာဂတ်အတွေးတွေနဲ့

အမြဲစိတ်ကူးယဉ် ပျော်နေခဲ့ဖူးတယ် သူ

ကျွန်တော့်ဆီက Morning ဆိုတဲ့စကားသံလေး

Goodnight ဆိုတဲ့စကားသံလေး

ချစ်တယ်ဆိုတဲ့ စကားသံလေး

အာဘွား မွမွ ဆိုတဲ့စကားသံလေး

ဂရုစိုက်ဖို့ တသွင်သွင်မှာဖူးတဲ့ စိတ်ပူတဲ့ စကားသံတွေ
အရာရာ သူ့ တွက်ပဲ ရှိလိမ့်မယ် တွေးထင်ပြီး ကျေနပ်ခဲ့ဖူးတယ် ယုံကြည်ခဲ့ဖူးတယ်

ခု သူမ လေ
ကျွန်တော့် တွက်ဆိုပီး မျက်ရည်မိုးတွေပါ ရွာသွန်း တတ်နေပြီ မျက်ရည်ပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင်ပါပဲ သူမကို ကျွန်တော် ခုထက်ပို ပြီး ဂရုစိုက်သင့်တယ် သူမကျွန်တော့်အတွက် အရာ အားလုံးပုံအော ပီးချစ်ခဲ့တယ် သူမကိုလေ ကျွန်တော် ကိုယ် ကျွန်တော်သိတယ် ကျွန်တော် သူမကို အရမ်းချစ်တယ်
MSC-227
REF: My wife

For Me | Ecency