ကျနော့အဖွားရဲ့ ဘဝအကြောင်း (၄)

Words
202
Reading
1 min
Listen
Play
8y

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

ယခင်ရေးသားသောအပိုင်းဆက်လေးကို ဆက်ပါအုံးမည်။.....

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၁)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၂)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၃)


ကျမလည်း စိတ်ကပင်ပန်း လူက နွမ်းလျှတာမို့ မွေးကတည်းကချူချာနေတဲ့ကလေးအတွက်လည်း ဆေးဖိုးကမရှိတဲ့အပြင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဖြစ်နေတဲ့ကျမ ကလေးအတွက် နို့ကလည်းမထွက်ပြန်တော့ တောတော့ကို ဒုက္ခရောက်ရပါတယ်။ ဒါနဲ့ ကျမလည်း ခေါင်းကဆံပင်ကိုဖြတ်ရောင်းလို့ရတာလေးနဲ့နို့မှုန့်ဝယ်လို့ ခလေးကိုနို့တိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခလေးကဆုံးသွားခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်မှာ ကျမယောကျာ်းက အိမ်ကိုပြန်လာပြီး ကျမကိုကွာရှင်းခွင့်တောင်းပါတယ်။ ဘာလို့လည်းဆိုတော့ သူ့မယားငယ်နဲ့အတူသွားနေမလို့တဲ့လေ။

ကျမမှာကလေးတစ်ယောက်နဲ့ ဘာမှမလုပ်တက်မကိုင်တက်နဲ့မို့ ကျမသူ့ခြေထောက်ကိုဖတ်ပြီးတောင်းပန်ခဲ့ပါတယ်။ ""ကိုထွန်းရယ် ကျမရှင့်မယားငယ်နဲ့လည်းတဲ့အောင်နေပါ့မယ်၊ သူခိုင်းတာလည်းအကုန်လုပ်ပါ့မယ်" ဆိုတော့.... သူက..
"နင်ကရိုးရိုးအအနဲ့ ၊ ဟိုက လည်တယ်။ မဖြစ်ပါဘူး"ဆိုပြီး လက်မခံပါဘူး။ အဲ့ဒီလိုနဲ့ ကျမတို့သားအမိ ယောက္ခမအိမ်မှာကျန်နေခဲ့ပါတယ်။ ယောက္ခမကို ပတ်ဝန်းကျင်က ရင်းရင်းနှီးနှီးမရှိကြပါဘူး။ ကျမကို အိမ်နီးချင်းတွေက "နင့်ကိုတော့သနားတယ် အကျင့်မကောင်းတဲ့ နင့်ယောက္ခမ မိသားစုနဲ့တော့ မပတ်သတ်ချင်ဘူး။ အကူအညီလိုရင်ပြောပါ" လို့ ပြောပါတယ်။

ကျမယောက္ခမအထီးက မိုးလင်းတာနဲ့ ကျောင်းအတွက်ဆိုပြီး ရွာစဉ်လှည့်အလှူခံ၊ အဲ့ဒီကရတာကိုအိမ်မှာပြန်စားဆိုတော့ ကျမဆုတောင်းမိပါတယ်။
""အရှင်ဘုရား..တပည့်တော်မ ဒီလိုအစားအစာမျိုးကိုမစားသောက်လိုပါ။ မစားသောက်ရပါစေနဲ့ဘုရား" လို့ နေ့စဉ်ဆုတောင်းမိပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကျမယောက္ခမရဲ့ ယုတ်မာတဲ့အကျင့်ဆိုးကပေါ်လာပါတယ်။
""မတင်ကြည်.. နင် နင့်ယောကျာ်းကို နင့်ဆီပြန်လာပြီး နင်နဲ့ပြန်ပေါင်းစေချင်တယ်ဆိုရင် ပြန်လာအောင်ငါလုပ်တက်တယ်" ဆိုတော့...

ကျမလည်း ဝမ်းသာအားရနဲ့...
""ပြန်ပေါင်းချင်တာပေါ့အဖေရယ်"" ဆိုတော့....

""အေး နင့်ယောကျာ်းနဲ့ပြန်ပေါင်းချင်တယ်ဆိုရင် ငါနဲ့အိပ်ရမယ်။ ဆေးစီရင်ပြီးအိပ်ရမှာမို့ နင့်ယောကျာ်းပြန်လာစေရမယ်" တဲ့...

ကျမလည်း "ကျမယောက်ျား ကျမနဲ့ပြန်ပေါင်းချင်ပေါင်း မပေါင်းချင်နေ အဖေနဲ့တော့ လုံးဝမအိပ်နိုင်ဘူး။ ကျမကိုယုတ်မာဖို့မစဉ်းစားနဲ့။ ကျမတို့ရွာအနောက်ဖက်မှာ သူပုန်တွေရှိတယ်၊ ကျမသူတို့နဲ့သွားတိုင်မှာနော်"လို့ ပြောလိုက်ပါတယ်။ အဲ့ဒီခေတ်က သူပုန်လို့ပြောပေမယ့် အုပ်ချုပ်မှုအားနည်းနေသေးတဲ့အချိန်ဆိုတော့ စစ်အဖွဲ့လား လုံခြုံရေးအဖွဲ့လားတော့မသိပေမယ့် မတရားတာတွေ့ရင် ကူညီတက်ကြတဲ့အဖွဲ့လို့တော့ ကျမသိရပါတယ်။ ကျမသွားတိုင်ရင် သူအသက်ခံရမှာလေ။ ဒါကြောင့် သူကျမကိုမထိရဲပါဘူး။ ဒါပေမယ့်လည်း တစ်နေ့မဟုတ် တစ်နေ့ဒုက္ခရောက်ရမယ်လို့ တွေးမိပါတယ်။ သူနဲ့အတူ တစ်အိမ်ထဲနေလို့မဖြစ်တော့ဘူးလို့တွေးပြီး အိမ်နီးချင်းတွေဆီအကူအညီတောင်းမိပါတယ်။ အိမ်နီးချင်းတွေက "နင့်ကို ငါတို့အိမ်မှာထားဖို့ ဝန်မလေးပေမယ့် နင့်ယောက္ခမနဲ့စကားမပြောချင်ဘူး။ ဒါကြောင့် ငါတို့တစ်ယောက်နည်းနည်းငွေစုပေးလိုက်မယ် နင့်ယောက္ခမကိုလည်း ကျမရွာပြန်တော့မယ်လို့ပြောလိုက်။ ငါတို့နင့်ကို သင်္ဘောဆိပ်အထိ လိုက်ပို့ပေးမယ်။ တို့စုပေးလိုက်တဲ့ငွေက နင့်လမ်းစရိတ်တော့ရမှာပေါ့" ဆိုပြီး ကျမကို သင်္ဘောပေါ်တင်ပေးကြပါတယ်။

လူယုတ်မာလက်က လွတ်ရင်ပြီးရောဆိုပြီးထွက်လာခဲ့တဲ့ကျမ ဘယ်ကိုသွားရမှန်းလည်းမသိပါဘူး။ ဒီကြားထဲ သင်္ဘောပေါ်မှာကလေးကလည်း ဗိုက်ဆာလိုဆိုပြီး ငိုပြန်ပါတယ်။ ဒါကို ဘေးကအစ်မကြီးတစ်ယောက်ကတွေ့ပြီး ကျမတို့သားမိအတွက်ထမင်းတစ်ထုပ်ဝယ်ကျွေးပါတယ်။အဲ့ဒီထမင်းထုပ်ကို သားကိုအရင်ကျွေးပြီး သူစားလို့ပိုမှ ကျမစားမယ်ဆိုပြီး ကလေးကိုဦးစားပေးပြီး ကျွေးလိုက်ပါတယ်။ ကလေးကလည်းစားလိုက်တာ ကျမအတွက် တစ်လုပ်စာလောက်ပဲကျန်ပါတယ်။ အဲ့ဒါလေးနဲ့ ရေနဲ့သောက်ပြီး ကျမအတွက်တစ်နပ်စာကျေနပ်လိုက်ရပါတယ်။ ဒီလိုနဲ့သင်္ဘောက ရန်ကုန်ဆိပ်ကမ်းကိုရောက်လာခဲ့ပါတယ်။

သူများတွေအသီးသီး တက်သွားကြပေမယ့် ဘယ်သွားရမှန်းမသိလို့ငုတ်တုတ်ထိုင်နေရတဲ့ကျမကို ထမင်းဝယ်ကျွေးခဲ့တဲ့အစ်မက "သူများတွေသွားကုန်ကြပြီ၊ နင်မသွားသေးဘူးလား" လို့ မေးလာပါတယ်။ "ကျမ ဘယ်သွားရမှန်းမသိလို့ပါ လို့ပြောလိုက်တော့. "ဒါဆို လောလောဆယ် ငါ့အိမ်ကိုလိုက်ခဲ့" ဆိုတော့... ကျမတို့သားအမိသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ သူ့အိမ်က ရန်ကုန် ဂွတ္တလစ်လမ်းမှာပါ။ သူတို့ကဈေးရောင်းပါတယ်။ သူ့သားလေးကလည်း ကျမသားနဲ့ရွယ်တူလောက်ပါပဲ။ ကျမကိုသူ့အိမ်မှာဝိုင်းကူလုပ်ဖို့်ပြောပါတယ်။ ကျမမှာ ဘယ်မှလည်းမသွားတက် အမျိုးတွေကိုလည်း ကျမဖြစ်ချင်တာမဖြစ်ရင်ပြန်မလာတော့ဘူးလို့ပြောခဲ့တာကြောင့် အဲ့ဒီအိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။....
.
.
ဒန်...ဒန့်...ဒန်....ဆက်ရန်😂😂

...ဆက်ပါအုံးမည်ခင်ဗျာ😁

komoezaw@komoezaw

MSC-030

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၄) | Ecency