Writing(1)

Words
39
Reading
1 min
8y
Listen to this post
~1 min

ပင်လယ်ဟာကိုယ်ပါ🎶🎶...
အမှောင်တွေလာရင်..ရင်ခုန်စွာနဲ့မျှော်လင့်မိတယ်တဲ့.....🎤🎤🎤
ဝိုင်ဝိုင်းရဲ့သီချင်းလေး.......
ငါက ပင်လယ် မင်းကလမင်းပေါ့
ဟိုးအမြင့်မှာလင်းတဲ့လမင်းကို ငါမမျှော်မှန်းရဲတာမဟုတ်ဘူး ငါမမျှော်မှန်းမိတော့တာ။
မင်းက ရောက်ရှိလာဖို့မလွယ်ကူသလို အရာရာနဲ့အလှမ်းဝေးစွနေတဲ့မင်းက လမင်းလေးလိုလှပပေမယ့်
လမင်းရဲ့အပြုံးကိုတော့ ဆောင်ကျဉ်းမပေးနိုင်ခဲ့ဘူး။
မင်းမှာ အလှမာန်တွေဝင့်ထည်နေတာ မင်းရဲ့ဘဝမှာ ကောင်းတာရောဆိုးတာပါဖြစ်နေစေတယ်ဆိုတာမင်းမသိခဲ့ဘူး။
အလှတရားဟာ လူ့ဘဝခဏတာမှာ နုပျိုစဉ်သာရရှိနေမယ်ဆိုတာ မင်းမေ့နေလျော့သလား။

တချိန်ချိန်မှာ အသိတရားရရလာလိမ့်မယ်ထင်ခဲ့မိပေမယ့် တစ်ချိန်ချိန်ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်တော့ပါဘူး။
ဘာလို့လည်းဆိုရင်
မင်းဆီမှာ လောဘတွေ ဒေါသတွေကသာ တဖြေးဖြေးတိုးပွားလာနေခဲ့တာကြောင့်လေ.....

ဒါကြောင့် ငါဟာပင်လယ်ပြင်ကြီးလို လမင်းကိုမမျှော်တက်ခဲ့တော့ပါဘူး။

moonoceansomsak-nitimongkolchai.jpg

Credit image link

koayezaw@koayezaw

Writing(1) | Ecency