ငွေရောင်နှင်းစက် အမှက်တမဲ့နဲ့
တဖျက်ဖျက်ဝင်း ဆက်ဆက်ရင်းပေါ့
နေခြည်အေးမှာ လင်းရောင်ဖြာတယ်
.
သို့ပေသော်ငြား သူတို့မှာလည်း
အလင်းရောင်ပြန် ဖြစ်ခဲ့ပြန်မို့ 
လင်းရောင်အရှိန် ပူပြင်းချိန်ဝယ်
နှင်းငွေ့ဝေဝေ ပျောက်ပျက်လေမယ်
.
Copyရေးသား စာသမားလည်း
သီးကင်းအညှာ မခိုင်စွာရှိသို့
ဖြုတ်ဖြုတ်နဲ့ကြွေ ပုပ်လိမ့်မည်မို့
စာပေအရေး လိုရာတွေးလို့
ရေးသားနေစေ မူပိုင်ဟန်တွေ
ထင်ထင်လင်းလင်း သိမြင်ခြင်းသို့
တတစ်တစ်နေ ပုရစ်ညှာလို
ပင်မြင့်သို့တက် တစ်ရက်တစ်ရက်
သစ်ပင်ကြီးတွေ အဖြစ်သို့ဆက်။
ဆရာတင်လှိုင်ဦး၏ ကဗျာများကိုအားကြ၍
ရေးခြင်းဖြစ်ပါသည်။
ဖတ်လို့ကောင်းတဲ့ကဗျာတော့ မဖြစ်သေးပါဘူးခင်ဗျာ။