အပ်ရှသံ

Words
91
Reading
1 min
Listen
Play
8y

adventure-backpacker-cliffs-914128.jpg

အချိန်တွေ တရွေ့ရွေ့တိုက်စား

ရှင်သန်ရာ လူ့ဘဝကြီးက

နားလည်နိုင်မယ့်စကားလုံးတွေ
ဖွေရှာရတာအလွန်မော ။

နားလည်နိုင်စွမ်းမရှိတဲ့ အကျင့်စရိုက်ကိုက

ရိုးအီနေတဲ့ သီချင်းတစ်ပုဒ်လို
ခံစားသက်ဝင်မှု ကင်းမဲ့တယ် ။

လိုသလိုပုံဆွဲပြီး ကိုယ်ကိုယ်တိုင်

တည်ဆောက်ခဲ့တဲ့ စိတ်ကူး အိပ်မက်တွေ
ဘာတစ်ခုမှဖြစ်မလာခဲ့ပေ ။

အဆင်မပြေတတ်သော အကြောင်းတရားကိုက

ကိုယ်နဲ့မိတ်ဆွေဖြစ်နေလေရဲ့ ။

ဘဝကို နာကြည်းတတ်ဖို့ အခါခါကြိုးစားမိတိုင်း

အသုံးမကျတဲ့ စကားလုံး - ပုံရိပ်တွေအောက်မှာ

ကိုယ်က သာယာနေမိတာကိုး ။

ရိုးရှင်းသော အနေအထားတစ်ခုကို

ဆန်းကြယ်အောင်ပြုလုပ်နိုင်ဖို့

စိတ်ကူးတွေ လက်တွေ့ကျဖို့လိုတယ် ။

အိပ်မက်တွေ အကောင်အထည်ဖေါ်ဖို့လိုတယ် ။

adventure-astro-astrophotography-1009136.jpg

ယုံကြည်ချက်နဲ့ ရှေ့ဆက်မယ့်

လူငယ်တစ်ယောက်ရဲ့ လမ်းတစ်လျှောက်

ဘယ်လိုနတ်ဆိုးတွေ ဝင်လာမှာလည်း ။

ယောင်လို့တောင် အလည်ဝင်မလာပါနဲ့
ကျုပ်က ဧည့်မခံတတ်လို့ပါ ။

အခုချိန်ထိ လူက နာလံမထူသေးပေမယ့်

အသက်ကတော့ ရှုနေသေးတယ် ။

adventure-boardwalk-daylight-808466.jpg

ရှုံးနိမ့်မှုတွေကို လက်ခံထားတယ်
ကိုယ်က အသုံးမကျသေးလို့ ။
အောင်မြင်ခြင်းနည်းလမ်းတွေသိတယ်
ကိုယ်က စာမတတ်သေးလို့ ။
သဘောတရားတွေသိတယ်
ကိုယ်မလိုက်နာနိုင်သေးလို့ ။
တစ်နေ့ ဒီနေရာကိုရောက်မယ်ဆိုတာသိတယ်
ကိုယ်မလျှောက်နိုင်သေးလို့ပါ …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

အပ်ရှသံ | Ecency