တန်ဖိုးထားခြင်း အနုပညာ

Words
161
Reading
1 min
Listen
Play
8y

FB_IMG_1521526583245.jpg

Credit Facebook image

နေရောင်က ဖြိုးဖြိုးဖြတ်ဖြတ် ။

ဘယ်အရာဝတ္ထုကို ကျေးဇူးစတင်ရမှန်းမသိ

သော အာရုံဦးရဲ့ နေသစ်လေး ။

အသုံးမတည့်နိုင်သေးသော ဘဝ ရဲ့နေ့စွဲများ။

ပြန်မတွေးချင်မိသော်လည်း အတိတ်ရဲ့

ဝမ်းနည်း ပျော်ရွှင်ခြင်း တွေက

ရေခဲတုန်းလေးလိုပါပဲ အေးစက်စက်အရည်
ပျော်သွားပါပြီ ။

အနာဂတ် ဆိုတာ

စာလုံးလေး ပေါင်းဖြစ်ခဲ့ရုံကလွဲလို့ ဘာမှန်းကို

မသိသေးပါဘူး ( ကိုယ်ကအသုံး
မကျတာဆိုရင် ပိုမှန်တာပေါ့ ) ။

ပစ္စုပ္ပုန် ဆိုတာလည်း ဒီလိုပါပဲ

အခုချိန်ထိတော့ ဘဝ က

လုံးချာ ပက်ချာဖြစ်နေတာပဲ ။

FB_IMG_1521526589988.jpg

Credit Facebook image

ခိုနားခဲ့ရာ သစ်ရိပ်ပင်ကြီးလည်း
အိုလာပါပြီလေ …

နည်းစနစ်ကျ မတွေးခေါ်တတ်ခဲ့တဲ့ကျွန်တော် ။

လောကကြီးမှာ နည်းစနစ်ကျကျ
မနေထိုင်တတ်ခဲ့တဲ့ ကျွန်တော်

မျက်နာသာမရခဲ့တာ ဘယ်သူ

ဘယ်ဝါ ဘယ်အရာဝတ္ထုကိုမှ

အပြစ်မဆိုသင့်ဘူး ( အပြစ်မရှိကြပါဘူး ) ။

ကိုယ့်ရဲ့ အပြစ်လို့ ကိုယ်ကိုတိုင်ပြန်သိလိုက်တဲ့

အသိစိတ် လေးကိုပဲ

ကျွန်တော် တန်ဖိုးထားလိုက်ပါတယ် ။

ဘဝက - သိနေရုံနဲ့မပြီး ။ ခံစားနေရုံနဲ့လည်း

အရာမဝင်ပါဘူး ။

စိတ်ဓာတ်ကျတိုင်း ခွန်အားရှိသော

' တရား - စကား ' ဆေးလုံးတွေ သောက်ဖို့လိုတယ် ။

ပြိုလဲကျတိုင်း ပြန်ရုန်းထနိုင်ရမယ့်

ခွန်အားတွေ ရှိနေဖို့လိုတယ် ။

ဘဝ ကတိုက်ပွဲဆိုရင် ချောင်ခိုနေလို့မဖြစ်

တော်ကြာ ကိုယ့်ရဲ့အရည်ချင်းကို
သိသွားကြလိမ့်မယ် ။

FB_IMG_1521526597052.jpg

Credit Facebook image

ဒါဆို ရင်ဆိုင်ပြီးထွက်တိုက်ရမယ်လေ

ရန်သူတွေ လက်မြှောက် အရှုံးပေးရမယ့် အချိန်ထိ ။

ဘဝ ရဲ့လျှောက်လမ်းတွေမှာ
ရပ်နေကြတာမှမဟုတ်တာ သွားနေကြတာပဲ

တစ်နေ့တော့ ရောက်ကိုရောက်ရမယ်

လောကကြီးက မျက်နှာသာပေးတဲ့

ကျွန်တော်တို့ရဲ့ အောင်မြင်မှု
' သစ်ရိပ်ပင်ကြီး ' ဆီကိုပေါ့ ။

( ကိုယ့်ရဲ့ ' အသိစိတ် ' လေးတွေကို

တန်ဖိုးထားတယ်ဆိုရင် - လေးစားပါ ။ယုံကြည်မှုရှိပါ ။

ကြိုးစားကြပါလို့ myanmar steemitမိသားစုဝင်

အားလုံးနဲ့ထပ်တူ ကျွန်တော် မေတ္တာရပ်ခံရင်း )

အားလုံးကို လေးစားလျှက် …

ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

တန်ဖိုးထားခြင်း အနုပညာ | Ecency