ပျော်ချင်တာလား မော်ချင်တာလား

Words
103
Reading
1 min
8y
Listen to this post
~1 min

IMG_20180324_133451.jpg

ကလေးတစ်ယောက်ရဲ့ကမ္ဘာဟာ ဘယ်လောက်များပျော်စရာကောင်းလိုက်မလည်းနော်......
လွတ်လပ်ခြင်းတွေနဲ့လည်း ပြည့်နှက်လို့
ရှင်းသန့်ခြင်းတွေလည်း ပြည့်နှက်လို့ပေါ့။
ဘယ်အချိန်မှာ သူငိုကြွေးနေမလည်း....ဆိုတော့..
သူဆာလောင်ချိန်မှာပေါ့.....
သူရဲ့ဘဝအစမှာ.. သူ့ရဲ့အသိ သူရဲ့အထိအတွေ့က ဆာလောင်မှုနဲ့ ငိုကြွေးခြင်းပဲဖြစ်လိမ့်မယ်ထင်တယ်။
သူ့ရဲ့ဆာလောင်ခြင်းဟာ ဘယ်အတွက်ကြောင့်ဆာလောင်ရလည်းသူမသိဘူး အစားစားလိုက်ရရင်ကို ဆာလောင်မှုပျောက်သွားတယ်ဆိုတာကိုသိရှိသွားလို့ အစားစားမယ်ဆိုပြီး ငိုကြွေးရင်းတောင်းတနေတာလည်းဖြစ်နိုင်တယ်။
သို့ပေမယ့် သူ့ရဲ့ငိုကြွေးခြင်းမှာ ပူဆွေးမှုတွေမပါဝင်ခဲ့ပါဘူး။ ဝမ်းနည်းမှုမပါဘူးလို့တော့မဆိုလိုခြင်ပါဘူး။ ဘာလို့လည်းဆိုရင် ကလေးတစ်ယောက်ဟာ ဝမ်းနည်းလို့သာ ငိုကြွေးရခြင်းဖြစ်ရမယ်လေ။

ကျနော်အခုအချိန်မှာ

  • ကလေးတစ်ယောက်ပြန်ဖြစ်ချင်တယ်ဆိုတော့ရော ရမှာတဲ့လား။
  • ကလေးတစ်ယောက်လိုဖြူစင်ချင်ပါတယ်ဆိုပြီး ကလေးပြန်ဖြစ်ချင်လို့ရောရမလား။

အမှန်တစ်ကယ်မှာ ကျနော်တို့ဟာ ကလေးလေးတွေရဲ့ လွတ်လပ်ခြင်းပျော်ရွှင်ခြင်းကို အားကျမိလို့၊ သူတို့ ဖြူစင်ပွင့်လင်းမှုတွေကို မြတ်နိုးလို့ ကလေးလေးဘဝကို ပြန်လည်တောင့်တနေမိကြတာပဲမဟုတ်လား။

ကျနော်တို့တတွေဟာ ကလေးတစ်ယောက်တော့ပြန်မဖြစ်နိုင်ပေမယ့် ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှု ပျော်ရွှင်မှု ဖြူစင်သန့်ရှင်းမှုတွေကိုတော့ ဖန်တီးလို့ရပါတယ်။ အမှန်တစ်ကယ်မှာက ကျနော်တို့တတွေက လိုချင်တယ်ဆိုပြီး ရရှိအောင်မှ မဖန်တီးလိုကြတာ။ ဒီတော့ ကလေးဘဝကအရာတွေကို ဘယ်လိုရရှိကြရတော့မလည်းဗျာ။

silhouette-group-happy-children-22277557.jpg

Credit image link

သူငယ်ပြန်ရင် ကလေးလေးဖြစ်သတဲ့....
ဟုတ်ပြီလေ... ခင်ဗျားတို့ကျနော်တို့ အသက်ကြီးလို့ သူငယ်ပြန်တဲ့အချိန်အခါကြရင် ပျော်ရွှင်ရမယ်လို့ထင်မိကြသလား။

အဲ့ဒီလိုသာတွေးမိလိုက်ရင်တော့ ခင်ဗျားတို့ လုံးဝကိုမှားယွင်းသွားကြပေလိမ့်မယ်ဗျာ။ ယခုဘဝ ယခုအချိန်မှာသာ ကျနော်တို့ရဲ့ ဘဝတွေကို ပျော်ရွှင်နိုင်ဖို့ဖန်တီးလိုက်သင့်တယ်။ လှုပ်ရှားသွားလာနိုင်ချိန် အလုပ်အကိုင်တွေလုပ်ကိုင်နိုင်ချိန်မှာသာ ပျော်ရွှင်မှုတွေကိုရှာဖွေနိုင်လိမ့်မယ်။

  • သင်..ကလေးဘဝရဲ့ဖြူစင်မှုမျိုးကို လိုချင်ရင်
    သင်ကိုယ်တိုင်ဖြူစင်စွာသော စိတ်ကိုထားပါ။
  • သင်..ကလေးဘဝရဲ့ပျော်ရွှင်မှုမျိုးကိုလိုချင်ရင်
    သူတပါးအပေါ်မှာ မဟုတ်တာ ဘာတစ်ခုမှမလုပ်မိပါစေနဲ့.....

အခြားသူတွေ ပျော်ရွှင်နိုင်ပြီဆိုရင် သင်ပျော်ရွှင်နိုင်ဖို့အတွက်လည်း ဖြစ်လာနိုင်မယ်ဆိုတာ မလွဲပါဘူး။
အကြောင်းအကျိုး နဲ့ အကောင်းအဆိုးတို့ဆိုတာ မိမိတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာပဲ တိုက်ရိုက်အကျိုးသက်ရောက်နေစေပါတယ်ဆိုတာကိုပြောကြားရင်းဖြင့် Postလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျာ။

ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
koayezaw@koayezaw