ကျွန်တော်သိသော မက္ခရာမင်းသားလေး

Words
100
Reading
1 min
9y
Listen to this post
~1 min

ကျွန်တော်သိသောမက္ခရာမင်းသားလေးသည် အမရပူရ ပထမမြို့တည်သော ဗဒုံမင်းတရား(ဘိုးတော်ဘုရား)၏ သားတော်ဖြစ်သည်။ ငယ်မည်မှာ မောင်ပျိုးဖြစ်သည်။ ဘွဲ့အမည်မှာ မင်းရဲကျော်စွာ ဖြစ်သည်။ မက္ခရာမြို့ကို အပိုင်းစားရသဖြင့် မက္ခရာမင်းသားဟု ထင်ရှာကြော်ဇောသည်။ အင်ဝဘုရင် ဘကြီးတော်နှင့် သာယာဝတီမင်းတို့၏ ဦးလေးတော် ဖြစ်သည်။ခေတ်သစ် ထူဖောင်လိုသော မင်းဖြစ်ပြီး အင်္ဂလိပ် မြန်မာ အဘိဓါန်ကို စတင်ပြုစုသူဖြစ် သည်။
image
မက္ခရာမင်းသားကြီးသည် အမေရိကန် သာသနာပြုဆရာ ဒေါက်တာဂျပ်ဆင်၏ မှတ်တမ်းများအရ မင်းသားကြီးသည် ရုပ်ရည် ရူပကာတင့်တယ်သည်။ သိုသော် ခြေလက်တို့မှာ လေဖြတ်ထားသဖြင့် မသန်မစွမ်းဖြစ်နေသည် ဟု ဆိုသည်။
မင်းသားကြီးသည် ဘ၀ကိုအရှုံးမပေး နိုင်ငံနှင့် လူမျိုးအတွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ စာပေရေး၊ ပညာရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
ထိုချိန်တွင် မြန်မာတို့သည် ၀ိဇ္ဇာ သိပ္ပံပညာရပ်များမတက်မြောက်ကြသေး ခေတ်မမီကြသေး။
image
မင်းသားကြီးသည် အင်ဝနေပြည်တော်ရောက် ပေါ်တူဂီလူမျိုးများ အင်္ဂလိပ်လူမျိုးများနှင့် ဆက်ဆံကာ သူတို့မှ တစိဆင့် ခေတ်မှီ ၀ိဇ္ဇာသိပ္ပံပညာရပ်များ သဘောတရားကို သိရှိနားလည်ခဲ့သည်။

မင်းသားကြီးသည် အင်းဝသို့ရောက်ရှိနေသည့် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူခဲ့သည်။ ထိုနောက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အနောက်တိုင်းဝိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ်များကို လေ့လာဆည်ပူးခဲ့သည်။ အထူးသဖြင့် ရီး၏စွယ်စုံကျမ်းကိုလေ့လာဆည်းပူးသည်။
image
မင်းသားကြီးသည် သူ၏ စာကြည့်ဆောင် နံရံဆွင် အပူအအေးချိန်သော သာမိုမီတာနှင့် လေဖိအားချိန်သော ဗရိုမီတာကို အမြတ်တနိုး ချိတိဆွဲထားသည်။ လောဂရစ်သမ် ဂဏန်းသင်္ချာတွက်နည်းကို အင်းဝရောက် အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာလိန်းထံက သင်ကြားခဲ့သည်။
image

MSC-047
kikyawzinphyo@kikyawzinphyo

ကျွန်တော်သိသော မက္ခရာမင်းသားလေး | Ecency