ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၇)

kolinn(54)
Published in
#myanmar
Words
275
Reading
2 min
Listen
Play
8y

bbrgyantez.jpg

"အားး"

"ဟာ ဘာဖြစ်တာတုန်းဟ"

အလန့်တစ်ကြား အော်သံကြောင့် ကျနော်အိပ်နေရင်းနဲ့ ထထိုင်မိသည်။

"ဖမ်းကြဟေ့ အဲ့ဒီကောင် မိအောင် ဝိုင်းဖမ်းကြစမ်း"

တန်းစီးဖြစ်သူရဲ့ အော်ပြောသံကြောင့် ကျနော် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်လေသည်။ အချုပ်ထောင်ထဲတွင် လာအိုတစ်ယောက် ဆေးကြောင် ကြောင်ပြီးတော့ အချုပ်ထဲတွင် လိုက်ပြေးနေသည်။ ဖြစ်ချင်တော့ အချုပ်သားများအားလုံး အိပ်မောကျနေတဲ့အချိန်မှာ ဆေးသမားက ဆေးကြောင်ပြီး လိုက်ပတ်ပြေးနေတာ အိပ်နေသော အချုပ်သားများအား တက်နင်းမိလေသည်။ တစ်ချို့တွေဆိုရင် ခေါင်းတွေ အတက်နင်းခံရ ဗိုက်ပေါ်တွေ အတက်နင်းခံရနဲ့ တော်သေးသည် ကျနော်တောင် အထမြန်လို့ ဆေးကြောင်နေတဲ့ ဆေးသမားက လိုက်ပတ်ပြေးနေတာ ကျနော့်အနား ရောက်လာလေသည်။

ဆေးသမား ကျနော့်အနားသို့ ရောက်သည်နှင့် ပိတ်ကန်ထုတ်လိုက်လေသည်။
"ဘုန်း"
ဆေးသမား လဲကျသွားလေသည်။ အားပါးပါး တော်တော်သန်တဲ့ ဆေးသမား လူငါးယောက်လောက် မနည်းချုပ်ယူရတယ်။
ဆေးသမားအား ဖမ်းမိသည်နှင့် ဆေးသမား တက်နင်းလို့ အနင်းခံရတဲ့ အချုပ်သားများမှာ မကျေမနပ် ဖြစ်ပြီးတော့ ဝိုင်းပြီးတော့ ဆေးသမားအား ထိုးကြိတ်ကြလေတော့သည်။

ဆေးသမားဖြစ်သူမှာ အားလုံးဝိုင်းပြီးတော့ ထိုးကြိတ်ခြင်းကြောင့် သတိမေ့မြောသွားလေတော့သည်။

သြော် လူတွေ လူတွေ အသိတရားခေါင်းပါးကြပါလား ဆေးကြောင်နေတဲ့ ဆေးသမားကို မေ့မြောသွားတဲ့ အထိတောင် ထိုးကြိတ်ရတယ်လို့ စဉ်းစားဥာဏ် မရှိကြပါလား... တော်တန်ရုံလောက် ထိုးကြိတ်ပြီး တော်ရောပေါ့ အခုတော့ ရူးနေတဲ့လူကို မရူးတဲ့လူကောင်းတွေက ဝိုင်းပြီးတော့ ကိုက်နေကြသလို ဖြစ်နေတယ်။

ဒါနဲ့ သတိမေ့မြောသွားသော ဆေးသမားကိုာဘာဆက်လုပ်ကြမလဲ ဆိုပြီးတော့ ကျနော် ဆက်ကြည့်နေလိုက်လေသည်။
အင်္ကျီ တစ်ထည်နဲ့တစ်ထည် ချည်ဆက်ပြီးတော့ ဆေးသမား လက်ကို နောက်ပြန်ထားပြီးတော့ ခြေထာက်အပါဝင် ကြိုးချည်သလို ချည်ကြလေသည်။ ဆေးသမားဖြစ်သူအား ဖြစ်သူအား ကြိုးတုပ်ချည်နှောင်ပြီးသည်နှင့် လူလေးယောက်က ဆေးသမားကို ဝိုင်းသယ်ပြီး အချုပ်ခန်း ထောင့်တစ်နေရာတွင် သွားပြီးတော့ ပစ်ထားလိုက်ပြီး ကိုယ့်နေရာကိုယ် ပြန်အိပ်ကြလေတော့သည်။

သြော်... ဘာလိုလိုနဲ့ ဘန်ကောက်သင်္ကြန်မှာ အထောက်အထား မရှိဘဲနဲ့ အလည်ကောင်းလို့. ပုလိပ်ဖမ်းခံထိတာ အခုဆိုရင် အချုပ်ထဲမှာ တစ်လနီးပါးကြာခဲ့ပြီ ပြန်လည်းမလွတ်ပေးသေးဘူး။ လွတ်တော့လွတ်ပေးပါတယ် လွတ်ပေးတဲ့အခါအတိုင်း ကျနော့်နာမည်စာရင်းမပါလို့ ကျန်နေခဲ့ရတယ်။ အဖြစ်က ဒီလိုဗျ....

တစ်ပတ်တစ်ခါ စနေနေ့တိုင်း အချုပ်သားများကို သက်ဆိုင်ရာ နယ်စပ်သို့ ပြန်ပို့ပေးတဲ့ အချုပ်ကား နှစ်စီး(သို့)သုံးစီး IDCရုံးသို့ အမြဲလာတယ်။အဲ့လို ပြန်ပို့ပေးတဲ့ ပြန်ပို့ပေးတဲ့ အချုပ်ကား လာပြီဆိုရင် အချုပ်သားတွေကို အချုပ်ဝန်းထဲမှာရှိတဲ့ အောက်ထပ် မြက်ခင်းပေါ်မှာ ဆင်းပြီးတော့ တန်းစီးခိုင်းလေသည်။ မြန်မာ လာအို ကမ္ဘောဒီယား သူ့အဖွဲ့နဲ့သူ သီးခြား တန်းစီးပြီးရင် အချုပ်ကားပေါ်သို့ တက်ဖို့အတွက် နာမည် စာရင်းခေါ်တယ်၊ အဲ့လို နာမည်စာရင်းခေါ်ရင် ကိုယ့်နာမည် ပါတဲ့လူက ကိုယ့်ပစ္စည်း ကိုယ်ယူပြီးတော့ အချုပ်ကားပေါ် တက်ပြီးတော့ ပြန်ကြတာပေါ့။ ဒါပေမယ့် ကံဆိုးချင်တော့ နာမည်စာရင်းခေါ်တဲ့ အခါတိုင်း ကျနော့်နာမည် မပါလာဘူးဗျာ။ သူများတွေ လွတ်ပြီးတော့ ကိုယ်မလွတ်သေးရင် စိတ်ထဲမှာ တစ်မျိုးကြီးပဲ ငိုချင်သလို ရယ်ချင်သလိုနဲ့ အရမ်းခံစားရတယ်။အချုပ်သားတွေကများတော့ ကားမဆန့်လို့ ကိုယ့်နာမည်စာရင်း မပါတဲ့အခါ စိတ်ဓာတ်ကျကျနဲ့ပဲ အချုပ်ခန်းထဲ ပြန်ဝင်နေလိုက်တယ်။ အချုပ်ခန်းထဲရောက်ရင် တန်းစီးဖြစ်သူက..

"ဟေ့ ဘယ်လိုလဲ ဒီတစ်ခါလည်း မောင်ကံဆိုးတွေ မလွတ်သေးပြန်ဘူးလားကွ ဟား ဟားး"

"ဟာဗျာ တန်းစီးကလည်း ဒီမှာ နာမည်ခေါ်တာ မပါလို့ စိတ်ညစ်နေပါတယ်ဆိုမှ လာနောက်နေပြန်ပြီ"

"မနောက်ပါဘူးကွာ ငါဆိုရင် မပြန်ချင်လို့ အချုပ်ထဲမှာ နေနေတာ အခုချိန်ထိပဲကွ"

"အမ် သောက်စမ်းကြီးပါလား မပြန်ချင်လို့ အချုပ်ထဲမှာ နေတာ အခုချိန်ထိပဲဆိုတေ့. ဘယ်လိုကြီးလည်းဗျာ သူများတွေက ပြန်ချင်တာများ တစ်ပိုင်းတောင် သေတယ်"

"ဟ ဟား ငါလည်း ပြန်ချင်တာပေါ့ကွာ မပြန်ချင်ပဲ ဘယ်နေပါ့မလဲ"

"ဒါဆိုလည်း ဘာလို့ မပြန်လည်းဗျ ဒါနဲ့ နေပါအုံး တန်းစီးက ဘာအမှု့နဲ့ ဒီအချုပ်ထဲမှာ ကျနေတာလဲ"

"ဘာအမှု့နဲ့မှ မဟုတ်ပါဘူးကွာ မင်းတို့တွေလိုပဲ ရိုးရိုး သံထောက်(နိုင်ငံခိုးဝင်)မှု့ပါပဲ"

"ဟာ ဒါဆိုရင် ဘာလို့ အခုချိန်ထိ မလွတ်သေးတာလဲ"

"မလွတ်သေးတာ မဟုတ်ဘူးကွ မထွက်သေးတာ"

"ဟိုက်! ဘယ်လို ဘယ်လို နားမလည်လို့ ပြောပြပါလား"

အေးး ဒီလိုကွ......

ဆက်လက်ရေးသားသွားပါမည်။

w0mywp4eck.jpg

ကျေးဇူးတင်ထိုက်သူများနှင့် တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

MSC 160
Author: kolinn@kolinn

ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၇) | Ecency