အလင်းမရှိခဲ့သော အရိပ်

Words
313
Reading
2 min
Listen
Play
8y

2018-05-12-09-25-13-690.jpg

လိုက်ရောညီထွေမှု မရှိခဲ့သော ကျွန်တော့်ရဲ့
သက်ဝင်လှုပ်ရှားမှုတွေဟာ
အဆင်ပြေခြင်း သိပ်မရှိလှပါဘူး ။
( ဇာတ်ခုံပေါ်မှာ စည်းချက် ဝါးချက် မမှန်တာ
ကလွဲလို့ ကျွန်တော်- တစ်ကယ့်ကိုလေးလေးနက်နက်ခံစားတွေးတောမှုများ ဖြစ်ခဲ့ရတာပါ ) ။
ဒါက အခြေအနေတစ်ရပ်ပေါ့ ။

အခုတလော စာရေးဖို့ကို ကိုယ့်စိတ်ကို
မနည်းတည်ငြိမ် လန်းဆန်းအောင်
ဆောက်တည်နေရတယ် ။ လိုချင်သော
အကြောင်းအရာ အတွေးခေါ်များကို
မနည်းစုစည်းပြီး အာရုံပြုနေရတယ် ။
ရေးဖြစ်သွားတဲ့ နောက်ဆုံးလက်ကျန်
ခွန်အားလေးဆိုတာ -
Steemit မှာရှိကြတဲ့ ဆရာသမားတွေ
ညီအကိုမောင်နှမတွေ အားလုံးရဲ့
သွန်သင် ဆုံးမ လမ်းပြမှုတွေကြောင့်သာ
ကျွန်တော်ရေးဖြစ်သွားတာပါ ။
ဒါက အရိုးသားဆုံး ဝန်ခံခြင်းပါ ။

တဖြေးဖြေးနဲ့ စာရေးတက်ဖို့ ( စာရေးနိုင်ဖို့ )
လမ်းကြောင်းပေါ် ရောက်ခဲ့ရတာလည်း
Steemit မိသားစုဝင်ကြီးရဲ့
ကျေးဇူး အလှတရားကြောင့်ပါ ။
ဒီအတွက်လည်း အခုအချိန်ထိ ကျွန်တော် -
ပျော်ရွှင်ကျေနပ်ရပါတယ် ။
ဝမ်းမြောက် ပီတိဖြစ်ရပါတယ် ။
(.အသေချာဆုံးသောအရာတစ်ခုကတော့ -
စာပေတွေနဲ့ ဝန်းရံထားတဲ့
Myanmar Steemit Community နဲ့ ထပ်တူ
လူသားတစ်ယောက်အတွက်
( ကျွန်တော့်အတွက် ) တန်းဖိုးရှိစေသော
ဘဝ တစ်ခုကိုပိုင်ဆိုင်ခွင့်ရတယ်လို့
ကျွန်တော် စွဲစွဲမြဲမြဲ ခံယူလိုက်ပါတယ် ) ။
ဒီနေရာမှာ နည်းနည်းလေး ထည့်ပြောပါရစေ …
' တန်ဖိုး ' ဆိုလို့ သိတဲ့လူရှိတယ် ။ သိပြီး
နားမလည်းတဲ့ လူ ရှိပါတယ် ။ ကျွန်တော်ဟာ …
ဘယ်လိုလူစားမျိုးထဲ ပါဝင်သလဲဆိုတာ
သိရှိ နားမလည်းပါဘူး ။ သေချာတာကတော့
' တန်ဖိုး ' တွေကို တန်ဖိုးမြင့်လာအောင်
ကြီးမားလာအောင် ကျွန်တော်တို့တွေ နည်းစနစ်
မှန်ကန်စွာ ကြိုးစားဆောင်ရွက်သင့်ပါတယ် ။
ဒါက ကျွန်တော့်ရဲ့ ခံယူချက်
ထင်မြင်ယူဆချက်တွေပါ ။

IMG_20180511_072546.jpg

အမှန်တကယ်တော့ ကျွန်တော်က -
ကံမကောင်းတတ်ပါဘူး ။ အဆိုးဆုံးလည်း
ရှိမနေပါဘူး ။ ကံတရားနဲ့ ဖက်ပြီး
ရန်ဖြစ်လိုက်တိုင်း မကြာခဏဆိုသလိုရှုံးရပါတယ် ။ ကျွန်တော့်ကို မွေးဖွားသန့်စင်ပြီးတဲ့အချိန်
အမေက မီးတွင်းထဲမှာတင် ဆုံးသွားရှာတယ် ။
အမေ့ရင်ခွင်ထဲမှာ ' အူဝဲ ' လို့
ကျွန်တော် ငိုဖြစ်ခဲ့သလားဆိုတာ မသိပါဘူး ။
ကျောင်းနေအရွယ် ကလေးဘဝက
ကျောင်းမှာစာအုပ်တွေ ဝေငှတော့
ကျွန်တော်ရခဲ့တဲ့ စာအုပ်က
ဘာမျဉ်းကြောင်းမှ မပါတဲ့ ဗလာစစ်စစ်
စာအုပ်တွေဖြစ်နေတယ် ။
အချိန်တွေ တရွေ့ရွေ့တိုက်စား ရှင်သန်ရာ
ကြီးပြင်းလာရာကနေ လွန်ခဲ့သော
( ၂ ) နှစ်ကျော်က ကျွန်တော့်ဘဝထဲကနေ
လောကကြီးထဲကနေ
အဖေက ထွက်သွားရှာပြန်တယ် ။

ထားလိုက်ပါတော့ ရေးပြမယ်ဆိုရင် အများကြီးပါပဲ ။ အဆင်မပြေတာတွေများခဲ့သော်လည်း
ကျွန်တော် ရှေ့ကပြောခဲ့သလို
အရမ်းကြီးလည်း မဆိုးဝါးခဲ့ပါဘူးလေ ။
( အဆင်ပြေခဲ့တာတွေလည်း ရှိခဲ့တာပေါ့ ) ။
ဒါက ကျွန်တော့်ရဲ့ လောကဓံဘဝ
အခြေအနေတစ်ရပ်ပါ ။

ကျွန်တော်က အစွဲလမ်းအရမ်းကြီးတယ်ဗျ
တစ်ခါတလေဆို
မလိုအပ်တဲ့အရာတွေကိုတောင်
လွန်လွန်ကဲကဲစွဲလမ်းမိတယ် ။
( မကောင်းတဲ့ အကျင့်ဆိုးတစ်ခုပေါ့ဗျာ ) ။
ဒါကြောင့်လည်း ကျွန်တော့်စိတ်တွေ
အမြဲဒုက္ခရောက်ရတယ် ။
အစွဲလမ်းကြီးတော့ ခံစားချက်တွေ ပိုပြင်းထန်ရတယ်
ပြင်းထန်သော ခံစားချက်တွေက
တွေးတောမှုတွေကို ပိုဖြစ်စေတယ် ။
ဒါကြောင့်လည်း
ကျွန်တော်ရေးခဲ့တဲ့ စာပေတွေဟာ
ဒဿနဆန်တယ် အတွေးဆန်တယ်ပေါ့ဗျာ ။
ကျွန်တော်ရေးတဲ့ စာတွေဟာ
တစ်ချို့အတွက်တော့ သိပ်မဟန်လှပါဘူး။
တစ်ချို့အတွက်တော့ အဆင်ပြေလှပါတယ် ။
ဘယ်လိုအကြောင်းတရားပဲရှိရှိ
ကျွန်တော်တို့ဟာ မိသားစုတွေပါပဲ။
မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း
အရာအားလုံးကို နားလည်လက်ခံပေးပါတယ် ။

ကဲ … ကျွန်တော့်ရဲ့ ချစ်သောမိတ်ဆွေတို့
ကျွန်တော်ဟာ
အောင်မြင်တဲ့လူသားတစ်ယောက်မဟုတ်ပေမယ့်
Myanmar Steemi Community ရဲ့
အရိပ်ကိုခိုလှုံရင်း မှန်ကန်သော
အတွေးပေါင်းများနှင့် စာတွေဆက်ရေးနေမှာပါ ။

ဘဝမှာ အဆင်မပြေတာတွေ ဘယ်လောက်ပင်
ရှိခဲ့သော်ငြား စာတွေရေးနေရရင်
ကျေနပ်နေတဲ့ကျွန်တော်
Steemit ရဲ့ အလင်းရောင်နဲ့အတူ
ရှေ့သို့တက်လှမ်းချီပါပြီ …

IMG_20180511_070259.jpg

"ကျွန်တော်ဟာ အရာရာကို ဖန်ဆင်းပေးနိုင်တဲ့
တန်ခိုးရှင်တစ်ဦး မဟုတ်ဘူး ။
ဘာမဆိုရင်ဆိုင်နိုင်ရဲတဲ့
သူရဲကောင်းတစ်ယောက်လည်း မဟုတ်ပါဘူး ။
အောင်မြင်မှုတွေနဲ့ ရစ်မူးနေတဲ့
လူတန်းစားလည်း မဟုတ်ဘူး ။
ကျရှုံးမှုတွေနဲ့လဲပြိုနေတဲ့ အခြေအနေရဲ့တဲ့တဲ့
လူသားတစ်ယောက်လည်း မဟုတ်ပါဘူး။
ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးက …
ကိုယ် စိတ် နှစ်ပါးလုံး
ငြိမ်းချမ်း ငြိမ်သက်ရဖို့ပါပဲလေ…"

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

အလင်းမရှိခဲ့သော အရိပ် | Ecency