အလှအပဟာ အရေပြားတစ်ထောက်စာပါပဲလို့ ဆိုကြပေမယ့် ယနေ့ထိတိုင်အောင် ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ သာမန်လူတွေထက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ပါတယ်။ အခုခေတ်လူ့အဖွဲ့အစည်းမှာ မိန်းကလေးတစ်ယောက်က အသားဖြူပြီး ခန္ဓာကိုယ်သွယ်တယ်ဆိုရင်ကို လှတယ်လို့ ယေဘူယျ သတ်မှတ်ကြပါတယ်။ အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကလည်း တစ်နေ့တစ်ခြား ပေါများလာနေတာကြောင့် ပိုပြီးဖြူစင်ချောမွေ့တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ အမျိုးသမီးတွေက ကြိုးပမ်းနေကြတာတွေ့မြင်ရမှာပါ။နွေရဲ့ သရုပ်ဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ပီပြင်လာပါပြီ။ တစ်နေ့ထက် တစ်နေ့ ပိုပူလာတဲ့ ခံစားချက်ကို အပြင်ထွက်တဲ့ အခါတိုင်း ခံစားမိလာကြမှာပါ။ဒီလို ပူပြင်းတဲ့ နွေရာသီမှာ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ဟာ ပိုပြီး ခန်းခြောက်လွယ်ပါတယ်။ ရေဓာတ်ခန်းတဲ့ အခါ ရေငတ်တဲ့ ခံစားမှုမျိုးကို ခံစားရတတ်ပါတယ်။ လူတော်တော်များများဟာ ရေငတ်တဲ့ အခါ အချိုရည် သောက်လိုက်တာမျိုးနဲ့ ရေခဲရေ သောက်လိုက်တာမျိုးကို လုပ်တတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။
Photo-google
Writing by@komoewai