မလှပသော ' စိတ် '

Words
107
Reading
1 min
Listen
Play
9y

IMG_20180325_103329.jpg

စိတ်ကိုက အခုချိန်ထိယောင်ဝါးဝါးဖြစ်နေ

စာတစ်ပုဒ် ရေးမယ်ကြံရွယ်တိုင်း
အကြောင်းရာက ရှာဖွေမရ ။

ဒီလိုနဲ့ -
မဆိုဖြစ်တာ အတော်ကြာနေပြီဖြစ်တဲ့

သီချင်းတွေ ပြန်နားထောင်ဖြစ်တယ် ။

မဖတ်ဖြစ်ခဲ့တာ အတော်လေးကြာနေ

တဲ့ စာအုပ်တွေလည်း ပြန်ဖတ်ကြည့်မိပါတယ် ။

ရည်းစားဦးရဲ့ ဓာတ်ပုံဟောင်းလေးတောင် ပါလာရဲ့

သူ့ရဲ့ အပြုံးကတော့ ကျွန်တော့်ကို လှောင်ရီနေတုန်း

ဒါကိုပဲ အမှတ်မရှိဘဲ သာယာနေမိတဲ့
ကျွန်တော် မိုက်ကန်းနေတုန်းပေါ့ ။

ကျွန်တော့် အတွေးများရဲ့ အကျိုးရလဒ်ကတော့
ထူးခြားမလာပါ ။
( ယောင်ဝါးဝါး ဖြစ်နေဆဲပေါ့ ) ။

စိတ်ကိုက မြေဇာ ' မြက်ပင် ' တွေလိုပဲ
ဟိုနေရာပေါက်လိုက် ဒီနေရာပေါက်လိုက်နဲ့
အတော်ရှင်းရ ခက်သားကိုး ။

ကိုယ်စိတ်ကို ပြန်ဆန်းစစ်ကြည့်တော့
အသိတရားတွေ ကောင်းလာပါလျှက်နဲ့
ရှုပ်ထွေးမှုတွေကို ဦးစားပေးမိနေတုန်း ။
မသေချာ မရေရာတာတွေကိုမက်
မောနေတုန်း ။

ဘဝမှာ - ကိုယ် စိတ် နှစ်ပါးငြိမ်းချမ်းဖို့အတွက်
ဆိတ်ငြိမ်သော ရပ်ဝန်းတွေ။ဆည်းလည်းသံတွေ ။
တရားသံတွေ ရှိတဲ့
အေးငြိမ်းတဲ့ ကျောင်းအရိပ်ဆီကို
ကျွန်တော် ထွက်သွားလိုက်ချင်မိတယ်။

ခမ်းနား ထည်ဝါတာတွေ ကျွန်တော်ပိုင်ဆိုင်ခွင့် မရှိခဲ့ပေမယ် ။

ကျွန်တော့်ရဲ့
စိတ်နှစ်လုံးသားလေးကိုတော့
အေးငြိမ်းချမ်းသာသော ဘဝ လေးတစ်ခုဖြစ်ဖို့

ကျွန်တော် သင်ယူရအုံးမယ် ။

ကြိုးစားရအုံးမယ်လေ … ။

အားလုံးကို လေးစားလျှက်

ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

မလှပသော ' စိတ် ' | Ecency