ကြယ်စင်ရေ…
လွမ်းမောခြင်း တိမ်တိုက်တွေက ငါ့ဆီကိုပဲ အမြဲတမ်းရွေ့လျားနေတာလား
တစ်ခါတလေဆို မင်းကိုသတိရတဲ့စိတ်တွေက ' အရူးတစ်ယောက်ရဲ့သီချင်းသံ ' လို အနားသတ်ကိုမညီပါဘူး ။
တစ်ရွေ့ရွေ့ကုန်ဆုံးသွားတဲ့ ရက်တွေ
လ တွေ နှစ်တွေ ပြန်စဉ်းစားရင် မနေ့ကလိုပါပဲ
နင်ကြိုက်တဲ့ အစားစာလေး
တွေ ငါ အခုချိန်ထိစားတတ်နေတုန်းပါ
နင်ကြိုက်တဲ့ သီချင်းတွေ အခုချိန်ထိဆိုနေတုန်းပါ နင် ပြုံးပြခဲ့တဲ့နောက်ဆုံးနောက်ဆုံး နှုတ်ဆက်အပြုံးလေး ငါမှတ်မိနေတုန်းပါ ။
အချိန်တွေ ကြာခဲ့ပြီ ပြောင်းလဲသွားကြ
ပြီလေ ( ငါလက်ခံ့ပါတယ် ) ။
အရာရာဟာ အရင်အတိုင်း ပြန်ဖြစ်မလာတော့ဘူးဆိုတာ သိပေမယ့် နင်ရှိတဲ့ အရပ်ကို မျက်နှာမှုရင်း ငါ လွမ်းတတ်နေတုန်းပါ ။
ငါ့ကို အပြစ်မဆိုပါနဲ့ တကယ်တမ်းကျတော့
ငါဟာ ' အန္ဓ ' ပုထုဇဉ် သာသာ
မျှပါလေ …
အားလုံးကို လေးစားလျှက်
ညီညီထွန်း
မိုးစက်
written by @ konyinyitun