အာဇာနည်နေ့

kohtoo(30)
Published in
#myanmar
Words
37
Reading
1 min
Listen
Play
8y

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ၀တ်စုံပြည့် အကြိုလေ့ကျင့်


image
(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့ ၀တ်စုံပြည့် အကြိုလေ့ကျင့်မှုကို အာဇာနည်ဗိမာန်မှာ ဇူလိုင်လ(၈)ရက် မနက်(၈)နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ၀န်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ ဒါ့ပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး)တို့မှာ ကြိုတင်ပြင်ဆင်မှုနဲ့ လုံခြုံရေးဆောင်ရွက်ထားမှုတွေကို ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အာဇာနည်နေ့ | Ecency