ဘေးကင်းသောသြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ ဓါတ်မြေသြဇာများ ဓါတုပိုးသတ်ဆေးများမပါဝင်ပဲ
သဘာဝအတိုင်း စိုက်ပျိုးထား သော စိုက်ပျိုးနည်းကို ဆိုလိုပါတယ် ဟင်းသီးဟင်းရွက်များသည် လူတိုင်း နေ့စဥ
်စားသုံးနေရသော အာဟာရ ဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်ပါတယ်
မိမိခြံနောက်ဖက်တွင် ကိုယ်တိုင်စိုက် ပျိုး ထုတ်လုပ်နိုင်ပါတယ်အလွန် ရိုးရှင်းလွယ်ကူသည့်အပြင် မိမိကလေးများနှင့်လည်း
အတူတကွပျော်ရွင်စွာ ဆောင်ရွက်နိုင်ပါတယ်ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ပိုးသတ်ဆေးများနှင့်
မြေသြဇာများ သုံးစွဲခြင်းဖြင့် ကျန်းမာရေးနှင့် ပါတ်ဝန်း ကျင်ကို ထိခိုက်စေကြောင်း လူထုကသတိပြုမိပြီး ဖြစ်ပါတယ်