လွမ်းမိတယ် ရွာလေးရယ်............

Words
133
Reading
1 min
8y
Listen to this post
~1 min

IMG_20180324_132739.jpg

ဪ... အချစ်အလွမ်းတွေကိုရေးရင် အချစ်အလွမ်းတွေကိုတွေးဆွေးတက်မှ ဖြစ်မှာပါလားဗျာ။ သို့ပေမယ့် မလွမ်းတက်ခဲ့တဲ့နှလုံးသားလေးကတော့ အလွမ်းဓာတ်တို့ စီးဝင်လှုပ်ရှားတက်ခဲ့ပြီထင်ပါတယ်ဗျာ။ လွမ်းတယ်ဆိုတာဘာလည်းလို့မေးရင် ဘယ်လိုဖြေရမလည်း..... အချစ်လို့ဖြေရမှာလား...။
မဖြစ်နိုင်သေးဘူးထင်ပါတယ်ဗျာ။ လွမ်းတယ်ဆိုတာ အချစ်တစ်ခုထဲကိုပဲ ဆိုလိုနေခြင်းမဟုတ်ပါဘူး။ နေရာဒေသဆိုတာတွေကိုလည်း လွမ်းမောစရာတွေအဖြစ်ပြောဆိုခဲ့ကြပါတယ်။ မိသားစုသူငယ်ချင်းတွေနဲ့ခွဲခွာရတဲ့အခါမှာလည်း လွမ်းနေတက်ကြတာပါပဲလေ။ ဒီတော့ အချစ်ဆိုတာတစ်ခုတည်းက အလွမ်းတွေကိုမဖြစ်စေနိုင်ပါဘူး။ ချစ်ခြင်းမေတ္တာမှာ 1500 နဲ့ 528ဆိုပြီးပြောဆိုနေကြတာတွေမှာ လွမ်းမောမှုတွေပါနေတာပေါ့။ တစ်ကယ်ဆိုရင် ကျနော် လွမ်းနေရတာကတော့ ကျနော် နေထိုင်ခဲ့ရာ ဒေသလေးတစ်ခုကိုပါ။ အချစ်မပါတဲ့အတွက်တော့ 2028နဲ့ မညိတော့ဘူးလို့တော့ထင်ပါတယ်။

တချိန်က အိပ်ယာဝင်ပုံပြင်နဲ့ ကျနော်တို့ကို အိပ်စက်စေဖို့ ပြောပြပေးရင်း ပျော်ရွှင်စွာနေထိုင်ခဲ့ကြတဲ့ မိသားစုလေးဟာ တောရွာရဲ့ ဓလေ့မှာ ပျော်ခဲ့ကြဖူးပါတယ်။ တောင်ယာအလုပ်မှာလည်းပျော်မွေ့ခဲ့ကြဖူးပါတယ်။ အစားအစာဆိုလည်း ဆန်ကြမ်းပေမယ့် အစားအစာကို စားလို့ကောင်းမှသာ စားကြတာမို့ ထမင်းမြိန် ဟင်းမြိန်ပါပဲ။ တောသူတောင်သားတွေမို့ အစားအသောက်လည်း ဂျေးမများပဲ ကိုယ့်ရဲ့စိုက်ပျိုးထားတဲ့အသီးအပင်တွေကနေ ရရှိတဲ့ အသီးအနှံတွေကိုပဲ ချက်ပြုတ်စားသောက်ကြတာပါ။ လယ်ယာမြေဆိုတာကတော့ နေပူပူထဲမှာအလုပ်လုပ်ကြရတာမို့ ပင်ပန်းတယ်လို့တော့ပြောလို့ရပါတယ်။ သို့ပေမယ့် ကျောပူခံမလား နားပူခံမလားဆိုပြီး မေးတက်တဲ့လူကြီးသူမတွေရဲ့စကားကိုလည်း ပြန်လည်ကြားယောင်မိနေပြန်ပါသေးတယ်။ မြို့ကြီးပေါ်ရောက်ရှိလာတဲ့အခါ ကားတွေက တဝီဝီ စက်တွေက တဂျီဂျီနဲ့နားကိုဆူနေတော့တာပါ။နားပူတာကတော့ ဘေးကနေ စကားတွေမရပ်မနားပြောတက်တဲ့သူတွေကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့် ကျနော် တောရဲ့ဓလေ့ကို မွေ့ပျော်တာပါ။ တောရွာဟာ အေးချမ်းပါတယ်။တိတ်ဆိတ်ညိမ်သက်လို့နေပါတယ်။ တစ်ခုတော့ရှိတာပေါ့ ၊ တောရွာမှာနေရင်တော့ အရာရာမှာတိုးတက်လာနိုင်ဖို့ရာမဖြစ်နိုင်ပါဘူး။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် အဲ့ဒီလိုသွားနေရင်းကပဲ အိုမင်းလာကြရမှာပေါ့။ သိုပေမယ့် စိတ်ချမ်းသာစွာနေကြရတဲ့အတွက် ဘုရားတရားကို ရိုသေကိုင်းရှိုင်းသူတွေအတွက်တော့ အလွန်ကိုကောင်းမွန်ပါတယ်။
ညအိပ်ယာဝင်ကာနီးအချိန်မှာ ဘုရားရှိခိုးတက်ကြတဲ့ ကျနော်တို့အိမ်လေးရဲ့အလေ့အကျင့်ကိုလည်း ကျနော်မမေ့သေးပါဘူး။ ညဘက်အချိန်ဆို မိသားစုတွေကို လူစုံသည်အထိစောင့်ဆိုင်းနေပြီးမှ ဘုရားဆီမီး၊အမွှေးတိုင်တိုင်တို့ကို ထွန်းညှိလို့ ဘုရားရှင်ရဲ့ ရှေ့တော်မှောက် ပုဆစ်တုပ်ထိုင်ကာ ညီညာစွာရှိခိုးကြတာပါ။ အဲ့ဒီလိုရှိခိုးရတဲ့အတွက် အကျိုးကျေးဇူးကို ကျနော်တို့ရရှိခဲ့ရသလို မိသားစုတွေရဲ့ ပျော်ရွှင်စရာ ဘဝအစိတ်အပိုင်းလေးတစ်ခုကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ ဘုရားရှိခိုးအပြီး အိပ်ရာဝင်ခါနီး မေ့မေ့ရဲ့ အိပ်ရာဝင်ပုံပြင်လေးတွေဟာဖြင့် ကျနော်တို့ဘဝအတွက်...ဥပမာလေးတွေကိုဖြစ်စေခဲ့မယ်လို့..ကျနော်ထင်မှက်မထားခဲ့တာအမှန်ပါ။ အဲ့ဒီအချိန်က ပုံပြင်လေးတွေဟာ ကျနော်တို့တတွေကို ဘဝကောင်းတွေကိုဖန်တီးနိုင်ဖို့ဆိုတာမသိနိုင်ခဲ့ကြပေမယ့် ကျနော်တို့ မောင်နှမတတွေကို အိပ်စက်လို့ကောင်းစေခဲ့တာကတော့ အသေအချာပါပဲဗျာ။

လွမ်းမိတယ် ရွာလေးရယ်............

IMG_20180324_132632.jpg

ဖတ်ရှုပေးတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

koayezaw@koayezaw

လွမ်းမိတယ် ရွာလေးရယ်............ | Ecency