ခေါင်းစဉ်မဲ့ကဗျာ - ၅

Words
33
Reading
1 min
Listen
Play
6M

လိုချင်တာရသွားတော့

ကိုယ့်ဖြစ်တည်မှုဟာ

သူမအတွက်ပေါ့ပျက်သွားတယ်

အစကတည်းက ကိုယ်ဟာ ဝှက်ဖဲမရှိခဲ့တော့

သူမ ပြုသမျှ နုခဲ့ရတယ်

အပေါ်ယံတွေ ခုံမင်တဲ့သူမနဲ့

ပကာသနတွေ မရှိတဲ့ ကျွန်တော်

စီးလာတဲ့ ရထားက အတူတူပါပဲ

ဒါပေမဲ့ အကြောင်းပြချက် ဘူတာမှာ သူမ ဆင်းသွားခဲ့တာ

ကျွန်တော်မသိလိုက်ဘူး...

အခုတော့ ဒီရထားပေါ်မှာ ကျွန်တော်တစ်ယောက်တည်း

မမေးပဲ လာလာရောင်းနေတဲ့ အလွမ်းတွေကို

အားနားစွာနဲ့ ဝယ်လွမ်းနေရပါတယ်...

Image created with PEAKD AI

ကိုကိုမိုးဟိန်း

koko.moehein@koko.moehein

ခေါင်းစဉ်မဲ့ကဗျာ - ၅ | Ecency