အတွေး …

Words
171
Reading
1 min
Listen
Play
8y

2018-05-12-09-24-43-382.jpg

ခံစားမှုတစ်ခုကို အစပြုရင်း

ရှင်သန်လာရတဲ့ ဘဝရဲ့အခြေအနေတွေက

မလှမပ အနားသတ်မညီတဲ့

ကဗျာတစ်ပုဒ်လို မတောက်ပြောင်ပါဘူး ။

ရင့်ကျက်မှုတွေနဲ့ တည်ဆောက်ထားရတဲ့

အိပ်မက်တွေ ယိုယွင်းအိုမင်းလာသလိုပါပဲလား … ။

့သဘာဝကပေးတဲ့ တရားတွေနဲ့

လောကကဓံ မုန်တိုင်းတွေကြားမှာ

ကျွန်တော်ရှင်သန်နေတယ်
( ရှင်သန်ဆဲ ) ပါပဲ ။

လိုသလိုပုံဆွဲကြည့်မယ် ။

ကြုံသလို က စမ်းကြည့်မယ် ။

အရည်အသွေးကောင်းဖို့
အရည်အချင်းပဲလိုမယ်ထင်တယ် ။

ကျရှုံးတတ်တဲ့ နေရာတွေကိုပဲ လိုက်ကြည့်နေရင်
ကျွန်တော် လဲကျသွားနိုင်တယ် ။

အောင်မြင်တတ်တဲ့ နေရာတွေကို

ကျွန်တော်ရောက်အောင် သွားသင့်တယ်
( သွားရယ် ) ။

မစိုပြေသော လမိုက်ညရဲ့အလယ်
တံခါးကိုပိတ် အံကိုကြိတ် ရင်တထိတ်
ထိတ်နဲ့ ဖြစ်နေရင်တောင် နေသာရော
င်အလင်းတန်းတွေက မွှေးပျံ့သော
လေပြေရနံ့တွေ သင့်ဆီရောက်လာမှာ
ပါပဲ
လို့ ကိုယ့်ကိုယ်ကို ဆိုငြီးဖြစ် ။

ဘဝမှာ - လျှောက်လဲချက် ရည်ညွှန်းချက်တွေ

အမြဲတမ်းရှိနေရတဲ့ ကျွန်တော့်အတွက်

မလိုအပ်သော ခံစားမှုများ ။

မဆီလျှော်သော အတွေးများကို ဥပေက္ခာပြုရင်း …

အဆိုးဝါးဆုံးသော အရာတွေအတွက်

အကောင်းဆုံးသော ခွန်အားတွေ
ကျွန်တော်ပြည့်ဝနေရမယ်လေ … ။

' စိတ် ' သည် အလွန်တန်ခိုးကြီးသလို
ဘဝ သည်လည်း အလွန်အရေးပါ ပါတယ် ။

အကြောင်းတရားရဲ့အဆုံးမှာ

အကျိုးတရားတွေဟာ

ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ
ကျွန်တော် နားလည်နေပြီလေ …

ကျွန်တော့်မှာ … ငိုချင်ရက်နဲ့တောင် ပြုံ
းပြခဲ့ရတဲ့ အချိန်တွေရှိတယ် ။ ကျွန်ေ
တာ့်မှာ … ပိုင်ဆိုင်လျှက်နဲ့တောင် ဆုံး
ရှုံးခွင့် ပေးလိုက်ရတဲ့ အရာတွေရှိတယ်
။ ကျွန်တော့်မှာ … လှပတဲ့ အနာဂတ်
တွေ ရှိတာတောင် မလှပတဲ့ လမိုက်ည
တွေမှာ အိပ်စက်ခဲ့ရတာတွေရှိတယ် ။
ကျွန်တော့်မှာ … ဒဏ်ရာတွေ ရှိလျှက်နဲ့
မပျောက်နိုင်တဲ့ ဆေးတစ်လက်ပဲ ပိုင်
ဆိုင်ခွင့်ရတဲ့ နေ့ရက်တွေရှိတယ် ။
ကျွန်တော့်မှာ … သေဆုံးရမယ့် နေ့ရ
က်တွေ ရှိတာတောင် အသက်ရှင်ခွင့်ရ
တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ခွင့်ရှိတယ် …
အသက်ရှင်ခွင့်ရတဲ့ နေ့ရက်တွေ ပိုင်
ဆိုင်ခွင့်ရှိတယ် … အသက်ရှင်ခွင့်ရတဲ့
နေ့ရက်တွေ ပိုင်ဆိုင်ခွင့်ရှိပါတယ် …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC no - လျှောက်ထားဆဲ

အတွေး … | Ecency