သူလိုလူဖြစ်အောင်

kosithu(41)
Published in
#esteem
Words
77
Reading
1 min
8y
Listen to this post
~1 min

ဆိုင်းရက် ကားတစ်ဆိုသောသူဌေးကြီးတစ်ဦးသည် ရှေးယခင်က အလွန်အောင်မြင်သော သူကြွယ်တစ်ဦး
ဖြစ်ပါလေသည်။ ဆိုင်းရက်သည် တစ်ထောင့်ရှစ်ရာငါးဆယ်တွင် မွေးဖွားကာတစ်ထောင့်ကိုးရာ သုံးဆယ့်သုံး
တွင် ကွယ်လွန်ခဲ့ပါလေသည်။ သူသည် စာအုပ်ထုတ်လုပ်သော လုပ်ငန်းဖြင့်ကြီးပွားချမ်းသာလာသူဖြစ်လေသည်
ယူအက်ဒေါ်လာ သန်းနှစ်ရာခန့်အထိချမ်းသာခဲ့ပါလေသည်။ ယနေ့ ငွေတန်ဖိုးနှင့်ဆိုလျှင်တော့ ယူအက်ဒေါ်လာ
ဘီလျံသုံးဆယ်ခန့်အထိ ချမ်းသာသူဖြစ်ပါလေသည်။ သူ့ငယ်ဘ၀သည် သာမန်သူဆင်းရဲတစ်ဦးသာဖြစ်ခဲ့ပါသည်

ငယ်စဉ်တုန်းက သူနေထိုင်ရာအိမ်သည် မီးလောင်သည့်အထဲတွင်ပါခဲ့လေသည်။ သူ့အသက် ဆယ့်ခြောက်နှစ်
အရါယ် တွင်ျေကာင်းမှ ထွက်ခွာလာခဲ့ရပါလေသည် ငယ်ရွယ်တုန်းအခါမှာပင် အလုပ်ခွင်သို့ရောက်ရှိနေပြီ
ဖြစ်ပါလေသည်။ သူသည် သတင်းစာလုပ်ငန်းထဲသို့ ငယ်စဉ်ကတည်းကပင် ၀င်ရောက်လုပ်ကိုင်ခဲ့ပါလေသည်။
တစ်ထောင့်ရှစ်ရာခုနှစ်ဆယ့်ကိုးခုနှစ်တွင်ထရီဗြွန်းနှင့်ဖားမား ဟူသောသတင်းစာကိုထုတ်ဝေခဲ့ပါလေသည်။
သူ့ဇနီးဖြစ်သူရေးသားထားသော အမျိုးသမီးများအတွက် ဆောင်းပါးတစ်ကော်လံစာကိုလည်း ထည့်သွင်းဖော်ပြ
ခဲ့လေသည်။ ထိုဆောင်းပါးတစ်ကော်လံသည် မထင်မှတ်ဘဲအောင်မြင်သွားလေရာ အမျိုးသမီးဂျာနယ် အဖြစ်
လုပ်ငန်းများ ထပ်မံချဲ့ထွင်ထုတ်လုပ်ခဲ့လေသည်။ စောင်ရေများစါာရောင်းချခဲ့ရလေသည်။

ပထမတစ်နှစ်တည်းမှာပင် စောင်ရေနှစ်သိန်းအထိဖြန့်ဖြူးရောင်းချနိုင်ခဲ့လေသည် တစ်ထောင့်ရျစ်ရာကိုးဆယ့်
ခုနှစ်ခုနှစ်တွင် သည်စက်တာအေးအီးဗင်းနင်းပို့စ် ကို ဒေါ်လာတစ်ထောင်ဖြင့် ၀ယ်ယူလိုက်ပြီးတော့ လုပ်ငန်း
များ တိုးချဲ့လုပ်ကိုင်ပြန်ပါသည်။ သတင်းစာစောင်ရေများကို အရင်ကထက် တိုးပြီးထုတ်ဝေလိုက်ရာ သူသေဆုံး
သည့်အချိန်တွင် စောင်ရေပေါင်းနှစ်သန်းကျော်သုံးသန်းနီးပါးအထိထုတ်ဝေနိုင်ခဲ့လေသည်။ အမေရိကန်သားများ
ထဲတွင် သူသည် ရောင်းဝယ်ခြင်းအတက်ပညာကို တဖက်ကမ်းခက်မျှတက်မြောက်သူဖြစ်ခဲ့လေသည်

သူလိုလူဖြစ်အောင် | Ecency