ပြောင်းလဲ သွား တတ် တဲ့အရာတွေ ထဲ မှာ အချစ် ဆိုတာလဲ မပါ မဖြစ်ပါနေခဲ့မယ်
ထင်ပါတယ်။ တစ်ချို့ ကပြောကြ တယ် လူတစ်ယောက် က လူတစ်ယောက် ကို ချစ်
မိပီ ဆိုရင် သူ့ရဲ့ အားနည်းချက် အားသာချက် အရာ အားလုံး ကိုခွင့်လွှတ်နားလည်
ပေးပီး ချစ်နိုင်ကြတယ်။ ဆိုတော့ ဆင်းရဲ ချမ်းသာ ရုပ်ဆိုးခြင်း ရုပ်လှခြင်း အသိုင်းဝိုင်း
စသဖြင့် များစွာသော ခြားနား ခြင်းများ ပညာ အရည်ခြင်း အလုပ်ကိုင် အဆင့်တန်း
ဆိုတဲ့ အရာတွေ ဟာ ချစ်မိသူ နှစ်ဦး သို့ တစ်စုံ တစ်ယောက်ကို မတားဆီး နိုင်ကြ
တော့ဘူး ဟုဆိုကြပြန်ပါတယ်။ဒါက ချစ်စိတ် မွှန်နေချိန် မှာတော့ ဟုတ်ကောင်း ဟုတ်
ကြပါလိမ့်မယ်။ ကံကောင်း ထောက်မ သူများက တော့ မိမိ ချစ်သူ နှင့် ပေါင်းဖက် ဘဝ
တစ်လျှောက်လုံး ပျော်ရွှင်စွာ လက်တွဲ နိုင်ကြသလို တချို့သောသူများမှာတော့ ဝေး
ကွာခြင်း ခြားနားခြင်းက စအကြောင်းပြု နောက်ဆက်တွဲ သံသယ စိတ်များ နဲ့ စိတ်စမ်း
ခြင်း စမ်းသပ်ခြင်းများ ပြုလုပ်ကြပါတယ်လိုချင်သော target မပြည့်လျင် ပင် မချစ်တော့
သလိုမယုံ ကြည် သူတစ်ခြားတစ်ယောက်ရနေပီလား ငါမရှိရင်ဆိုသော အတွေး
သံသယများ မယုံကြည် စိတ်များ သဝန်တိုစိတ် နောက်ဆက်တွဲ စဉ်းစားဆင်ခြင်မှု
များနည်းပါး လာပါပီ စိတ်ထင် ရာလျှောက်လုပ်ကြတော့သည် နားလည်မှု ဆိုသောအ
ရာလေး တစ်ခုတောင် မရှိတော့ရင်ဖြင့် ဘယ်လိုအဆင်ပြေနိုင်ကြပါမည်နည်း။
နားလည်မှု ဆိုသည့် အရာမှာ ချစ်ခြင်း မုန်းခြင်း တစ်ခု အားခြားနားခြင်းကို ဖော်ပြ
ပေးနိုင်လေ သည် စိတ်ဆိုး မုန်းတီး မှု များနေသော လူတစ်ယောက်သည် မအိပ်နိုင်
မစားနိုင် ဘယ်သို့သော အရာကိုမျှ အလိုမကျဘဲ မြင်သမျှ လုပ်နေသမျှ ကြားရ နေရသ
မျှဒေါသ မောဟ တို့ဖြင့်သာမြဲ ပြည့်နေစေ သဖြင့် ဘယ်လို အေးချမ်းပါဦးမည်နည်း။
အချစ် ကချို မြိန် သည် ဟု ဆိုသည် အမုန်းက ခါးသည် ဟုဆိုသည် အချို နှင့် အခါး ခွဲ
တတ် ပီး အခါးကြိုက်တတ်သူ ရှိသည် အချို ကြိုက်သူ ရှိသည် ကျွန်တော့်မိတ်ဆွေ
ခင်ဗျား တို့ရော ဘာကို ကြိုက်နှစ်သက်ကြပါ သလဲ ခင်ဗျ။
ဝေးကွာခြင်း ဆိုသော အရာ တစ်ခုဟာ ချစ်ခြင်း မုန်းခြင်း ကို အဓိက ခြားနားစေသော
အချက်တစ်ခုဟု လုံးဝ သတ်မှတ်လို့ မရနိုင်ပါ။ လူခြင်းဝေးကွာ နေသော်လည်း စိတ်
အစဉ် အရ နီးစပ် နိုင်သဖြင့် ထို ဝေးကွာခြင်း အား အဆင်မပြေ မှု ကိုထည့် သွင်း အ
ကြောင်းမပြ အပ်ပေ။
နားလည်မှု ဆိုသောအရာ မှာ အဆိုး တစ်ခုတော့ ဟုတ်မည်
မထင်ပါ သူကသာလျှင် လူခြင်း နီးခြင်းဝေး ခြင်း ထက် စိတ်၏ နီးခြင်း ဝေးခြင်းကို
စွမ်းဆောင်မှု တစ်ခုအနေဖြင့် ဆုံးဖြတ်ပေးနိုင်သည်။ နားလည်မှု power တစ်ခုဟာ
အချစ်မှာ အရေးပါ ဆုံး တစ်ခုအဖြစ် ပါဝင်နေ ရခြင်းမှာ ငြိမ်းချမ်းမှု ပျော်ရွှင်မှု သာယာမှု
ထိုထို သောအရာများ အပြင် စိတ်ချမ်းသာ မှု ကိုလည်း ပေးစွမ်းနိုင်သောကြောင့်ဖြစ်
လေသည်။ တချို့ ကလည်း ပြောကြပြန်တယ် အချစ်ဆိုတာ သူကိုယ့်ကို ချစ်သည်
ဖြစ်စေ မချစ်သည် ဖြစ်စေ ကိုယ်က ချစ်နေ ဖို့ဘဲ လိုတယ် ဟုဆိုကြပြန်ပါတယ်။
ဒါဆိုရင် အသေချာပါ အချစ်ဆိုသောအရာ တစ်ခုကြောင့်ကျွန်တော် တို့ကြားမှာ လှုမှု
ရေး စီးပွားရေး ပြဿနာ နှင့်ပါတ်သတ်ပီး တစ်စိုး တစ်စိ မှ ထိခိုက်စရာ မရှိပါချေ။
အချစ်ဆို တာ ချစ်နေဖို့ လိုတာလဲ အမှန်ပါ အချစ် ဆိုထဲက အမုန်းမှ မဟုတ်တာ
အမုန်း မီးစ အနည်းကျည်း တောင် မပါပါဘူး အချစ် လို့သုံး လိုက်ပီ ဆိုကတည်းက ပီး
ပြည့်စုံနေပီလေ မိသားစု အပေါင်းသင်း ဆရာနဲ့ တပည့် လူသားအချင်းချင်း ချစ်သူ နှစ်
ဦး ပြည့်စုံစေ ပါတယ် အရာရာ ကို တစ်ဦး တစ်ယောက်က တစ်ဦး တစ်ယောက်ကို
ချစ်မိ ပီဆိုကတည်းက ထိုသူ၏ ကောင်းကျိုး ကိုသာ အဓိက ထားလို့ အမုန်း ဆိုသော
အရာ များမှာ ထိုသူ ကိုထိခိုက် နစ်နာ အောင် လုပ်သော သူ များ အတွက် သာ ရှိပေ
လိမ့်မည်။ ကျွန်တော်ထင်တယ် အချစ် ဆိုတဲ့ အရာ ဟာ အရာရာ ပြီးပြည့်စုံ စေလိမ့်
မယ်လို့။
ကောင်ကလေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ဖြစ်စေ ကောင်မလေး
တစ်ယောက် က ကောင်လေးတစ်ယောက် ကို ဖြစ်စေ ချစ်မိသွားပီ ဆိုလျင် ထိုသူရဲ့
အတိတ် မှစ လက်ရှိအချိန် အလယ် အနာဂတ်နေဝင် ချိန်ထိကို သူ့ကောင်းကျိုး ကို
သာရှေး ရှု အမြဲ တစေ စောင့်ကြည့်နေ တတ်သဖြင့် အတိတ်ရဲ့ ကောင်းသည်
ဆိုးသည် များမှ ကောင်းသော အချက်များ သာထုတ်ဖော် ချီးကျုး လေ့ ရှိပီး ရင်နာ
စရာ ဝမ်းနည်းစရာ များကို မူ တိုက်ဆိုင် ခြင်း ဖြစ်ပေါ် လာခြင်း အဖြစ်သို့ ရောက်
ရှိလာလျင်တောင် နားလည်လေးတတ် ကြလေသည်။ အချစ် ဆိုသည့် အရာမှာ
အလုံးစုံ ပြီးပြည့်စုံ ခြင်း မဟုတ်သည့်တိုင် လူတစ်ယောက်ရဲ့ ဘဝ ကိုပြောင်း
လဲ သွားစေရန် အထူး တလည် အထောက်ကူပြုနိုင်သည်။ အချစ်ကြောင့်ဘဝ ပျက်
သွားနိုင်သလို အချစ်ကြောင့် အောင်မြင်သွား သူများလဲ ရှိသည်။
အချစ်ဆို တဲ့ အရာ
ဟာကမ္ဘာ ဦးကစလို့ ယခုထိတိုင် လူသားများကြား မှာ စိမ်းကား မသွားဘဲ နေ့စဉ် နေ့
တိုင်း ညစဉ်ည တိုင်းပါဝင်နေဦးမည် ဖြစ်သည်။ နောက်ဆက်တွဲ ဖြစ်သော အမုန်း
ဆိုတာလဲ ပျောက်ကွယ် မသွားသေးသောကြောင့် မိမိ တို့ကိုယ် တိုင် တစ်ဦး တစ်
ယောက်ကို ချစ်မိ ပီ ဆိုရင် ဖြင့် နားလည်မှု ဆိုသော သစ်ပင်လေး ကိုကြို တင်စိုက်
ပျိုး အပ်ပေသည်။ အချစ်နဲ့ အမုန်းကြားက နား လည် မှု လေးသာ ရှိခဲ့ ကြမယ် ဆိုရင်
ကျွန်တော်တို့ ကမ္ဘာကြီး ကျွန်နော် တို့ဘဝ တွေဟာ အမြဲ ငြိမ်းချမ်းနေတော့မည် သာ
မျော်လင့်မိပါတယ် နားလည်မှု သစ်ပင်လေး တွေ ကမ္ဘာ အနှံ့ပေါက် ဖွား ပီး ချစ်တတ်
သူတိုင်း ပျော်ရွှင် ကြဖို့ ကျွန်တော်လဲ ပျော်ရွှင်ချင်တယ်။
Photo from google
Author @kyawkohtet
MSC-227