မျက်လှည့်ပညာရှင်ကြီး

kosithu(41)
Published in
#esteem
Words
92
Reading
1 min
Listen
Play
8y

ဟာရီဟူဒီနီသည် တစ်ထောင့်ရှစ်ရာခုနှစ်ဆယ့်လေးတွင်မွေးဖွားပြီးတော့ တစ်ထောင့်ကိုးရာနှစ်ဆယ့်ခြောက်တွင်
သေဆုံးခဲ့ပါလေသည်။ သူကျင်လည်ရာ ဘ၀တစ်လျှောက်တွင် သူ့ခေတ်သူ့အခါက အလွန် ထင်ရှားကျော်ကြား
သော မျက်လှည့်ဆရာတစ်ဦးဖြစ်ခဲ့ပါလေသည်။ သူ့ရဲ့ ခက်ခဲလှသော ထူးဆန်းလှသော ပြကွက်များကြောင့်
အထူး ထင်ရှား ကျော်ကြားလာသူဖြစ်လေသည်။ သူသည် နှောင်ကြိုးတွေ လက်ထိပ်တွေ သံကြိုးအနှောင်အဖွဲ့တွေ
က လွတ်မြောက်အောင် စွမ်းဆောင်နိုင်သည့် ပါရမီရှိလေသည်။ အလွန်တော်သောသူဖြစ်ပါလေသည်။
သံရိုက်ပြီး ပိတ်ထားသော သေတာထဲကနေ လွတ်မြောက်လာအောင် စွမ်းဆောင်နိုင်သော ပါရမီရှင်တစ်ဦး
ဖြစ်ပါလေသည်။ သူသည် အချုပ်အနှောင်အမျိုးမျိုးထဲက လွတ်မြောက်အောင် လုပ်နိုင် မလုပ်နိုင် စိန်ခေါ်စမ်းသပ်
ခြင်း ခံနိုင်သူလည်းဖြစ်ပါလေသည်။ ဟူဒီနီကတော့ သူ့အပေါ် စိတ်ခေါ်လာသော အရာမှန်သမျှကို တစ်ခုမှမငြင်း
ဆိုဘဲ လက်ခံလို့ယှဉ်ပြိုင်ခဲ့သူဖြစ်လေသည်။ သူ့ရဲ့ ထူးခြားလှသော ပါရမီကြောင့် အနှောင်အဖွဲ့အမျိုးမျိုးကလည်း
လွတ်မြောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါလေသည်။ သူ့ရဲ့ အစွမ်းအစတွေကို ရျင်းလင်း ပြောပြနိုင်သော်လည်း
သာမန်ဦးနှောက်တွေ လူဗိန်းလူညံ့တွေနဲ့တော့ နားလည်သဘောပေါက်နိုင်စွမ်း ရှိကြမှာ မဟုတ်ပါဘူးလို့သူက
ဆိုပါလေသည်။ သူသည် သူ့အတက်ပညာနဲ့ ပတ်သက်လို့ လည်း သူကိုယ်တိုင် နက်နဲစွာ နားလည်သဘောပေါက်
ထားသူဖြစ်လေသည်။ သူ့ရဲ့အစွမ်းမျက်လှည့်ပာကိုလည်း သေသေချာချာ မပြင်ဆင်ဘဲနဲ့တော့ ပြလေ့မရှိပါဘူး
သူ့ကိုသူလည်း ရုပ်ပိုင်းဆိုင်ရာအရ သင့်တော်ဆုံးဖြစ်ဆောင် ပြင်ဆင်ထားတက်ပါလေသည် သူသည် အောက်လမ်း
ပညာနဲ့ မှော်အတက်တွေကိုလည်း ရွံမုန်းသူဖြစ်လေသည်။ဒီပညာတွေကို လိမ်လည်လှည့်ဖျားသောအရာတွေနဲ့
မရောနှောစေခဲ့သူဖြစ်လေသည်။သူများတွေလိမ်လည်နေသည်ကိုလည်း အခွင့်သာတိုင်း ဖွင့်ချတက်သူဖြစ်လေသည်
အောက်လမ်းအတက်ပညာတွေကိုလည်း စနစ်တကျသုတေသနလုပ်ကာ ထုတ်ဖေါ်ဖွင့်ချလေ့ရှိပါသည်။

မျက်လှည့်ပညာရှင်ကြီး | Ecency