အရမ်းပျင်းဖို့ကောင်းတာဘဲ

konyi(55)
Published in
#myanmar
Words
184
Reading
1 min
Listen
Play
9y


ချစ်မိတ်ဆွေတို့ရယ် ကျွန်တော်အပါအဝင် လူတော်တော်များများက ဘာကြောင်းပျင်းဖို့ကောင်းတယ်လို့ပြောရတာပါလေး၊ ကျွန်ဘာကြောင်းလူတွေဒီလိုဖြစ်ကြတာလေးဆိုတာကို သတိတစ်ခုထားမိခဲ့ပါတယ်၊ အေးဒါကတော့ သူတို့ရဲ့ ခေါင်းထဲမှာ ဘာမှစဉ်းစားတာမရှိတဲ့အတွက်ကြောင်းဘဲဖြစ်ပါလိမ့်မယ် ကျွန်တော် သတိထားမိတာမှန်ကန်မယ်လို့ထင်မြင်မိပါတယ်၊ ကျွန်တော်နှင့်အတူတူနေတဲ့ သူငယ်ချင်းသုံးလေးယောက်ရှိပါတယ်၊ သူတို့မှာ Holiday သုံးရက်ရှိကြတယ်ဗျာ၊ သူတို့ အလုပ်မသွားရတဲ့နေ့ဆိုသူတို့ပြောကြတာဘဲ ငါဒီနေ့ အရမ်းပျင်းဖို့ကောင်းတာပါဘဲ ဘာကြောင်းပျင်းဖို့ကောင်းတာပါလေး ကျွန်တော် စဉ်းစားကြည့်မိတယ် လူတစ်ယောက် ပျင်းလာတယ်ဆိုတာကတော့ သူ Brain နဲ့ အလုပ်မလုပ်လိုဘဲ နောက်တစ်ခုက Interest မဖြစ်လို့ဘဲ သိပ်ဟုတ်တာပေါ့ သေချာတွေးကြည့်ပါ သူတို့ အလုပ်လုပ်နေတဲ့အချိန်မှာ မပျင်းဘူးတဲ့ ဒါဆိုဖြစ်နိုင်တာပေါ့ ဘာကြောင်းဆိုသော် သူတို့က သူတို့ လုပ်နေတဲ့ အချိန်မှာ အာရုံစူးစိုက်နေလို့ပါဘဲ၊ တစ်ခုခုမှာ အာရုံမစိုက်ဘဲသာနေမယ်ဆိုရင် 24 hr တစ်ရက်ကိုတောင် ဘယ်တော့ကုန်တော့မှာလေးဆိုပြီးပြောတတ်ကြပါတယ်၊ ဟုတ်တာပေါ့ ခုခေတ်အတိုင်ပြောရမယ်ဆိုရင် ဖုန်းကိုတစ်ယေက်ဖွင့်ကြည့်လိုက် ခဏနေရင်ပြန်ပိုက်လိုက် သေးပေါက်သွားချင်သလိုလို အိပ်ချင်သလိုလို အနေမကျ ထိုင်မကျနဲ့ ဘာလုပ်ရမှန်မသိဖြစ်နေတတ်ပါတယ်၊ မယုံမရှိ မိတ်ဆွေစတင်လုပ်ကြည့်ပါ မိတ်ဆွေ အလုပ်လုပ်နေတဲ့သူတစ်ယေက်ဆိုရင် မိတ်ဆွေအလုပ်နားရက်တစ်နေ့ဆိုရင် ဥပမာဗျာ Sunday ဆိုရင်ပေါ့ မိတ်ဆွေကြိုက်နှစ်သက်တဲ့ Subject တစ်ခုခုကိုဘဲဖြစ်စေ တစ်ခုခုကို ဖန်းတီးတာဘဲဖြစ်ဖြစ် လုပ်ကြည့်ပါ မိတ်ဆွေ အရမ်းပျင်းဖို့ကောင်းတာဘဲ ဆိုတဲ့ စကားကို ဘယ်တော့မှ ပြောထွက်မှာ မဟုတ်ဘူး 24 hr ကိုတောင် ဘယ်လိုကုန်သွားလေဆိုတာကို မိတ်ဆွေ သတိထားမိလိုက်မှာ မဟုတ်ဘူး ဒါပေမဲ့ သိထားရမဲ့ တစ်ခုကတော့ မိတ်ဆွေလုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်ဝင်စားမှုရှိဖို့တော့လိုပါတယ်၊ အဲဒါကြောင်းလေးဘဲ ကျွန်တော် အစကတည်းကပြောခဲ့တာပါ မိတ်ဆွေ ကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုကို ရွေးချယ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။

ဒီဟာကို ကျွန်တော် သတိထားမိခဲ့တာကတော့ ကျွန်တော် အလုပ်နားရက်ကိုရောက်တိုင်း သင်တန်းတစ်ခုတက်တယ်ဗျာ English ပေါ့၊ အလုပ်သုံးရက်နားရတယ်ပေါ့၊ နှစ်ရက်သင်တန်းတက်တယ်၊ နောက်တစ်ရက်ကတော့ HOMEWORK လုပ်တယ်ပေါ့၊ အဆောင်မှာ ကျွန်တော်သူငယ်ချင်းတွေနဲ့ အတူတူနေပြီးတော့ပေါ့၊ သူတို့လေးဘဲ နားရက်ရောက်တိုင်း ဟိုသွား ဒီသွား သွားတာမျိုးတွေတောခါမရှိကြဘူး အဆောင်မှာဘဲနေကြတာ ကျွန်တော်စာလုပ်နေတဲ့အချိန်မှာ သူတို့က တစ်ခါတစ်လေအော် ပြောကြတယ် အရမ်းပျင်းဖို့ကောင်းတာဘဲ ဒီနေ့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး၊ အေးဒီအချိန်မှာ ကျွန်တော်စဉ်းစားကြည့်တယ် ငါဘာကြောင်း သူတို့လိုမပျင်းရတာလေးဗျာ သေချာစဉ်းစားကြည့်တယ်၊ စိတ်မညစ်လို့တောခါမပြော ပါဘူး လူတိုင်လူတိုင်မှာ Personal subject ဆိုတာရှိကြတာဘဲလေး ပျော်စရာရှိရင် ပျော်ကြမှာဘဲ စိတ်ညစ်စရာရှိရင် စိတ်ညစ်ရမှာဘဲ အဓိကကျွန်တော်ပြောချင်တာက ပျော်စရာ စိတ်ညစ်စရာမဟုတ်ဘူး စိတ်ဝင်စားမှုတစ်ခုတည်းဘဲဖြစ်ပါတယ်၊ အလုပ်တစ်ခုခုမှာဘဲ ဖြစ်စေ သူတကယ်စိတ်ဝင်စားနေမယ်ဆိုရင် သူမှာပျင်းဖို့အတွက် အချိန်သက်သက် မရှိတော့ဘူး သူပျင်းရမဲအချိန်တွေက သူ့ရဲ့စိတ်ဝင်စားမှု့နဲ့ ဖြေဖျောက်ထားနိုင်လိုဘဲ၊ မိတ်ဆွေတို့လည်းဘဲ အရမ်းပျင်းဖို့ကောင်းတာဘဲ ဆိုပြီး စကားကိုမပြောချင်ဘူးဆိုရင် မိတ်ဆွေ Free time ရှိတဲ့အချိန်လေးမှာ မိတ်ဆွေတို့ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတစ်ခုခုကိုရွေးချယ်ပြီး အကောင်းဆုံးစတင်ကြည့်လိုက်ပါ၊ ဘယ်တော့မှ မိတ်ဆွေ ပျင်းဖို့အချိန်မရှိဘူးဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်၊။

Photo form Google images
Written by Konyi
MSC 037

အရမ်းပျင်းဖို့ကောင်းတာဘဲ | Ecency