မေးခွန်း

kothan(28)
Published in
#esteem
Words
144
Reading
1 min
Listen
Play
8y

image

မေးခွန်း

အတန်းထဲကို ဆရာကဝင်လာတယ်။

ဂီတသင်ခန်းစာတွေပို့ချတယ်။ လက်တွေ့လည်း စန္ဒရားကို တီးခတ်ပြနေတယ်။ တပည့်တွေအားလုံး ဆရာရဲ့ ဂီတမှာ နစ်မြောသွားတယ်။ ပြီးတော့ လက်ခုပ်သြဘာပေးလိုက်တယ်။

“မင်းတို့ကို မေးခွန်းတစ်ခုမေးချင်တယ်”

ကျောင်းသားတွေက လက်တွေ့စစ်ဆေးမယ်ထင်ပြီး စိတ်ဓာတ်တွေ တက်ကြွနေတယ်။ ဒါပေမဲ့ ဆရာက

“အမျိုးသမီးကြီးတစ်ယောက် ကိုယ်ဝန်ရှိနေတယ်။ သူ့မှာ ကလေး ၈ ယောက်လည်းရှိတယ်။ ၃ ယောက်က နားမကြား၊ ၂ ယောက်က မျက်စိမမြင်၊ တစ်ယောက်က ဉာဏ်ရည်မမီ၊ ပြီးတော့ အဲဒီ အမျိုးသမီးကြီး ကိုယ်တိုင်မှာ ကာလသားရောဂါကလည်း ဖြစ်နေသေးတယ်”

image

ဆရာက စကားကို ခေတ္တဖြတ်လိုက်တယ်။ ကျောင်းသားတွေက စိတ်ဝင်စားလွန်းလို့ မျက်လုံးလေးတွေ ပြူးနေကြတယ်။

“ကဲ … မင်းတို့ ဖြေကြည့်ကြစမ်းပါ။ အဲဒီ အမျိုးသမီးကြီးဟာ သူလွယ်ထားရတဲ့ ကိုယ်ဝန်ကို မွေးသင့် သလား၊ ဖျက်ချသင့်လား”

ကျောင်းသားတွေကြားထဲမှာ မုန်တိုင်းတစ်ခုဖြစ်သွားတယ်။

“ဟာ … သနားပါတယ် … ဖျက်ချသင့်တာပေါ့”

“ကလေးတွေအများကြီးပဲ … တစ်ယောက်မှလည်း အကောင်းမရှိဘူး။ နောက်မွေးလာတာလည်း တစ်ခုခု ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ မမွေးသင့်ဘူး”

ကျောင်းသားတွေ ဆူညံနေပြီ။ အများစုက အဲဒီကလေးကို မမွေးသင့်ဘူး၊ ဖျက်ချသင့်တယ်ဆိုပြီးတော့ ဝိုင်းဆွေးနွေးကြတယ်။

ဆရာကပြုံးလိုက်တယ်။

“စောစောက ဆရာတီးလိုက်တဲ့ တေးသွားတွေကို ဘယ်သူရေးစပ်ခဲ့တာလား သိကြသလား”

“ဘီသိုဗင်ပါဆရာ”

“ငါ့တပည့်တွေ တော်လိုက်တာ။ ဘီသိုဗင်ကိုကြိုက်သလား”

“အရမ်းကြိုက်”

“ဘာကြောင့်ကြိုက်”

“သူ့လို ပါရမီရှင်ဟာ တစ်ခေတ်တစ်ယောက်။ နောက်ထပ်ပေါ်ထွန်းဖို့မလွယ်”

“ကဲ … ဆရာ မင်းတို့ကို မေးထားတဲ့ မေးခွန်းကို ကိုယ်တိုင်ပဲ ဖြေပေးသွားမယ်။ မင်းတို့ စောစောက ဒုက္ခပေါင်းစုံ ရောက်နေတဲ့ အမျိုးသမီးကြီးရဲ့ ကိုယ်ဝန်ကို ဖျက်ချသင့်တယ်လို့ ပြောကြတယ်နော်”

“ဟုတ်ပါတယ်။ မယူသင့်ပါဘူး”

“အေး … မင်းတို့လို စိတ်ထားရှိရင် ဘီသိုဗင်ဆိုတဲ့ ပါရမီရှင်ကြီးဟာ ပေါ်ထွက်လာနိုင်စရာ အကြောင်းတောင် မရှိဘူး။ အဲဒီ အမျိုးသမီးကြီးမွေးခဲ့လို့ ပြုစုစောင့်ရှောက်ခဲ့လို့ ဘီသိုဗင်ဆိုတာ ဖြစ်လာတာ။ ခုငါတို့ ခံစား တီးခတ်နေတဲ့ သီချင်းတွေ ဂီတတွေကို သူဖန်တီးခဲ့တာပေါ့”

(Ethical Question)

တင်ညွန့်

photo : google

image