"သရက်ကင် ချိုချိုလေး သရက်ကင် " "သရက်ကင် ချိုချိုလေး သရက်ကင်"
"သရက်ကင် လာဦး " "ဟုတ်အမ လာပါပီရှင့်"
" တစ်ကင် ဘယ်လောက်လဲ " " တစ်ဆယ် ပါအမ ငါးဆယ်ဖိုး ၆ကင်ယူပါ အမ"
" မရဘူး သုံး ကင် ၂၀ ထားပေး" " မရလို့ပါ အမရယ် ညီမလေး အမေက အဲ့လိုဘဲ ရောင်းခိုင်းလို့ပါ"
ထိုစဉ် ဝယ်သူ သည် သရက် ကင်များကိုယူ စားနေပါပီ ဈေးတောင်မပြတ်သေးခင်မှာပေါ့
"နင်ကလဲ ငါ့ကို ပိုပေးပီး တစ်ခြားသူ ကိုလျှော့ရောင်းလိုက်ပေါ့ ငါဘဲ အပိုပေး"
"အမရယ်မရ လို့ပါ အမေက အကင် ကို ရေပေးလိုက်တာ ညီမလေး ပိုက်ဆံ အကုန် မအပ် နိုင်ရင်အရိုက် ခံရမှာ မို့လို့ပါ"
"မသိဘူး ဟာ ငါက စားပီးနေပီ နင်မပေးရင် မဝယ်တော့ ဘူး လစ်တော့ "
ဝယ်သူ တို့အဖွဲ့ မှာ 4 ယောက်ခန့် သရက်ကင် 7 ကင်လောက် စားပီးသွားပါပီ အဲ့ အချိန် မှာ
"အမရယ် မလုပ်ပါနဲ့ ညီမလေး အမေ ကရိုက်မှာ အမတို့စားတာလေးတော့ပေးနော် "
"မသိဘူးဟာ မပေးနိုင်ဘူး ကောင်မ ဒါလေး ကို လာကပ်နေတယ် မပေးနိုင်ဘူး ကြိုက်တဲ့သူ သွားတိုင် "
"အမ တို့ . . . . . " " တော်စမ်း နင်မသွားသေးဘူးလား ငါ ထရိုက်မိတော့မယ်"
ကလေးမလေး ငိုပီး ပြန်သွားပါတော့တယ်။
ဖြစ်စဉ် အကုန်ကို ကျွန်တော်မြင်ပီး မကျေမနပ်ဖြစ်နေမိတယ် ။ ကျွဲ ဆည်ကန်နားက ပဲ ဂိုထောင်တစ်ခုမှာ ဖြစ်နေတာပါ ကျွန်တော့် ဟာ ကျောင်း ပိတ်ရက်တိုင်း အမေနဲ့ ပဲ လိုက်ရွေးပါတယ်။ စနေ တနင်္ဂနွေ တိုင်းပါတယ်ပေါ့။ ဝယ်သူဟာ ပိုက်ဆံ မတတ်နိုငါလို့မဟုတ်ပါဘူး
စာရေးမ တစ်ယောက်ဖြစ်ပါတယ်။ ကလေးမလေး ငိုပီးပြန်သွားတာ ကိုသူတို့က သဘောအကျကြီး ကျပီး တဟီးဟီး တဟားဟား ရယ်မောနေကြတယ်။ တချို့ ကပ်ဖား တွေကလဲ ဟန်ဆောင် အပြုံးတွေ နဲ့ မနှစ်လိုဖွယ် စကားတွေ ဝင်ပြောကြတယ်။
" ဆရာမလေး လုပ်တာ ကောင်းတယ် ဈေး တွေ တအားတင် ရောင်းစားနေတာ သူတို့က"
"သိတယ်လေ ဒါမို့လဲ အလကားစား ရအောင်လုပ်လိုက်တာပေါ့ ပိုင်တယ်မို့လား"
"ပိုင်ပ ပိုင်ပ ညာဏ်ကောင်းတယ် တော့ အကင်တေအလကားစားရတယ် ဟိဟိ "
ဆရာမလေး ကဘယ်လိုတော် ဘယ်လိုစေ့စပ်တော့ စိတ်မပါတဲ့စကားပေါင်းစုံချီးမွမ်းခန်းတွေဖွင်နေကြပြန်တယ် ဒီနေရာကို ကျွန်တော်အတော်စိတ်ပျက်နေပီသူတို့ကို သေချာကြည့်ပီးစဉ်းစားတယ် ရုပ်ကလေးတွေလှရက်နဲ့ ဘာလို့စိတ်ပုတ်ကြတာလဲ ကလေးဘဝအတွေး က ငါ့ကိုလုပ်ရင် ငါ ဗန်းနဲ့ ကောက်ထုပစ်မယ် မဟုတ်သေးဘူး တုတ် နဲ့ ရိုက်မယ် ငါမနိုင်ဘူး ငါ့ကို ဝိုင်းလုပ်ကြရင်ငါက အငယ်သူတို့ကအကြီး ငါခံရမှာ ကျွန်တော်ကြောက်လဲ ကြောက်တယ် ပြန်မလုပ်ရဲ့ဘူး အနိုင်ကျင့် တာလဲ မခံနိုင်ဘူးပြန်လုပ်ချင်တယ် မိန်းကလေးတွေ အဲ့ အချိန် သူတို့အသက် 20 ကျော်ဝန်းကျင်တွေပါ ကျွန်တော်ဟာလဲ ၁၀ နှစ်သားဝန်းကျင်ပေါ့ ကျွန်တော် မခံ ချင်ပေမဲ့ အားမမျှတော့ကြောက်တယ်ဗျ။ ဟောမကြာခင်ဘဲ သရက်ကင် သည်ကောင်မလေးနဲ့အတူ သူ့အမေဆိုသော မိန်းမကြီး တစ်ယောက်ပါပါလာ ပါတယ်။
" မနက်က ကလေးဆီက အကင် ဝယ်စားပီး ပိုက်ဆံ မပေးတာ ဘယ်သူလဲ "
အနိုင်ကျင့်သူ ခေါင်းဆောင် စာရေးမ ရဲ့ဝံစွာ ထွက်ရင်ဆိုင်တယ် သူလုပ်ခဲ့တာကိုးဗျ။
" သူက ဘာရောင်းတာလဲ အမ ကျွန်မ တို့ဆီ ဘာသယ် မှ မလာပါဘူး ဟေ့ကောင်မတွေ နင်တို့ရောဝယ် ကြသေး မှန်မှန်ပြောနော် လိမ်ရင် ပါးတေချည့် ချမှာ ငါ့ဘာကောင်မ မှတ်နေလဲ"
" ကလေး ကိုအဲ့လို နိုင်ထက့်စီး နင်းလုပ်စရာလား ပြောစမ်း ဘယ်သူလဲ ဘယ်သူမြင်လဲ သူလာတာမြင်လား "
ရှေ့ကသွားနောက်လိုက်တေက ညီတယ်ဗျ
"ဘာသယ်မှ မလာပါဘူး သူ့မြင်တောင်မမြင်ဖူးဘူး "
ကလေးမလေးက ဝင်ပြောတယ်
"အမရယ် မလိမ်ပါနဲ့ ခုဏ အမ တို့စားတာ"
"ဟဲ့ နင်ဒီလမ်းတောင်လာလို့လား ငါလဲမမြင်ဖူးပါဘူး "
သူ့နောက်ပါ တေကလဲ ထောက်ခံကြတယ်ပေါ့ အများနဲ့ သားမိနှစ်ယောက်ဖြစ်နေပီ
အဲ့ အဒေါ်ကြီးလဲ သူ့သမီးလေးကို ဖက်ထားပီးပြောတယ်
"အမသမီး ကအကျင့်မကောင်းဘူး တခါ တလေ သူဆာရင် စားပစ်ပီး မစားဘူးလိမ်တတ်သေးတာ"
"ညီမလေးတို့က အဲ့လိုလုပ်မယ့်ပုံမ ဟုတ်ပါဘူး တောင်းပန်ပါတယ်နော် သူလိမ်တာဘဲဖြစ်မယ် ပြန်လိုက်ပါဦးမယ် "
သူ့သမီးလက်ကို ဆွဲပီးထွက်သွားတယ် ဂိုထောင်ကအတော်ကျယ်တယ် ပေ 100 ပတ်လည်လောက်ရှိမယ် ကျွန်တော်တို့ကအရှေ့ဖျား မှာ အကင်သည် သားအမိပြန်သွားတာ ခြံဝင်းအပြင်တောင်မရောက်သေးဘူး စာရေးမ တစ်သိုက်က ကပ်ဖားတေနဲ့ စကားကကောင်းနေပီ
"အိုက်တင်ကောင်းတယ် မင်းသမီး လုပ်စားလို့ရတယ် ဟားးးးးးးးး"
"ဟုတ်ပ ရုပ်လေးက လည်းချော" "အမလေး မြောက်မနေပါနဲ့ ဒါတောင်မ ပြင်ရ မဆင်ရသေးဘူး"
"တကယ်တော် ကျွန်မ တို့ဆို အဲ့လိုအိုက်တင် မလုပ်တတ်ပါဘူး "
"အံမယ် တူသလား နဂို ကိုကကံက ပါလာပီးသားလေ ဟဲဟဲ"
မြှောက်ပင့်သူ ဘဝင်မြင့်သူ မကြည်သူ သနားသူအဲ့ဒီနားလေးမှာပင် ရှိတဲ့သူ အားလုံး စိတ်ဝယ် တစ်မျိုး စီ ဖြစ်နေပါတော့တယ်။
ခင်ဗျား တို့ရော ဒီလိုအခြေ နေတရပ်ကို ကို့ရှေ့ မှာ ကြုံလာရင်ဘာလုပ်ကြမလဲ????
ဖြစ်စဉ်အားလုံးကို အတိုချုံး ကြည့်ရအောင် -------------
အကင်သည်လေး ကို အနိုင်ကျင့်တယ် ရှင်းနေတာဘဲ ဒါက ဒါပေမဲ့ ဒါက ဒီလောက်မရိုး ရှင်းဘူး ဗျ
အဲ့ဒီလိုဖြစ်ရပ်ရဲ့နောက်မှာ ကောင်းကျိုး ထက် ဆိုးကျိုး တွေ ဘဲ တန်းစီနေတာကိုမသိ ကြလေရောသလားဗျာ စာရေးမတစ်ယောက်လစာနဲ့ အကင်ကိုတစ်ဗန်းလံုးးဝယ်ကျွေးနိုင်ပါတယ် သူုအလုပ်သမား တွေကို သူ့အတွက်ဒါဟာ ဘာမှမဟုတ်တဲ့ကုန်ကျမှုလေးတစ်ခုပါ သက်သက်ကို ပျော်ချင်လို့ဆို အနိုင်ကျင့်တာတော့ကျွန်တော်လက်မခံဘူး ကလေးမလေးကို ပျော် အောင် မုန့်ဖိုးလေး နဲနဲ ပိုပေးလိုက်ပါ သူပျော်သွားတာမြင်ပီး ကိုယူတတ်ရင်ရတဲ့ ပီတိတွေ ကိုသူတို့မသိဘူး အဲ့နောက်မှာ လိမ်ညာမှု တွေထပ်ပေါင်းလာတယ် မြှောင်ပင့်တဲသူတေ ပါရှိတော့ အဲ့ စာရေးမဟာ ရိုးသားသူတွေ တွက် မုန်းစရာဖြစ်နေတော့တယ် ဒါကိုဘယ်သူမှ မပြောဘူး သူကို ကွယ်ရာမှာတော့ပြောချင်ပြောမယ် သူမဟာ သွားပီ တစ်ခြားသူတွေ တော့မသိဘူး ကျွန်တော့်စိတ်ထဲမှာ မှတ်ထားပီး မုန်းတီးနေပီ သူမ (စာရေးမ) သာ ယခုလုပ်ရပ်တွေရဲ ဆန့်ကျင်ဖက်ကိုလုပ်လိုက်ရင်ဘာဖြစ်မလဲ ကျွန်တော်မပြောတော့ဘူးနော် တွေးပါ
သူ့လိုအကျင့်မကောင်းသူကိုဘာလို့ထောက်ခံပီး အားနည်းသူ မှန်ကန်သူကို အပုတ်ချနေသလဲ
မရှိလို့ရိုးရိုးသားသား ဈေးရောင်းစားရ ဝင်ငွေနည်းပေမဲ့ သူတို့ဟာ ကျောင်းနေရမယ့်အရွယ်လေးတွေ ကျောင်းတောင်မနေနိုင် နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြရတယ် သူတို့လေးတွေ ကိုဖေးမသင့်လား လူဘောင်ထဲမှာ ကိုနဲ့အဆင့်မတူဘူးဆိုပီး နှိမ့်ချသင့်လားကျွန်တော် တို့တတွေ ရော မဖြစ်သင့်တာတွေ မြင်နေတွေ့နေကြမယ် အကောင်းထက် အဆိုး တွေကပိုများနေတာလဲ သိကြတယ် ကျွန်တော်တို့တတွေ ဘာလုပ်နေကြတာလဲ ထိုင်လဲ ကြည့်မနေကြသလို သွားလဲ မကူညီ မိကြဘူး
ကျွန်တော်တို့တတွေ ဘာတွေ လုပ်နိုင်သလဲ ??????
ကျွန်တော်ထင်တယ် ကျွန်တော် တို့တတွေ လူဆိုး လူမိုက်တွေကို နေရာပေးနေသမျှ လစ်လျှူ ရှု နေသမျှကာလပတ်လုံး ဒီအခြေနေဆိုး တွေကဖြစ်နေဦးမှာဘဲ ဒါကြောင့်မို့ စာများများဖတ်ပါ စဉ်းစားပါတွေးတောပါ သတိရှိကြပါ သိနေပီး သတိမရှိရင် ကျွန်တော်တို့တတွေ မှားနေသရွေ့ ဒီလိုဘဝလေးတွေ ဟာလည်း. . . . . . . . . . . .
ဖြစ်ရပ်မှန် တစ်ခုကို တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျ တင်ပြမှု မပြည့်စုံလိုအပ်ချက်များရှိပါက ကျွန်တော့်ညံဖျင်းမှုပါ ဝေဖန်ပေးကြပါဦး အားလုံး ကို ကျေးဇူးတင်ပါတယ်။
Kyaw Ko Htet
MSC-227