အရောင်စုံလင်သော မီးခိုးအငွေ့တွေ
အမြဲတမ်းရှုရှိုက်နေရ ။
အသက်ရှုသံကိုအောင့်ထားနေရက်တောင်
အနားမှာဝေ့လည်လည်နဲ့ ။
ဘယ်လိုပုံသဏ္ဌာန်မျိုးကြီးလည်းလို့
တွေးတောမိရင်း …
ငြီးငွေ့အသံတွေ ခဏ ခဏ ကြားရတယ် ။
( ကျွန်တော် ကိုယ်တိုင်လည်း
မကြာခဏ ငြီးငွေ့မိပါတယ် ) ။
အဆင်ပြေခြင်း ။ အဆင်မပြေခြင်းများစွာပေါ့ ။
ဘဝမှာ အဆင်ပြေခြင်း မပြေခြင်း ဆိုတဲ့
အကြောင်းတရားဟာ
တိုင်းတာလို့ရတဲ့ အရာဝတ္ထုမဟုတ်ပါဘူး ။
ခံစားဖြစ်တည်မှု တစ်ခုပါပဲ ။
အဲ့ဒီထက်တော့ ပိုမလာပါဘူး ။
ဒါကြောင့် အဆင်ပြေလည်း ကျွန်တော်တို့
မရပ်မနားလုပ်ဆောင်နေရတာပဲ ။
အဆင်မပြေလည်း ဒီအတိုင်းပါပဲ ။
အဆင်ပြေခြင်း အကြောင်းတရားကို
အမြဲတမ်း တည်ရှိနေမယ်လို့
ခံယူထားတဲ့လူတွေ ။
အဆင်မပြေမှုတွေပဲ ဖြစ်နေရတယ်လို့
ထင်မြင်ကြတဲ့ လူတွေဟာ
လောကမှာ ဘဝင်ကျစရာ မကောင်းပါဘူး ။
တစ်ခါတရံ အဲ့ဒီလို စိတ်ခံစားမှုရှိကြတဲ့
လူတွေ လောကကြီးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့
လွဲချော်နေရတယ် ။
ကျွန်တော်တို့အားလုံးဟာ
( အဆင်ပြေခြင်း မပြေခြင်း ဆိုတဲ့
နိယာမသဘောတရားအောက်မှာ )
ဘဝတွေ ဘဝတွေ ကိုယ်စီ ကိုယ်စီ
ရှိကြပါတယ် ။
ကိုယ်ကိုတိုင် ရွေးချယ်ပိုင်ခွင့်ရှိတယ် ။
ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ။
ကြိုးစားပိုင်ခွင့် ရှိပါတယ် ။
( အကြောင်းတရားတော့ ကောင်းဖို့လိုအပ်ပါတယ်) ။
ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို
တွေ့ဆုံရတိုင်း ဂုဏ်မယူပါနဲ့အုံး
သူတို့တွေရဲ့ နောက်ကျောမှာ
ကျွန်တော်တို့ ခင်ဗျားတို့ မမြင်နိုင်တဲ့
' မျှော်လင့်ချက်မဲ့ ' ဓားပေါင်းများစွာရှိတယ် ။
မှေးမှိန်နေတဲ့ ဘဝ တွေကို တွေ့မြင်ရတိုင်းလည်း
စိတ်ဓာတ်တွေ မနှိမ့်ကြမိပါစေနဲ့
သူတို့ရဲ့ အနာဂတ်မှာ
' အလင်းတန်း ' တွေရှိတယ်ဆိုတာ
ကျွန်တော်တို့ မမြင်နိုင်သေးလို့ပါ ။
မှတ်ချက် = ကျွန်တော်၏ စာသားများသည်
ဘယ်တစ်ဦး တစ်ယောက်ကိုမှ
ရည်ရွယ်ထားခြင်းမဟုတ်ပါ
ကျွန်တော်၏ အတွေး အမြင်များသာဖြစ်ပါသည် ။
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ