ဟိုတုန်းကတည်းကပါအေ

Words
82
Reading
1 min
9y
Listen to this post
~1 min

မြန်မာဧရာဝတီမြစ်၏ အောက်ပိုင်း အကြေအရပ်တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ် အတွင်း မျှောလိုက်လေ၏ မြစ်မှာ မျှောပါရင်း မျက်စိမြင်လေ၏ဦးကြီးရသေ့နှင့် တွေ့လေ၏ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေလေ၏ခရစ်မပေါ်မီ အနှစ် လေးရာကျော်က ဖြစ်သည်တဲ့လေ မြို့တော်မှာ ဂြီက္ဗေတြအသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ သရေခေတ္တရ ဖြစ်လာလေ၏ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်လေ၏ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် တ္ဒဗံ့မင်းကြီးဖြစ်လာလေ၏ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူလေ၏ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊ ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်လေ၏
သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ ဘုန်းကြီးကျောင်းမြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့လေတော့၏

ဟိုတုန်းကတည်းကပါအေ | Ecency