မစ္ဈိမ

Words
70
Reading
1 min
Listen
Play
8y

image

မစ္ဈိမ

အကျင့်စရိုက်၏ အရည်အသွေးများကို သုံးပိုင်းပိုင်း စီလျှင် ရှေ့ဆုံးနှင့်နောက်ဆုံးသည် အလွန်အကျွံများဖြစ်သဖြင့် ဆင်းရဲကြောင်းတရားများဖြစ်ကာ အလယ်အလတ်အရည်အသွေးသည်သာလျှင် အကောင်းတရား သို့မဟုတ် ထူးကဲပြောင်မြောက်မှုဖြစ်သည်။

ဤသို့ဖြင့်

သူရဲဘောကြောင်မှုနှင့် မိုက်ရူးရဲကြားတွင် သူရသတ္တိရှိသည်။
နှမြောတွန့်တိုမှုနှင့် လက်ဖွာမှုကြားတွင် ရက်ရောမှုရှိသည်။
ပျင်းရိခြင်းနှင့် အလိုကြီးမှု ကြားတွင် ရည်မှန်းချက်ကြီးမှု ရှိသည်။

image

အောက်ကျို့မှုနှင့် မာနကြီးမှုကြားတွင် ဣနြေ္ဒသမ္ပတ္တိ ရှိသည်။
လျို့ဝှက်မှုနှင့် ဟောင်ဖွာဟောင်ဖွာနိုင်မှု ကြားတွင် ရိုးသားမှု ရှိသည်။
မှုန်ကုပ်ကုပ်နှင့် ရွှတ်နောက်နောက်ကြားတွင် ဟာသဉာဏ်ရှိသည်။
ရန်လိုမှုနှင့် မြောက်လုံးပင့်လုံးကြားတွင် မိတ်ကောင်းဆွေကောင်းစိတ်ဓာတ် ရှိသည်။
ချီတုံချတုံစိတ်ဓာတ်နှင့် ကမူးရှုးထိုးစိတ်ဓာတ်ကြားတွင် ချုပ်တည်းနိုင်စိတ်ရှိသည်။

 အလယ်အလတ်ရွှေလမ်းစဉ်ဆိုသည်မှာ အတိအကျတိုင်းတာ၍ ရနိုင်သော သင်္ချာကိန်းမျိုးမဟုတ်ပေ။ ၎င်းသည် အနေအထားတစ်မျိုးစီ၏ အခြေအနေအလိုက် အပြောင်းအလဲရှိရာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ရင့်ကျတ်သော ဆင်ခြင်တုံတရားအရသာ မိမိအရည်အသွေးကို မိမိမြေတောင်မြှောက်မည်။ 

ထူးကဲပြောင်မြောက်မှုသည် သင်ကြားလေ့လာမှုရော အလေ့ပါအကျင့်ပါအောင် ကျင့်ယူမှုရောဖြင့်ပါ ရယူရသည့် အတတ်ဖြစ်သည်။
(လူ့အတွေးအခေါ်သမိုင်း # ဘာသာပြန်သူ လှိုင်သင်း )

photo : facebook

image

မစ္ဈိမ | Ecency