စိတ်တော့ထိန်းပေါ့စကားလမ်းကြောင်းကိုပြောင်းပြီး ရုတ်တရက်တော့ မပြောလိုက်နဲ့ပေါ့နော် သူ့သိက္ခာလည်း ရှိသေးတာကိုးဟဲ့ စကားလမ်းကြောင်းပေါ်ရောက်အောင် ဆွဲခေါ်ပြီးမှ ပြောပါလေသွားတွေ့ရင်အဖွဲ့လိုက်တွေ့ပါ
နှစ်ယောက်တည်းတွေ့ဖို့ မကြိုးစားပါနဲ့ဦးနော် အဖွဲ့လိုက် ဆုံမယ့် နေရာမျိုးမှာ စကားပြောပါနော်ကိုယ့်ဘက်ကအရင် နှစ်ယောက်တည်းတွေ့ဖို့ ချိန်းလိုက်ရင် သူ အထင်လွဲသွားနိုင်တယ်လေ မိန်းကလေးတွေပေါင်းသလို မပေါင်းနဲ့ နော်မိန်းကလေးအချင်းချင်းဆိုရင် သာလိကာတွေလို တတွတ်တွတ် စကားတွေ ပြောနေကြတာလေနောအတင်းတွေလည်းအုပ်ပေါ့အစားတွေလည်းစား စကားတွေလည်းများကြတာလေဒါပေမဲ့ ယောက်ျားလေးမိတ်ဆွေတွေနဲ့ဆိုရင်တော့ ဒီလိုပေါင်းလို့မရဘူးလေအထူးသဖြင့် ကိုယ်လေးစားရတဲ့ ယောက်ျားလေးတွေနဲ့ ခင်မင်ချင်ရင် မိန်းကလေးသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုမူသလိုမျိုးတွေကို မလုပ်မိပါစေနဲ့အထင်သေးစေနိုင်တယ်လေ အသားကိုမထိရဘူး နော်
စကားပြောရင်း အားပါပြီး လက်နဲ့ပုတ်တာနွေအသားချင်းထိမိတာတွေ မလုပ်မိဖို့ သတိထားပါလေသူတို့ကို အထာပေးတယ်တို့အီစီကလီလုပ်တယ်လို့ ထင်သွားရင် မကောင်းဘူးနော်ကိုယ်ကလည်း အထင်မခံချင်ဘူးမို့လားသေချာနေထိုင်ပါနော်နောက်မှဟှာဖြစ်တယ်မလုပ်ပါနဲ့