ဘဝသည် အေးချမ်းနေသလိုနှင့်
တစ်ခါတရံ အပူအအေးမမျှသော
လေပြေရနံ့တွေ ရှုရှိုက်နေရ ။
အိပ်မက်ဆန်သော ပြဇာတ်တစ်ပုဒ် ပြန်စဉ်းစားမိရင်
အလွမ်းတေးတွေ ဆိုငြီးဖြစ်တယ် ။
လူတွေက " အရမ်းခက်တယ်ကွာ " လို့
ဟစ်အော်မိလိုက်ရင် အရင်းဦးဆုံးပစ်လိုက်တဲ့
မြှားတစ်စင်းက ကိုယ့်ရင်ဝကို
တည့်တည့်ကြီး စိုက်ထူနေမှာ အသေချာ ။
( ကိုယ်လည်း လူသားတစ်ယောက်ပဲလေ ) ။
မမျှတသော ချိန်ခွင်တစ်ခုကို မျှတစေဖို့အတွက်
ကျွန်တော်တို့ရဲ့ အတွေး အမြင်တွေကို
မျှမျှတတဖြစ်စေဖို့ လိုပါတယ် ။
အသိုင်းအဝိုင်း ပတ်ဝန်းကျင် ဖြတ်သန်းမှုတွေဟာ
ကျွန်တော်တို့တွေရဲ့ အတွေး အမြင်နှင့်
ဘဝ ရပ်တည်မှုတွေအတွက် အရေးပါ ပါတယ် ။
မမှန်ကန်သော အတွေး အမြင်များသည်
မညီမျှသော ဘဝ တွေကို ပိုင်ဆိုင်ဖို့
အခွင့်အရေး ပေးထားတယ်လို့ ကျွန်တော်ယူဆမိ ။
( ကျွန်တော်ကိုယ်တိုင်းလည်း အခုအချိန်ထိ
မညီမျှတဲ့ဘဝ တွေမှာ နေထိုင်နေရပါတယ် ) ။
အချိန်ဆိုတဲ့ ယန္တရားကြီးက
စကားပြောအရမ်းကောင်းတဲ့ အရာတစ်ခုဆိုရင်
လိုက်မှီနိုင်အောင် ကျွန်တော်မပြောဆိုနိုင်ခဲ့ပါဘူး ။
ဒါပေမယ့်
ဘဝရဲ့ လက်ကျန်အချိန်တွေကိုတော့
လေးစားမှုတွေနဲ့အတူ လိုက်မှီနိုင်အောင်
ကျွန်တော် ကြိုးစားနေပြီလေ …
" အို … နွေးထွေးသော ကမ္ဘာမြေကြီး
ရှင်သန်ရာ လူ့ဘဝကြီးက အပ်ကြောင်းတွေ
ဘယ်လောက်ထပ်ထပ်
သင် မားမားမတ်မတ် ရပ်တည်နိုင်တယ် ။
သင် ဆောင်ကြဉ်းပေးလိုက်သော အလှတရားတွေ
ငမိုက်သားတွေ မခံစားတတ်လေတော့
ကဝေမရဲ့ လက်ထဲမှာ
မှော်ဆန်သော ကဗျာတစ်ပုဒ် ဖြစ်နေလေရဲ့ "
အိပ်မက်တွေ လက်တွေ့ကျဖို့ အတွေး အမြင်ကောင်းများနှင့် စိတ်ဆန္ဒတွေပြင်းပြဖို့လိုပြီ ။
စိတ်ကူးယဉ်ဆန်သော ဘစ်ကားကြီးပေါ်မှာ
လိုက်ပါစီးနင်းဖို့ ကျွန်တော်
အဆင်သင့်မဖြစ်တော့ပါဘူး ။
လက်တွေ့ကျတဲ့ မီးရထားတွဲကြီးကို မှီခိုရင်း
လိုက်ပါစီးနင်းခဲ့ပါပြီလေ …
ဘယ်အချိန်ထိ ခုတ်မောင်းနေမလဲ ဒီရထားကြီး ။
မဆုံးနိုင်သော လောကရဲ့ မီးလျှံတွေကြား
တစ်ယောက်ထည်းလည်း ရင်ဆိုင်ရဲပါတယ် ။
တစ်ကိုယ်ထည်းသော ဤခရီး
အဖော်မပါ တော်ကာကြခဲ့လည်း
အလွမ်းတွေနဲ့ရိပ်မြုံ ခိုလှုံရာအရိပ်စုံက
လွမ်းမောဖွယ်ရာ တိမ်တိုတ်များ လွင့်မျောမိပေါ့ ။
မွေးဖွားပေးသော အတောင်ပံ လက်တစ်စုံ
ခွန်အားတွေ လျှပ်အဖုံဖုံနှင့်
မီးလျှံ တောနက်တွေကြား
ပျံသန်းသွားပါရစေ …
အလဲလဲ အကွဲကွဲနဲ့ အိပ်တန်းမပျံချင်လို့ပါလေ …
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC . 259