ကန့်လန်ခံများဖယ်ရှာခြင်း

Words
97
Reading
1 min
Listen
Play
8y

image

ကန့်လန်ခံများဖယ်ရှာခြင်း

မနေ့က သင်တန်းတခုမှာ
ညီမတယောက်က လာမေးတယ်
နေ့တိုင်းပျော်ပါတယ် စာအုပ်လေး ဖတ်ဖူးလားတဲ့
ကျွန်တော်လည်း ချက်ချင်းပြန်ပြောလိုက်တယ် ဖတ်ဖူးတယ်လို့
ပြန်ပြောလိုက်တော့
အော်ဒါဆို အဲစာအုပ် လက်ဆောင်ပေးမလို့ဟာ မပေးတော့ဘူးလို့ ပြောတယ်
ကျွန်တော်က ပြန်ပြောလိုက်တယ်
ညီမ လက်ဆောင်ပေးမယ်ဆို
အစ်ကိုယူမှာပေါ့လို့
ဘာလို့လဲဆိုတော့ ကျွန်တော့်စာအုပ်ကို
သူများကို လက်ဆောင်ပေးပေးပစ်လိုက်တာ ၂အုပ်လောက် ရှိပြီလေ။ လက်ထဲက စာအုပ်ကိုလည်း အခွင့်သင့်ရင် ထပ်ဝေမျှအုံးမယ် ..

နောက်တော့ သူနဲ့ စကားဆက်ပြောဖြစ်တယ်

သူတဲ့ ပျော်ရွှင်မှုဆိုတာ ရဖို့
လိုက်ရှာနေတာ ကြာပြီတဲ့ မတွေ့ခဲ့ဘူး
အခုတော့ နည်းနည်းသိလာပြီတဲ့
Happiness ဆိုတာရဖို့ contentment လည်းလိုတယ်လို့ သူပြောတယ်

image

ပြီးတော့ အစ်မ စာအုပ်ထဲက အကြောင်းတွေ ပြောဖြစ်တယ်

ကျွန်တော်တို့တွေက Goal setting တွေ
တစ်ခုပြီးတစ်ခု ပြောင်းပြောင်းချရင်း
ပျော်မယ်ထင်လိုက် နောက်တခုပြောင်းလိုက် ပျော်မယ်ထင်လိုက် နောက်တခုပြောင်းလုပ်လိုက်နဲ့
ပျော်ဖို့မေ့နေတတ်ကြောင်း ပြန်ဆွေးနွေးဖြစ်လိုက်တယ်

အခုလည်း အစ်မစာအုပ်လေးကို ပြန်ဖတ်နေတယ်၊
ဒီစာအုပ်လေးက ညအိပ်ယာဝင်ချိန် ပုံပြင်စာအုပ်လေးလိုမျိုး
ဖတ်ပြီးသွားရင် စိတ်လက်ပေါ့ပါးပြီး
အိပ်မောကျသွားစေနိုင်တယ်လေ

အစ်မစာလုံးတွေမှာ မေတ္တာဓာတ်တွေ စိမ့်ဝင်နေလို့အစ်မ
ပြီးတော့ အစ်မ စာရေးနေတာ
အစ်မဘယ်လောက်သိကြောင်း
ပြောပြချင်လို့ မဟုတ်ဘူး
အစ်မဘယ်လိုတွေးတယ် ဆိုတာလေးပဲ ပြောပြနေတာကို ခံစားလို့ရလို့
စာတွေက ဖတ်လိုက်ရင်
ကန့်လန့်ခံ မနေတော့ဘူးလေ
ရင်ထဲ ရှောကနဲ ဝင်သွားရော...

photob: facebook
image

ကန့်လန်ခံများဖယ်ရှာခြင်း | Ecency