Author of this content has low reputation.

Cracker Life အပိုင်း (၂)

Words
291
Reading
2 min
Listen
Play
8y

image

နေ့လည် 11 ကျော်တော့ဗိုက်က အချက်ပြနေပီ စိုးကြီး တစ်ယောက် ဝန်ထမ်း ကဒ်က မပါတော့ ဝင်လိုက်ထွက်
လိုက်မလုပ်ရဲ သူ့ကိုယ်သူ လန့်နေသည် leader ဆူ လေ
မလား သိသွားရင် မတတ် နိုင် တစ်ခု ကြံရပြန်သည်။သူငယ်ချင်း ကိုမျိုး ထံသွားပီး အကူညီတောင်းရင် အဆင်
ပြေနိုင်သည် ဟုတွေးကာ သူ့ အလုပ်စားပွဲမှ ထ ထွက်လာ
သည်။ ''ကိုမျိုး ရေ တစ်ခုလောက် ကူညီဦး ဗျာ အလုပ်က
အရေးကြီးနေလို့ပါ " " ပြောစေ ကူညီပါ့ရစေခင်ဗျ" ကိုမျိုး
ကရွှတ်နောက်နောက်နဲ့ ပြန်ပြောသည်။ တကယ်ပင် စိုး
ကြီး လိုအနေအေးပီး အေးဆေးနေတတ်သူတစ်
ယောက်အဖို့တော့ လူချစ်လူ ခင်လဲ များသည်လေ ကိုမျိုး မှ မဟုတ် စိုးကြီး သာအကူညီ တောင်းလျှင် တတ်နိုင်သ
လောက်ကူညီမည့် သူသာ များ သည်။" ဟုတ်ကဲ့ ကျေးဇူး
ပါဗျာ နေ့လည် စာလေး တစ်ခု ခု ဝယ်ခဲ့ပေးပါ့လား ကျွန်
တော် အပြင် မထွက် ချင်တော့လို့" " အော်ဒါများ ကွာ ဘာ
များလဲလို့ မင်းစားချင်တာ ပြောလေ ငါဝယ်ကျွေးပါ့မယ်ဟ"
" မဟုတ်တာ ကျွန်တော် ကအကူညီတောင်းတာကို ဗျာ"
" အမလေး ကွာ မင်း ဘယ်လောက်စားနိုင်မှာ မို့လဲ မင်း
စားနိုင် အလွန်ဆုံး 10000 ဖိုးကွာ" " ရပါတယ်ဗျာ နေပါ
စေ ကျွန်တော့် တွက် ထမင်းကြော် လေး တစ်ပွဲ ဘဲ ဝယ်ခဲ့
ပေးပါ" ပြောလည်းပြော ပိုက်ဆံ အိတ်ထဲမှ 5000တန်
တစ်ရွက်အား ကိုမျိုး mouse နှင့် ဖိထာူလိုက်သည်။
" ကိုမျိုး ကျွန်တော် အလုပ်လေး ပြေးဦးမယ် အရေးကြီး
လို့ပါဗျ" " အေးပါကွာ ဒါဆို လဲ နောက်မှ ငါအေးဆေး
တစ်ခုခု လိုက်ကျွေးပါ့မယ် သွားသွား မင်းလုပ်စရာရှိတာ
လုပ် ငါ ဝယ်လာပီး လာပေးလှည့်မယ် ok? လား" "ok
ကိုမျိုး ရေ ပြေးပီ" ပြောပြောဆိုဆို အလုပ်စားပွဲ သိုပြန်လာ
ခဲ့တော့သည်။

တကယ်တော့ အလုပ် က ထင်သလောက် အရေးမကြီးပါ
သတ်မှတ်ရက် အတွင်းပီးစီး အောင် စိုးကြီး လုပ်နိုင် သည်။
တကယ်က ဝန်ထမ်း card မပါခဲ့ သဖြင့် မပြင် မထွက်လို
၍သာ စိုးကြီး လိမ်ညာပြောဆိုခဲ့ခြင်းပင် "တခါ တလေ ပင်
ဖြစ်စေ မေ့လျော့ တန်ခြင်း သည်မကောင်း" ဟုသူ့ ဖုန်း
note လေးတွင် ရေးပီး မှတ်သားထားလိုက်သည် date
နှင့် တကွ ပီးနောက် သူအလုပ်ဆက်လုပ်နေခဲ့သည်။
12 :23pm လောက်ကျ ကိုမျိုး ရောက်လာသည် လက်
ထဲ တွင်ပါဆယ် ထုတ်ကြီးနှင့် "စိုးကြီးရေ ဆာနေပီလား
ရော့ ဝုန်းလိုက်တော့ " ဟုဆိုကာ ထမင်းကြော် ဘူးနှင့်
အမ်းငွေကို လှမ်းပေးသည်။ စိုးကြီးလဲ ဆာဆာ နှင့် အမြန်
ယူပီးစားလိုက်သည်။တစ်ဝမ်းတစ်ခါး အပူလေးခဏတော့
့ငြိမ်းသွားလေပီ နောက်ဆို သတိကပ် ပီး ဆင်ခြင်ရမည်
ခုတလောအလုပ်ကိုဘဲ အာရုံ စူးစိုက်နေမိသဖြင့်တော်ယုံ ကိစ္စ များကို သိပ့်အလေးမထား မိခြင်းပင် အရာရာ တိုင်း
ကစပ်စပ် နေသည် ဟု သူပြန်တွေးမိလေပီ အတွေးတို့က ဟိုတစ်စ ဒီတစ်စ ဖြင့် လွင့်မျော ရင်း အတိတ်ဆီ သို့ ခဏ
ပြန်ရောက်သွားသေးသည် သတိ ဝင်လာပီး တစ်ချက်ပြုံး
ကာ အလုပ်ဆက်လုပ်နေစဉ် "ဝုန်းး ခနဲ ပေါက်ကွဲ သံ ကြီး နှင့် အတူ နားတွေပူထူ သွား ပီး အခန်း တစ်ခုလုံး ရိုဖရဲ လဲ လဲ ကွဲကွဲ ဖြစ်ကုန်တော့သည် မီးခိုး နံ တွေ ကြား ပြေးသူ
ပြေး အော်သူအော် နှင့် စိုးကြီး လည်း သူ့အိတ်လေး ယူ
ပြီး ထရပ်လိုက်စဉ် နောက် ထပ် ပေါက်ကွဲ သံတစ်ခု "ဝုန်းးးးးးးးးးးး"

Author-kyawkohtet@kyawkohtet

ဆက်လက်ကြိုးစားပါဦးမည်

Cracker Life အပိုင်း (၂) | Ecency