မင်္ဂလာပါဗျာ။
ဟိုတစ်လောက ကျနော်တိုရွာမှာ ရှင်ပြုပွဲလေးလုပ်တဲ့အကြောင်းကို ပြန်ပြောပြချင်ပါတယ်ခင်ဗျာ။
ရှင်ပြုပွဲကိုမကျင်းပါခင်မှာ ၁၅ရက်လောက်ကြိုတင်ပြီး ကျနော်တို့ ရွာရဲ့ စာသင်ကျောင်းဝန်းလေးမှာ မဏ္ဍပ် ထိုးပါတယ်။ တစ်ရွာလုံးမှာ နေရာကျယ်ကျယ်ဝန်းဝန်းရှိတာဆိုလို့ စာသင်တဲ့ကျောင်းဝန်းပဲရှိတာမို့ အဲ့ဒီမှာ အလှူအတွက် မဏ္ဍပ်ထိုးရခြင်းသာဖြစ်ပါတယ်။
မနက်ဖြန်လို အလှူလုပ်တော့မယ်ဆိုရင် ဒီနေ့လိုကတည်းက မြင်းတွေကို ငှါးယူပြီးဖြစ်နေကြသလို၊ မောင်ရှင်လောင်းလေးတွေအတွက်လည်း လူကြီးသူမတွေနဲ့ မိဘများက တိုင်ပင်ပြီး ကြိုတင်ဆောင်ရွက်ထားကြတာဖြစ်လို့ အရာအားလုံးအတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။ အလှူနေ့မှာ ကျွေးမွေးဖို့အတွက်ကိုလည်း တစ်ရွာလုံးမှာ ဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့လေးတွေက ဆောင်ရွက်ထားပြီးဖြစ်လို့ နောက်တစ်နေ့ရောက်ရင် စားသောက်ဖို့အဆင်သင့်ပါပဲ။ အလှူအတွက်မို့ လူငယ်အဖွဲ့လေးတွေအပြင်ကိုမှ နောက်ထပ် ရွာသူရွာသားတွေများနဲ့ အလှူ့ရှင်ရဲ့ မိသားစုတတွေရယ် သူတို့ရဲ့ အသိမိတ်ဆွေတွေကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။
မနက်ဖြန်လိုအလှူနေ့ဆို ဒီနေ့ရဲ့ ညဘက်ကတည်းက ဆိုင်းအဖွဲ့နဲ့ ဧည့်ခံဖျော်ဖြေကြပါတယ်။ ဆိုင်းကလည်းကောင်းလွန်းပါတယ် တီးလိုက်တာမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ ကျနော်ဆို တစ်ခါမှကိုသွားပြီးမကြည့်ပါဘူး😁😁😁
စာသင်ကျောင်းဆိုတာက ကျနော်အိမ်ရဲ့ မျက်စောင်းထိုး အရှေ့လေးတင်မို့ အသံပဲနားထောင်တာမို့လို့ပါ😁😁။ အလှူနေ့မှာတော့ မနက်ငါးနာရီလူစုပါမယ်ဆိုပြီး နံနက်စောစော လော်စပီကာကြီးနဲ့ ရွာဆော် ငပွကြီးကဆော်ဩပါတော့တယ်။ ရွာဆော်ငပွကြီးဆိုတာကတော့ ဒီ steemitမှာပဲခေါ်တာပါ အပြင်မှာတော့ မခေါ်ပါဘူး ရပ်ရေးရွာရေးလုပ်ဆောင်ပေးနေသူတွေမို့ တလေးတစ်စားပဲဆက်ဆံပါတယ်။ ရာအိမ်မှူး ဆယ်အိမ်မှူးဆိုတာတွေကလည်း ကျနော်တို့နဲ့ သိကျွမ်းနေတာမို့ စတာနောက်တာကအစ သူငယ်ချင်းတွေလိုနေကြတာမို့ စကားပြောရင် ရယ်စရာတွေပြောပြီး ရီနေရတာက များပါတယ်။ ကိုယ်တွေက အရက်မသောက်တက်လေတော့ သူတို့ ဆယ်အိမ်မှာမူးတဲ့ အခါ ကျနော် သူတို့နဲ့မကပ်တော့ပါဘူး 😁😁
(အခုစာကို သူတို့မဖတ်မိပါစေနဲ့...မဖတ်မိပါစေနဲ့.....
Note-- ဆုတောင်းသံ 😂😂)
နံနက်စောစော လူတွေအရင် စုလို့ စီနီရံအတိုင်း အစဉ်လိုက်နေရာချကာ မဏ္ဍပ်ထဲမှာပဲ လူတွေကို အဆင်သင့်စီထားလိုက်ပါတယ်။ အပြင်မှာစီထားရင် နေပူထဲရောက်ရင် ဒုက္ခရောက်မှာစိုးရိမ်မိတာကြောင့်ပါ။ လူတွေအကုန်နီးပါး စီစဉ်ပြီးတဲ့အချိန်မှာတော့ ရှင်လောင်းလှည့်ဖို့စတင်ထွက်ခွာပါတယ်။
အပြင်ဘက် လမ်းပေါ်မှာတော့ အဆင်သင့်စောင့်ဆိုင်းနေတဲ့အဖွဲ့လေးဖွဲ့ရှိပါတယ်။ ဆိုင်းအဖွဲ့နှစ်ဖွဲ့၊ ရှမ်းအိုးစည် တစ်ဖွဲ့နဲ့ အော်ရင် ဂင်တီးတဲ့တစ်ဖွဲ့ 😁
စုစုပေါင်း လေးဖွဲ့ပါ။ ထော်လာဂျီနဲ့ စီစဉ်ထားပြီး အဆင်သင့်စောင့်ဆိုင်းနေကြပါပြီ။
ရှင်လောင်းလှည့်ဖို့ စတင်ပြီဆိုတာနဲ့ မောင်ရှင်လောင်းတွေကို မြင်းပေါ်တင်ပါတယ်။ ရွှေထီးဆောင်းတဲ့သူ၊ မောင်ရှင်လောင်းထိန်းတဲ့သူ၊ မြင်းထိန်းတဲ့သူနဲ့ အလုပ်ကိုရှုပ်နေကြရပါတော့တယ်။ အလုပ်မရှုပ်လို့လည်းမရပါဘူး အဲ့ဒီနေ့က မြင်းတွေကိုငှါးရာမှာ နည်းနည်းရိုင်းတဲ့မြင်းတွေပါဝင်နေလို့ သတိလည်း ထားနေရပါတယ်။ ကျနော်တို့အိမ်ရှေ့မှာဆို မြင်းကကန်လိုက်လို့ ရှမ်းအိုးစီဝိုင်းက ရှမ်းလေးတစ်ယောက် ဂျွမ်းပျံပါတယ်။ ဂျွမ်းထိုးတက်လို့မဟုတ်ပါဘူး မြင်းကန်တာကို ခုန်ရှောင်ရင်း ဝါးလုံးတက်နင်းမိပြီး ချော်လည်းသွားတာပါ။ သူလည်း တွတ်ပီရဲ့သေနပ်လိုပါပဲ ရှောင်ရင်ထိပါတယ်။ မြင်းကန်ချက်ကို ခုန်အရှောင်မှာ မြင်းခြေထောက် လေပေါ်ရောက်တာနဲ့တွေ့ပြီး ကျောကုန်းကို ကန်မိသွားရပါတယ်။
အဲ့ဒီလိုကြုံတွေ့ရလို့ နည်းနည်းရိုင်းတဲ့မြင်းကို မောင်ရှင်လောင်း အကြီးတွေကို စီးစေပြီး ယဉ်တဲ့ မြင်းတွေကိုမှ မောင်ရှင်လောင်း အငယ်တွေကို စီးစေခဲ့ပါတယ်။ ကျနော်ရှင်လောင်းလှည့်တာကိုမလိုက်သွားပေမယ့် လမ်းမှာ မောင်ရင်လောင်းတစ်ဦးကို မြင်းပေါ်က ပြုန်အကျ လှမ်းဖမ်းလိုက်တဲ့ အကိုတစ်ယောက်မှာတော့....မြင်းကံတာထိသွားလို့ ဒူးခေါင်းမှာ ဖူးရောင်ကာ အသားမာတက်သမို့ ဆေးလိမ်းကာ အနားရခဲ့တယ် ရှင်လောင်းလှည့်နဲ့လွဲ... ဖြစ်ခဲ့ရပါတယ်။ နောက်ထပ်ရှင်လောင်းတစ်ပါးမှာတော့ မြင်းကန်မခံရပေမယ့် မြင်းပေါ်က ပြုတ်ကျတာလွှားကနဲပဲလို့ပြောပါတယ်။ တော်တော်သတ္တိရှိတဲ့ မောင်ရှင်လောင်းပါပေ။နောက်ထပ်မြင်းပေါ်ကို တက်ခိုင်းတာ မတက်တော့ပါဘူးတဲ့လေ😂😂😂။(ကျနော်ဆိုရင်လည်းမတက်တော့ဘူးလေ😂😂)
မောင်ရှင်လောင်းလေး မြင်းပေါ်ကပြုတ်ကျတဲ့အရှိန်နဲ့ လမ်းလျှောက်တာ ကွတစ်ကွတစ်ဖြစ်နေပါတော့တယ်။
မောင်ရှင်လောင်းလှည့်တာကလည်း ရွာကိုတစ်ပတ်ပတ်တာဆိုပေမယ့် ရွာရဲ့အရှေ့ပိုင်းပဲပတ်လို့ရပါတယ်
အလှူလုပ်တာက ရွာအရှေ့ပိုင်းကဆိုပေမယ့် ရွာအနောက်ဘက်ပိုင်းကို လှည့်လို့အဆင်မပြေကြလို့ သာ မလှည့်တာလို့လည်းထင်ပါတယ်။ လမ်းပမ်းအခြေနေအရသာဖြစ်ပါတယ်။ ရွာအရှေ့ပိုင်းကတော့ ရန်ကုန်မအူပင် ကားလမ်းမနဲ့ ရွာအလည်ကနေရော ရွာအရှေ့ပိုင်းနဲ့ပါ ဆက်စပ်နေတာမို့ ပတ်ချာလည် လှည့်လို့ရပါတယ်။
မောင်ရှင်လောင်းတွေလှည့်နေချိန်ကစတင်ပြီး အလှူမဏ္ဍပ်ထဲမှာ ထမင်းကျွေးနေပါပြီ။ အလှူမှာကျွေးတာတွေကတော့ ဆယ့်နှစ်မျိုးဟင်းချို၊ငါးပိချက်နဲ့ ငါးခြောက်ထောင်းဖြစ်ပါတယ်။
အဲ့ဒီအလှူနေ့ရဲ့ ညဘက်အချိန်မှာတော့ ဖျော်ဖြေရေးအစီအစဉ်အဖြစ် စတိတ်ရှိုးတစ်ခုနဲ့ဖျော်ဖြေကြပါတယ်။ ငှါးရမ်းထားတဲ့အတွက် လာရောက်ဖျော်ဖြေကြတဲ့သူတွေကတော့...
အိမ့်ချစ်၊ဇော်ရှိန်း၊နေရဲလင်း၊သတ္တိ၊ကျော်ဇောဟိန်း၊အောင်ပိုင်နဲ့ အခြား ကျတော်မမှက်မိတော့တဲ့ အဆိုတော်လေးတွေလည်း ပါပါသေးတယ်။
လူကြမ်းမင်းသားတွေလည်း ဒီလိုနေရာမျိုးအလှူပွဲမျိုးမှာတော့ သီချင်းသီဆိုရတဲ့ အဆိုတော်တွေဖြစ်နေကြရပါတယ်။ သီချင်းဆိုတဲ့နေရာမှာ ကျနော်ကြိုက်နှစ်သက်တဲ့ အဆိုတော်ကြီး ဦးလွှမ်းမိုးရဲ့သီချင်းကို သီဆိုသွားတဲ့ ဇော်ရှိန်းရဲ့အသံကို အကြိုက်ဆုံးပါပဲ။ ဇော်ရှိန်းဟာ ဦးလွှမ်းမိုးရဲ့ တပည့်အရင်းလို့လည်းသိရှိရပြီး ဇော်ရှိန်းဟာ လူကြမ်းမင်းသားအပြင် သီချင်းသီဆို၍ အခွေသုံးခွေခန့် ထုတ်ထားပြီးပြီလို့လည်း သိရပါတယ်။
ဒါကတော့ ကျနော်တို့ကျေးရွာမှာပြုလုပ်ခဲ့တဲ့ အလှူပွဲတစ်ခုအကြောင်းကို အသေးစိတ်မရေးတက်တာနဲ့ အကျဉ်းချုပ်ပြီး ရေးပြခဲ့ခြင်းပါ။ အလှုပွဲနဲ့ပတ်သတ်ပြီး ကျနော်ရေးပေမယ့် အလှူပွဲအကြောင်းကို မှက်တမ်းတင်ပုံတွေမရိုက်ကူးခဲ့တဲ့အတွက် ပုံများစွာကိုမထည့်သွင်းနိုင်တာခွင့်လွှတ်ပေးကြပါခင်ဗျာ။
အလှူ့ရှင်များဖြစ်ကြတဲ့ ဦးစံသိန်း+ဒေါ်ဝင်းမြင့်တို့၏ အလှူပွဲအကြောင်းအား အတိုချုပ်၍ရေးသားပေးခဲ့ခြင်းဖြစ်ပါသည်။
Steemit မှ ဆရာသမားများနှင့် ညီကိုမောင်နှမအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
MSC မှ အဖွဲ့သူအဖွဲ့သားအားလုံး လေးစားချစ်ခင်လျှက်.....