တော်တော်ကိုချစ်ကြတာပါ😁

Words
199
Reading
1 min
Listen
Play
8y

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါ steemitမှ မိတ်ဆွေတို့ရေ....
အခုလ အခုအချိန်အခါမှာ ရွာထဲတွင်မက တခြားသောနေရာဒေသတွေမှာပါ ကြားနေရတာကတော့ ဆောင်းဘောက်အသံချဲ့စက်ဖွင့်တဲ့အသံတွေပါပဲ။ အလှူလုပ်နေတာတော့မဟုတ်ပါဘူးဗျာနော်။ သူတို့ဖွင့်တဲ့သီချင်းက အာဝါဟ ဝိဝါဟ ဆိုပြီးဖွင့်နေကြတာပါဗျာ။ မင်္ဂလာဆောင်တွေများတာက မင်္ဂလာရှိလားမရှိလားတော့မသိဘူ ကိုယ့်အသိမိတ်ဆွေတွေရဲ့ မင်္ဂလာဆောင်တွေဆိုလို့ကတော့ ဒံပေါက်တို့ အုန်းနို့ခေါက်ဆွဲတို့ကိုဈေးကြီးကြီးပေးပြီး ဝယ်စားရတာပဲဗျို့။ အဲ့ဒီအရာကိုပဲ လူမှုရေးလို့ခေါ်ဆိုကြတာပဲမဟုတ်ပါလားဗျာ။

8755c059530577960f5b770140a1e9c6.jpg

Credit image source

ကိုယ့်ဘက်ကနေပြီး အပေါင်းအသင်းတွေအတွက်ဆိုတော့ လက်ဖွဲ့အတွက် ဟိုပစ္စည်းလေးဝယ် ဒီပစ္စည်းလေးဝယ် အထုပ်လေးထပ်ပြီး လက်ဖွဲ့တာတွေလည်းရှိပါတယ်။ တချို့ချမ်းသာတဲ့သူတွေ ငွေကြေးအဆင်ပြေတဲ့သူတွေအတွက်က လက်ဖွဲ့ပစ္စည်းရတာက သူတို့အတွက် အမှက်တရနဲ့ပျော်ရွှင်နိုင်စရာလေးတွေဖြစ်ကြရပေမယ့် တချို့တွေရဲ့ မင်္ဂလာပွဲတွေမှာတော့ လက်ဖွဲ့ပဲများများရရင် မင်္ဂလာဆောင်ပြီး စိတ်ညစ်နေရတဲ့သူတွေဖြစ်နေတာကိုလည်း တွေ့နေရပါတယ်။ ဘာလို့လည်းဆိုရင် ငွေရေးကြေးရေးအဆင်မပြေသူတွေက သူတို့ရဲ့မင်္ဂလာပွဲအတွက်ကို ငွေကြေးပဲပြန်ရချင်ကြတယ်။မိတ်ဆွေအပေါင်းအသင်းတွေက လက်ဖွဲ့ကြလို့၊ သူတို့ဆီရောက်ရှိပြီး သူတို့မင်္ဂလာပွဲအတွက် အသိအမှက်ပြုဂုဏ်ပြုပေးလို့ ဝမ်းသာနေကြရပေမယ့်...

  • ဝမ်းစာအတွက် ငွေကြေး မလောက်သေးတော့ နောက်ဖေးက ဈေးဆိုင်ထဲ မျက်ရည်ဖြိုင်ကဲနေရတော့တာပေါ့။
    စိတ်ညစ်နေကြရတာကို ဆိုလိုခြင်းသာပါ။

ချစ်သူနှစ်ဦးအတူနေကြရတာဖြစ်လို့ဝမ်းသာပျော်ရွှင်မှုတော့ သူတို့ရကြမှာပါ။ ရမရတော့ ကျနော်လည်းမသိဘူးနော် ကိုယ်တိုင်ကမှ မင်္ဂလာမဆောင်ဖူးတာလေ😁😁😁။ဒီနေ့မှာ ပျော်ရွှင်ကြရပေမယ့် နောက်နေ့မှာ ကုန်ကျစရိတ်တွေကိုတွက်ပြီး စိတ်ညစ်ရသူတွေလည်းရှိကြပါတယ်။ ငါတို့ မင်္ဂလာပွဲက ရှုံးတယ်ကွာဆိုပြီး ဖြစ်လာကြပါတယ်။ တစ်ချို့ဆို ငွေကြေးတွေချေးငှါးပြီး မင်္ဂလာဆောင်ကြတဲ့အတွက် မင်္ဂလာစရိတ်က အရှုံးလည်းပြရော သူတို့တတွေလည်း အကြွေးသံသရာထဲမြောနေရောပဲ။ လူကြီးမိဘတွေရဲ့ ဆိုဆုံးမမှုတစ်ခုကိုလည်း ပြန်လည်အမှက်ရမိပါသေးတယ်။ မင်္ဂလာဆောင်ဆိုတာ ခမ်းနားလွန်းနေဖို့မလိုဘူး အကြွေးမတင်နေစေဖို့ပဲလိုတယ်တဲ့။ အကြွေးတင်ရင် မင်္ဂလာအကြွေးက ပူပါတယ်တဲ့ဗျာ။ ကိုယ်တက်နိုင်သလောက်ပမာဏနဲ့သာ မင်္ဂလာပွဲကို အကောင်းဆုံးဖန်တီးသင့်ပါတယ်။

ကျနော်လည်း မင်္ဂလာဆောင်က ဆောင်းဘောက်သံတွေကြားပြီး တွေ့ရာတွေလျှောက်ရေးနေတာပါဗျာ😁။ ချစ်သူတွေချစ်လို့အတူနေကြရရင်တော့ ပျော်ရွှင်စရာကောင်းတဲ့မသားစုဘဝလေးကိုပိုင်ဆိုင်ကြရမှာအမှန်ပါ။ တချို့က ရှိနေတယ်ဗျ မိဘပေးစားလို့ယူရတာဆိုပြီးပေါ့။ ဒါပေမယ့်လည်း အဲ့ဒီအိမ်ထောင်ရေးကိုလည်းမတည်မြဲဘူးလို့ပြောလို့မရပါဘူး။ အိမ်ထောင်ရေးကို အချစ်ဆိုတာကိုမတွေးပဲ ဘဝရှေ့ရေးအတွက်ဆိုတာကိုပဲတွေးတောပြီး လက်ထပ်ကြတဲ့ပုံစံမျိုးပေါ့။ တချို့ စိတ်ကစားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြသူတွေလည်းရှိပြန်သေးတယ်။ ဒီတော့ နောက်ဆက်တွဲရဲ့အကျိုးဆက်က တစ်ကယ်မချစ်မနှစ်သက်တာဖြစ်လို့ တည်မြဲခြင်းမရှိတဲ့အိမ်ထောင်ရေးဖြစ်လာရတော့တာပေါ့။

ကျနော့ တူမလေးတစ်ယောက်ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာပါပဲ ဒါပေမယ့် သူ့ယောက်ျားကို တော်တော်ချစ်တာပါ။ တော်ရုံလူတွေမချစ်နိုင်တဲ့အချစ်မျိုးတော့မဟုတ်ပေမယ့်။ တစ်ကယ်ချစ်ပါတယ်ဆိုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုမိကြတဲ့ လူငယ်တစ်ချို့ရဲ့ချစ်ခြင်းမျိုးနဲ့ကိုချစ်နိုင်တာပါ။

တချို့တွေကြပြန်တော့လည်း အိမ်ထောင်ရေးကံမကောင်းကြပြန်ပါဘူး။ ဟိုတစ်နေ့က အမျိုးတစ်စု အိမ်ကို အလည်လာကြပါတယ်။ ကျနော်ပြောတဲ့ ငယ်ငယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားတဲ့ ကျတော့တူမလေးရယ် အခြားရွာကအဒေါ်ကြီးတစ်ယောက်ရယ်လည်း ပါလာပါတယ်။ သူတို့ပြောတဲ့စကားတွေကျနော်နားထောင်ကြည့်တော့လည်းမဆိုးပါဘူးလို့တွေးမိပါတယ်။ ကျနော်တို့steemitမှာ စာရေးစရာရှားပါးရင်အဲ့ဒီလိုအဒေါ်ကြီးမျိုးကို ရှာဖွေပြီးအိမ်ကိုခေါ်ထားသင့်တယ်လို့တောင်တွေးမိပါတယ်။ စကားတွေပြောသွားတာမှာ သိပ်ပြီးရပ်တန့်မသွားပါဘူး ဗဟုသုတ တော်တော်ရှိတဲ့အဒေါ်ကြီးပါဗျာ။

သူပြောသွားတဲ့အထဲမှာ အိမ်ထောင်ရေးကံမကောင်းတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းလည်းပါလာပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ယောက်ျားယူလိုက်တိုင်း သူ့ယောက်ျားတွေက သိပ်မကြာဘူး သေတာပါပဲတဲ့ ယောက်ျားနှစ်ယောက်သေပြီးလို့ နောက်တစ်ယောက်ထပ်ယူဖို့ မင်္ဂလာစကားပြောပြီးပြန်သွားတဲ့ သတိုးသားမဖြစ်သေးတဲ့ သတို့သားလောင်းက အပြန်လမ်းမှာ ကားချင်းတိုက်မိပြီးထပ်သေသွားတယ်တဲ့။ တိုက်ဆိုင်မှုတွေလေလား ကံကြမ္မာကြောင့်လားမသိပေမယ့် အဲ့ဒီအမျိုးသမီးဟာ နောက်ထပ် အိမ်ထောင်လုံးဝမပြုတော့ပါဘူးလို့သိရပါတယ်။

အဲ့ဒီအဒေါ်ကြီးရဲ့စကားတွေပြောလို့အပြီးမှာ အဒေါ်ကြီးရဲ့စကားကိုနားထောင်နေတဲ့ သူ့ယောက်ျားကိုအရမ်းချစ်ပါတယ်ဆိုတဲ့ ကျနော့တူမလေးက သူ့ယောက်ျားကို သူဘယ်လိုချစ်တယ်ဆိုတာ တစ်ခွန်းထဲထပြီးပြောလိုက်ပါတယ်။...
တူမလေးပြောတဲ့စကားကတော့...
အမယ်လေးအဒေါ်ကြီးရယ် အဲ့ဒီအမျိုးသမီးရှိတဲ့ နေရာကို သမီးကိုပြောပြပေးပါလား။ သမီးရဲ့ယောက်ျားနဲ့ အဲ့ဒီအမျိုးသမီးကို ပေးစားချင်လို့ပါ။
အဲ့ဒီမသာလေးမြန်မြန်သေမှ အေးမှာ
... တဲ့ဗျာ 😁😁😁😂

ကဲကောင်းရောမဟုတ်လား
တော်တော်ကို ချစ်ကြတာလေ....😁😂

User_68439_Image_Post_09_15_2017_03_58_11_AM_7a67c6c8-0c51-4768-95aa-29b3b5a3fea4.jpg

Credit image source

ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာချမ်းသာကြပါစေ.....

komoezaw@komoezaw

MSC-030

တော်တော်ကိုချစ်ကြတာပါ😁 | Ecency