အချိန်တန်ရင်

Words
103
Reading
1 min
Listen
Play
8y

IMG_20180420_104351.jpg

ဆိုလက်စ တစ်ပိုင်းတစ်စသီချင်းတွေ

မဆိုငြီးဖြစ်တာ အတော်ကြာ ။

ရေးလက်စ အပိုင်းအစ စာတိုတွေလည်း

မရေးဖြစ်တာ ကြာပြီလေ ။

မတူညီသောအားအင်တွေနဲ့

ရောက်လာတတ်သောမိုးသား လေပြေတွေ

ဟန့်တားဖို့တောင် ခွန်အားမရှိ ။

မာကျောချင်ယောင် ဆောင်နေသော
စိတ်ဓာတ်တွေလည်း အားနာလှပါပြီ ။

ဘဝရဲ့ အခြေအနေတွေက

နေရာတကျ အထား အသိုမတတ်တော့
ဗရမ်းပတာ ဖြစ်နေခဲ့ ။

ပိုင်ဆိုင်ခွင့်ဆိုလို့ ပုံမှန်ရှုနေရတဲ့

အသက်ကလေးပဲ ရှိပါတယ် ။

( ဒါတောင် မရေရာ မသေချာပါဘူး ) ။

လုံးချာ ပတ်ချာဖြစ်နေရတဲ့

အနေအထားတစ်ခုမှာ
ရုန်းရာကလွဲလို့ ဘာများရှိမှာတဲ့လည်း။

ရှိစေအုံးတော့ ငြီးငြူအသံတွေ ။

ရောက်လာပါစေအုံးတော့ ကံကြမ္မာဆိုးတွေ

ယှဉ်ပြိုင်လွန်ဆွဲဖို့ကို အချိန်မပေးဘူး ။

ထိပ်တိုက်ရင်ဆိုင်ပစ်မယ် ။

B612-2017-05-10-16-37-51.jpg

အချိန်တန်ရင် … မိုးစက်တွေလည်း တိပ်သွားမှာပဲ ။
အချိန်တန်ရင် … လေပြေတွေလည်း ငြိမ်သွားမှာပဲ ။
အချိန်တန်ရင် … သက်မဲ့တွေလည်း ဆွေးမြေ့သွာ
းမှာပဲ ။ အချိန်တန်ရင် … သက်ရှိတွေလည်း အိုမင်းသွားမှာပဲ ။ အချိန်တန်ရင် … အရာအားလုံးဟာ ပြီးဆုံးသွားမှာပါပဲ ။

အချိန်တန်ရင် …

မှတ်ချက် ။ ကျွန်တော်၏ အတွေးများသာ
ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ