Write ရေးသည်

Words
67
Reading
1 min
Listen
Play
8y

အမှန်တစ်ကယ်တော့ စာပေတွေရေးသားရာမှာ အသိပညာဗဟုသုတရမယ့်စာပေတွေကိုရေးသားဖို့တော့ တော်တော်ကိုခက်ခဲပါတယ်။ ဘဝရဲ့အတွေ့အကြုံကောင်းတွေကနေမှတဆင့်သာ ဗဟုသုတစာပေကောင်းတွေကိုရရှိနိုင်လိမ့်မယ်။
ဖြတ်သန်းမှုမရှိရင် ဘဝရဲ့အကြောင်းကိုနားမလည်တဲ့အတွက် အခက်အခဲဆိုတာလည်း သိမြင်ဖို့မလွယ်ဘူး။ ပိုက်ဆံကို လွယ်ရလို့လွယ်လွယ်သုံးစွဲနေသူထက် ကိုယ့်အားကိုယ်ကိုးပြီးပိုက်ဆံရှာဖွေသူကသာ ပိုက်ဆံရဲ့တန်ဖိုးကိုပိုပြီးသိနေသလိုမျိုးပေါ့။

ပိုက်ဆံအကြောင်း ကောင်းကောင်းကြီးနားလည်ပါတယ်ဆိုတဲ့ လူတစ်ယောက်ဟာ သူရဲ့နှုတ်ကနေ..
ငါ..ပိုက်ဆံအကြောင်းကောင်းကောင်းသိပါတယ်လို့ ထုတ်ပြောချင်မှပြောလိမ့်မယ်ထင်တယ်ဗျ။ ဘာလို့လည်းဆိုရင် အဲ့ဒီစကားဟာ သူတပါးကိုယ့်ကိုယုံကြည်လာအောင် သူတပါးကိုဆင်ခြေပေးတဲ့စကားလုံးမျိုးဖြစ်နေလို့ပါပဲ။
အခုခေတ် သူငယ်ချင်းတစ်ယောက်က ကိုယ့်ဆီမှာပိုက်ဆံလာချေးတယ်ပေါ့။ သူငယ်ချင်းနဲ့အတူပါလာတဲ့အခြားသူတစ်ဦးကလည်း ကိုယ်ယုံကြည်လောက်အောင် စကားတွေပြောပြီး ပိုက်ဆံထက်ချေးမယ်ပါ့။ လွယ်တော့မလွယ်ဘူးနော် ငြင်းဖို့ခက်လိမ့်မယ်။
သူ့ကျတော့ပိုက်ဆံချေးတယ် ငါ့ကျ နောက်တစ်နေ့ကျ ပြန်ပေးပါမယ်ဆိုတာတောင်မချေးဘူးဆိုပြီးအပြစ်တင်ခံရနိုင်တယ်။ ကျနော်တွေးမိတယ် သူအခုအချိန်အတွက် အမှန်တစ်ကယ်လိုနေတာလားဆိုတာမျိုးပေါ့။ နောက်တစ်ခုတွေးမိတာက ဒီနေ့ချေးတယ် မနက်ဖြန်ဆက်ဆက်လာပေးပါ့မယ်ဆိုတာကိုတွေးကြည့်တာပေါ့။ မနက်ဖြန်ပြန်ဆပ်နေမယ့်အတူတူ မနက်ဖြန်မှ အဲ့ဒီငွေကိုသုံးလိုက်ပေါ့လို့ပဲပြောချင်မိပါတယ်။ ကျနော်ကြုံဖူးတယ် ဆင်ခြေတွေများစွာပေးပိုက်ဆံချေးပြီး မနက်ဖြန်ပြန်ဆပ်မယ်ဆိုတဲ့ လူတစ်ယောက်.....
ယနေ့အထိ သူ့ဘက်ကဆင်ချေက နေ့ရွေံညရွေ့နဲ့ပေါ့။ လာချေးတုန်းကတော့ အသည်းအသန်နဲ့ ။ရလည်းရရော နောက်ပြန်လှည့်မကြည့်တော့ပါဘူး။
အဲ့လိုလူတွေများလာတော့ ကိုယ့်ရဲ့ရှိရင်းစွဲစေတနာလေးတွေဟာ ဝေဒနာအဖြစ်သို့ရောက်ခဲ့ရပါသေးတယ်။
အင်း ဒါလည်း ဘဝအကြောင်းလေးပါပဲဗျာ။
ဖတ်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
မဖတ်ရှုပဲVoteပေးသွားတဲ့သူတွေကိုလည်းကျေးဇူးပါဗျာလို့...😁😁

Writer koayezaw

JvFFVmatwWHRfvmtd53nmEJ94xpKydwmbSC5H5svBACH7xb8oJtiF3VzdfRNAqQyvhUUAjJa3ZhAq4UXGkKA5NGXrDSRfnNsRk22p2ydeYC2XbdywdwHCbCgEDUWj5njLLGE1jXYJa.jpeg

Write ရေးသည် | Ecency