"ဆရာဟူသည်၊
ကူညီနှိုင်းဆို၊ မြင်းမိုရ်တော်ဦး
မကကျူသည့်၊ ကျေးဇူးတရား
ဘုရားနှင့်နှိုင်း၊ တစ်ဂိုဏ်းတည်းပြ
အနန္တဂိုဏ်းဝင်၊ ကျေးဇူးရှင်" ဖြစ် မှတ်တမ်းပြုအပ်သော
ဆရာသခင်ကျေးဇူးရှင်ဖြစ်သည်။
တပည့်သည်လည်း ဆရာတော် အရှင်မဟာသီလ၀ံသ
ဆုံးမစာပါအတိုင်
"ဆရာသမား၊ မိဘများကို၊ နိုးကြားမပျက်၊ မျက်နှာသစ်
တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်" ဟု
ဆရာဝေယျာဝစ္စကိစ္စကြီးငယ်အသွယ်သွယ်ကိုဆောင်
ရွက်ပေးရသူဖြစ်သည်။
ညောင်ပင်သာဦးပုညရေးသားခဲ့သော
"ဆရာ့ထံမှာ၊ ဆုံးမနာ၊ ပညာရင်နို့စိုရမည်။
ဆရာမိဘ၊ ဆိုဆုံးမ၊ သိဿဦးထိပ်ပန်ရမည်။"ဟု
တပည့်တို့၏ လုပ်ငန်းတာဝန် ၀တ္တရားတို့ကို လုပ်ဆောင်
ရန်ရေးသားခဲ့သည်။
ဆရာတို့တွင်လည်းဆရာ့ကျင်ဝတ်ရှိသလို တပည့်တွင်
လည်းတပည့်ကျင်ဝတ်ရှိသည်။
သိင်္ဂါလောဝါဒသုတ်တွင်
"အတက်လည်းသင်
ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်
ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့" ဟုရေးသားသည်ကို
တွေ့ရပေမည်။
ယခုခေတ်လူငယ်များအချို့သည် ဆရာ၊ လူကြီးကိုပင်
မသိကျ ရိုင်းစိုင်းသောအပြုအမူများစွာတွေ့ရှိရသည်။
ကျင့်ဝတ်များကို လိုက်နားသော တပည့်များ နည်းပါးလာ
သည်။ ခေတ်နှင့်အညီပြောင်းလဲသော လူ့အဖွဲ့အစည်း
ကြောင့်လာမသိ ခေတ်လူငယ်အချို့ လမ်းမှာရောက်
နှင့်ကျပြီး။
'ငယ်ရွယ်ချိန်မှာ ပညာရှာ'ဆိုသော စကားလဲဘယ်ရောက်
လိုဘယ်ပေါက်။ ခေတ်လူငယ်များ ငယ်ရွယ်ချိန်မှာပညာ
မရှာ ကြင်ယာရှာ ဖြစ်နေကျပြီး။ပြောင်းလဲ့သင့်သောခေတ်
လူငယ်တို့ နောက်ပြန့်လှည့်ကြည့်အမြတ်ရှိပါ၏။
MSC-047
@kokyawzinphyo