Stillness 44

kothan(28)
Published in
#esteem
Words
49
Reading
1 min
Listen
Play
8y

image

Stillness 44


အလိုဆန္ဒတွေ ...
ဘယ်တော့ဆုံးနိုင်မလဲ ...

ဆန္ဒတွေဆိုတာဟာလည်း
လိုအင်တောင့်တမှုတွေကို
အဆက်မပြတ် ဖန်တီးနေတတ်တယ် ...

တကယ်တော့
အလိုဆန္ဒတွေ ဆိုတာကလည်း
ဖြစ်သင့်ဖြစ်အပ်တာထက်
အမြဲ ပိုများနေပါတယ် ...

ဒါကြီးကို လိုချင်တယ် လိုချင်တယ်
ဖြစ်တယ်...
ရအောင်လုပ်တယ် ...
ရပြီ...

image

အဲဒီအခါ စိတ်က
ဒါကြီး ရပြီး
ဘာလို့ ဟိုဟာကြီးက မရ ရတာလဲလို့
တွေးပြန်တယ် ...

ဆန္ဒတွေဟာ
လူကိုအဆက်မပြတ်လှုပ်ခါနေတယ်...

ပြည့်ဝလိုတဲ့အလိုဆန္ဒနဲ့
ငြိမ်ငြိမ်သက်သက်အတူတကွနေတတ်ဖို့
ကြိုးစားရတဲ့ကိစ္စဟာ
ကိုယ့်ကိုယ်ကိုယ်ပစ်ပယ်လိုက်ရသလိုလည်း
ဖြစ်တယ် ...

ဒါပေမယ့်
ဒီပစ်ပယ်မှုထဲမှာ
ငါ့အင်အားကိုတွေ့ရလိမ့်မယ်လို့
ငါသိတယ် .. ..

image

Stillness 44 | Ecency