မြတ်ဆရာ

Words
107
Reading
1 min
9y
Listen to this post
~1 min

ဘုရား၊ တရား၊ သံဃာ၊ မိဘ ဆိုသည့် အန္တဂိုဏ်းဝင် ကျေးဇူးရှင်များနှင့် တစ်ဂုဏ်တည်း ထားအပ်သော မြင့်မြတ်သော သူမှာ ဆရာ ဖြစ်ပါသည်။
image
အသိပညာ အလိမ္မာကို သင်ရုံသာမက ဘ၀တစ်လျှောက် နေထိုင်ဆက်ဆံ ကျင့်ကြံမှုများ ကို သင်ကြားပေးသော ဆရာကျေးဇူးကား ကြီးမားလှသည်။ ၀လုံးလေး ၀ိုင်းဝိုင်းလေ ဆွဲရာမှ ဘ၀အလင်းထိ လမ်းပြသော မိဘ ဆရာပင်ဖြစ် သည်။ မိဘပြီးလျှင် မြတ်ဆရာသည် ဒုတိယ မိဘဟု တင်စားကြသည်။

ဆရာဂုဏ်ရည်ကို နှိုင်းဆ၍မရ။ ထို့ကြောင့် "အာစရိယဂုဏော အနန္တော" ဟု ပူဇော်ကြသည်။ ဆရာတို့သည် ပညာအလင်းပေးကာ တပည်များ ကို လက်ဆင့်ကမ်းခဲ့ရာ ဆရာကောင်တပည့် ပန်းကောင်းပန်ဖြစ်စေရန် လမ်းညွှန်းမှုများဆုံးမမှုများ ပြုပြင်ခဲ့သည်။

ယခင်မှအစ ယခုချိန်ထိ တိုးတက်ပြောင်းလဲနေသော ခေတ်ဖြစ်သည်။ ခေတ်မှီ တိုးတက်သော နည်းပပညာများကိုလက်ဆင့်ကမ်းရုံသာမက စိတ်နှလုံးယဉ်ကျေးအောင် နှလုံးသားနှင့်ရင်၍ ပုံဖော်ထုဆစ်သောဂုဏ်သည် ဘယ်အရာနှင့်မျှ တန်းဖိုဖြတ်၍မရပေ။

စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိတွင် သစ်ပင်အရိပ်ထက် အမိအဖ ဆွေမျိုအရိပ်သည် ပိုအေးမျှသည်။ ဆရာမြတ်တို့၏ အရိပ်ကလဲ ပိုအေးမြသည်ဟု မှတ်တမ်းတင်ဂုဏ်ပြုထားသည်။
လူလောကကြီးသည် ခေတ်အဆက်ဆက်၌ ဆရာ၏ အရိပ်ဖြင့် သာယာလှပတိုးတက်ခဲ့သည်။

ဆရာတို့သည် အသိပညာ၊ အတက်ပညာ၊ အသက်မွေးမှုပညာ တို့ကို သင်ကြားပေးပြီး ယဉ်ကျေးမှုနှင့် စာရိတ္တပြည့်ဝအောင် သွန်သင်ညွှန်ပြပေးသည်။ ဆရာတို့သည် တပည့်တို့၏ ဗီဇစိတ်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့်ဖြစ်စေ၊ ကိုယ်စိတ်အမှုအရာတို့ရိုင်းစိုင်းမှားယွင်းနေလျှင် ချက်ချင်းဆုံးမပဲ့ပြင်ခဲ့သည်။ ငယ်စဉ်က ဆုံးမပဲ့ပြင်ခြင်းမခံရလျှင် ကြီးသောအခါ ထိုစရိုက်ဆိုးကိုပြင်ရခက်သည်။ ငယ်စဉ်က ဆုံမပဲ့ပြင် သင်ကြားပေးခဲ့သော ဆရာမြတ်၏ဂုဏ်ကျေးဇူးသည် လူတိုင်အတွက်ကြီးမားသော အရိပ်ကြီးတစ်ခုဖြစ်သည်။

MSC-047
kokyawzinphyo@kokyawzinphyo

မြတ်ဆရာ | Ecency