တကောင်းကအိုး တကောင်းအိုး

Words
142
Reading
1 min
9y
Listen to this post
~1 min

image

အောက်ခြေ လုံးပြီး လည်ရှည် တဲ့ အိုးကို
" တကောင်း " လို့ခေါ်ကြပါတယ်။
ညောင်ရေ တကောင်း လို့လဲ ခေါ်ကြပါသေးတယ်။
1997 ခုနှစ်လောက် က ပျူ မြို့တော်ဟောင်း တကောင်း ကို
ဆရာကြီးဦး မောင်မောင်တင် နဲ့ ရောက်ကြတော့
တကောင်း ဘိုးတော်ကြီး နတ်ကွန်း နဘေးမှာ ဒီလို တကောင်းတွေကို
အပုံလိုက် တွေ့ ရလို့ ဆရာကြီး က ဘိုးတော်ကြီး နတ်ကွန်း က
အသက်ကြီးကြီး နတ်ကတော်ကြီးကို ဘာလုပ်ဖို့ လဲ လို့မေးကြည့်တော့
တကောင်း ဘိုးတော်ကြီးနတ် ကို တင်သ ချင်ရင် ဒီလို တကောင်း
မျိုးနဲ့ တင်ရပါတယ် ။ရှေးအခါကတော့ တကောင်း မှာ အိုးလုပ်ကြလို့
တကောင်း အိုး ကို တကောင်းမှာဘဲ လုပ်ပြီး နတ်တင်ကြပါတယ်။
နောက်ပိုင်း တကောင်းမှာ အိုးမလုပ်ကြတော့အခါ နတ်တင် ဖို့ က
လိုအပ် နေတော့ တကောင်း အိုး အဟောင်း ကို ပုံစံ ပေးပြီး ဗန်းမော်
နားက" ရွှေကူ "ကို လှမ်းမှာ ရ ပါတယ် ။ ရွှေ ကူ က အိုးသည်တွေ က
တကောင်း က မှာ တဲ့ အိုး လို လည်ပင်း ရှည်ရှည် အိုးကို "တကောင်းအိုး"
လို့ဘဲ ခေါ်ကြတာ မို့ အခုခေတ် မှာ ဘယ်ဒေသ ကဘဲ လုပ်လုပ်
တကောင်းအိုးလို့ ဘဲ ခေါ်နေကြတယ် လို့ ပြောဖူး တာကို မှတ်သားခဲ့ရပါတယ်။
တကယ်တော့ ဒီအိုးပုံစံမျိုးဟာ မြန်မာပြည်မှာ ကြေးခေတ် ကာလ
ကထဲက သုံးခဲ့ကြတာပါ ဟန်လင်း မှာလဲ ကြေးခေတ်နဲ့ဆိုင်တဲ့နေရာ
တွေမှာ ဒီအိုးမျိုးတွေ တွေ့ရ တတ်ပါတယ်။ ထိုင်းနိုင်ငံက ကြေးခေတ်
"ဘန်ချိုင်း" ဒေသမှာလဲ ဒီလို လည်ပင်းရှည် တကောင်း အိုးမျိုး
တွေ့ဖူးပါတယ်။
ပုံမှာပြထားတာကတော့ ဟရီဘုဇ္ဇျန က အိုးနမူနာပါ ။

တကောင်းကအိုး တကောင်းအိုး | Ecency