Myanmar Steemit Community

Words
45
Reading
1 min
9y
Listen to this post
~1 min

သွေးမတော် သားမစပ်
ဒါပေသိ နှလုံးသားချင်း နီးကြပါတယ်
မတူကွဲပြားမှုတွေ ရှိခဲ့ကြတယ်ဆိုရင်တောင်
နားလည်ဖေးမမှုတွေနဲ့
ဒို့တတွေ ကျော်လွှားခဲ့ကြတယ်

အလှမ်းဝေးတဲ့ နေရာမှာ
ကြီးနိုင်ငယ်ညှင်း
တင်စီးမှုတွေ မရှိခဲ့ကြတာ
အချိန် သက်သေပါပဲလေ

တစ်ခါတစ်လေမှာ မိဘ သဖွယ်
တစ်ခါတစ်လေကျပြန်တော့ မိတ်ဆွေကောင်းသဖွယ်
ချော့တစ်ခါ ခြောက်တစ်လှည့်
လမ်းမှားမရောက်အောင်
တစ်ဦးကိုတစ်ဦး
ပဲ့ပြင်ဆုံးမ ခဲ့ကြဖူးပါတယ်

ဒို့တတွေ
ဖြတ်ကျော်ခဲ့ဖူးတဲ့နေ့ရက်တွေ
ရင်ဆိုင်ခဲ့ဖူးတဲ့ အခက်အခဲတွေ
ရခဲ့ဖူးတဲ့ အတွေ့အကြုံတွေ
ဝေမျှခဲ့ဖူးတဲ့ မေတ္တာတရားတွေ
ယုံကြည်နေပါတယ်
တစ်ဦးတစ်ယောက်ချင်းစီရဲ့ နှလုံးသားထဲမှာ
စွဲထင်နေဦးမှာပါ......

MSC ဒီထက်မက အောင်မြင်ပါစေ

image

MSC-047
kokyawzinphyo@kokyawzinphyo

Myanmar Steemit Community | Ecency